Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNU ပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း စစ်အုပ်စု ၂၀ခန့် သေ၊ လက်နက်များရရှိဟု ကော်ဘရာ အသိပေး

ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့သည် မြ၀တီမြို့နယ်နှင့် ဆက်စပ်ဒေသများကို မတ်လ ၂၅ရက်ကပြီး စစ်ဆင်ရေးဆောင်ရွက်လျက်ရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု၊ အရှင်ဖမ်းဆီးခံရမှုများခဲ့ပြီး တော်လှန်ရေးရဲဘော်အချို့လည်း ကျဆုံးထိခိုက်ရှိခဲ့သည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် BGFစခန်းကုန်းအား မီးရှို့ဖျက်ဆီးထားစဥ်။ ဓာတ်ပုံ - Cobra Column တပ်ခွဲ - ၄)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် BGFစခန်းကုန်းအား မီးရှို့ဖျက်ဆီးထားစဥ်။ ဓာတ်ပုံ - Cobra Column တပ်ခွဲ - ၄)

BGF စခန်းတစ်ခုကို သိမ်းပိုက်၊ တော်လှန်ရေးရဲဘော်လေးဦး ကျဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU)ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များ သုံးရက်အတွင်း ၂၀ခန့် သေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားမှုနေရာကို ဖော်ပြမထားသော်လည်း ဧပြီ ၁၀ရက်မှ ၁၃ရက်အတွင်း စစ်ရေးအခြေအနေကို အသိပေးထားခြင်းဖြစ်သည်။ ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့သည် မြ၀တီနယ်တွင် မတ်လ ၂၅ရက်မှစတင်၍ စစ်ဆင်ရေးလုပ်ဆောင်နေခြင်း ဖြစ်သည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် BGFစခန်းကုန်းအား မီးရှို့ဖျက်ဆီးထားစဥ်။ ဓာတ်ပုံ - Cobra Column တပ်ခွဲ - ၄)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် BGFစခန်းကုန်းအား မီးရှို့ဖျက်ဆီးထားစဥ်။ ဓာတ်ပုံ – Cobra Column တပ်ခွဲ – ၄)

ဧပြီ ၁၀ရက်တွင် ရန်သူ့ဘက်က လက်နက်ကြီးပစ်ခတ်ခြင်းမှအပ ထိတွေ့မှု ဖြစ်စဉ်မရှိကြောင်း၊ ဧပြီ ၁၁ရက်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်အသုံးပြုပြီး လေကြောင်း ပစ်ကူရယူ စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ခဲ့ရာ ရန်သူ့ဘက်က ၆ ဦးသေဆုံးပြီး ၁၂ဦးဒဏ်ရာရခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ လေးဦးကျဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ (ဧပြီ ၁၂ရက်)တွင် ပူးပေါင်းတပ်ဖွဲ့က BGF စခန်းကုန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ရာ ရန်သူ့ဘက်က ၁၀ဦး သေဆုံးပြီးအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။ ယင်းစခန်းသိမ်းတိုက်ပွဲ၌ လက်နက် (၁၁)လက်နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် BGFစခန်းကုန်းအား မီးရှို့ဖျက်ဆီးထားစဥ်။ ဓာတ်ပုံ - Cobra Column တပ်ခွဲ - ၄)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် BGFစခန်းကုန်းအား မီးရှို့ဖျက်ဆီးထားစဥ်။ ဓာတ်ပုံ – Cobra Column တပ်ခွဲ – ၄)

ယနေ့တွင်လည်း ကျောက်မိုင်း BGFစခန်းကုန်းအား စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့သည် မြ၀တီမြို့နယ်နှင့် ဆက်စပ်ဒေသများကို မတ်လ ၂၅ရက်ကပြီး စစ်ဆင်ရေးဆောင်ရွက်လျက်ရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု၊ အရှင်ဖမ်းဆီးခံရမှုများခဲ့ပြီး တော်လှန်ရေးရဲဘော်အချို့လည်း ကျဆုံးထိခိုက်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်လ ၁၅ ရက်ကလည်း တနင်္သာရီမြို့နယ်ရှိ အောင်သာဝစစ်ကောင်စီတပ်စခန်းကို KNLA၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။

သတင်း

ဒေသခံများသည်၀က်ဝံအားအရှင်ဖမ်းမိရန်(သို့မဟုတ်)သစ်တောဝန်ထမ်းအကူအညီဖြင့် မေ့ဆေးသေနတ်အသုံးပြုပစ်ခတ်ဖမ်းဆီးရန် ကြိုးစားမှုမရှိခဲ့ဘဲ အသေဖမ်းဆီးရန်သာရည်ရွယ်ခဲ့သည်ဟု မြို့ခံကပြောသည်။

သတင်း

စဉ့်ကူးမြို့သည် ဧရာဝတီမြစ်ဘေးရှိ မြို့ဖြစ်ပြီး စစ်ကောင်စီသည် ထုံးကြီးရွာအပါအဝင်မြစ် အရှေ့ပိုင်းကျေးရွာအချို့၌ တပ်စွဲထားသည်။

သတင်း

မုံရွာ - မန္တလေးလမ်းပိုင်း ခရီးသွားယာဥ်များအနေဖြင့် စစ်ကောင်စီယာဥ်များနှင့် အနီးကပ်လိုက်ပါမောင်းနှင်ခြင်းများ လုံးဝမပြုလုပ်ရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။