Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကူတိုက်ပွဲအထိနာသည့် စစ်ကောင်စီတပ်က ကျေးရွာ ၁၂ရွာမှ ပြည်သူလူထုနေအိမ် တစ်ထောင်ခန့် မီးရှို့ဖျက်ဆီး

အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကိုင်း၊မကွေး၊ ကချင်၊ ကရင်၊ ချင်းအပါအဝင် နိုင်ငံတဝန်း၌ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ အိမ်ခြေ ၆သောင်းကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူလူထုများအား ဖမ်းဆီး၊ သတ်ဖြတ်ခြင်း ၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်း စသည့် ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့သည်။

(အကြမ်းဖက်စစ်ကောင်စီတပ်က ရွှေကူနယ်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေကူ PDF)
(အကြမ်းဖက်စစ်ကောင်စီတပ်က ရွှေကူနယ်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေကူ PDF)

ကချင်ပြည်နယ် ရွှေကူမြို့နယ်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၂ရွာမှ ပြည်သူလူထုနေအိမ် တစ်ထောင်ခန့်ကို မီးရှို့ဖျက်ဆီးသွားကြောင်းရွှေကူ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၈၈) လက်အောက်ခံတပ်များက ရွှေကူမြို့နယ်ရှိ ကျေးရွာ ၁၂ရွာကို ၁၉ရက်ကြာ စစ်ကြောင်းထိုးအပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများကြောင့် မီးလောင်ပျက်စီးခဲ့သော အိမ်ခြေစာရင်းနှင့် မီးလောင်ပျက်စီးခဲ့သည့် ပြည်သူလူထုနေအိမ် များ မှတ်တမ်းဓာတ်ပုံကို ရွှေကူ PDFက ထုတ်ပြန်ခဲ့သည်။

“အခုကာလမှာတော့ စစ်ကြောင်းကမရှိတော့ဘူး။ မြို့ထဲကို ပြန်ဆုတ်သွားပြီ”ဟု ရွှေကူ PDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဧပြီ၁၀ရက်ကတည်းက စစ်ကောင်စီတပ် စစ်ကြောင်း ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း၊ ယနေ့မှ သတင်းထုတ်ပြန်ခြင်းမှာ မီးလောင်ပျက် စီးမှု အတည်ပြုစစ်ဆေးခြင်း၊ ကွင်းဆင်းနယ်မြေရှင်းလင်းခြင်း၊ မိုင်းရှင်းခြင်းများ လုပ်ဆောင်နေရ၍ဖြစ်သည်ဟု ရှင်းပြသည်။

Public Service Announcement

Public Service Announcement

“ဒါက သူတို့လည်း အထိနာတယ်။ ပြီးတော့ နဂိုရ်ကတည်းကလည်း သူတို့ဒီရွာတွေကို မီးရှို့ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိခဲ့ပုံရတယ်။ ဒါကြောင့်မို့လို့ ဘာမှ မဖြစ်တဲ့ရွာတွေတောင်မှ မလိုအပ်ဘဲနဲ့ ဝင်ပြီးတော့ အပြန်လမ်းမှာ လမ်းကြုံဝင်ရှို့သွားတဲ့ရွာတွေတောင်ရှိတယ်။”ဟု ရွှေကူ PDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါဒေသကို စစ်ကောင်စီတပ်က မတ်လ ၂၀ရက်နောက်ပိုင်းတွင် ဝင်ရောက်စစ်ကြောင်းထိုးလာရာ ဒေသခံ PDFများနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့သည်။တိုက်ပွဲ၌ စစ်ကောင်စီတပ်က စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်များခဲ့၍ လေကြောင်း ပစ်ကူဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ရပြီး ၁၉ရက်အကြာတွင် မြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်သည်။

(အကြမ်းဖက်စစ်ကောင်စီတပ်က ရွှေကူနယ်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေကူ PDF)
(အကြမ်းဖက်စစ်ကောင်စီတပ်က ရွှေကူနယ်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – ရွှေကူ PDF)

စစ်ကောင်စီတပ်မှ မီးဖျက်ဆီးသွားသော ပြည်သူလူထုနေအိမ်စာရင်းကို ရွှေကူ PDFက ထုတ်ပြန်ခဲ့ရာ မံဝိန်းရွာမှ အိမ်ခြေ ၁၂၉လုံး၊ စီသာရွာမှ ၁၀၀ လုံး၊ မံနားရွာမှ ၄၇လုံး၊ တုံးကောက်ရွာမှ ၄၁ လုံး၊ စီသောင်ရွာမှ ၂၁၁လုံး၊ မံခါးရွာမှ ၃၅လုံး၊ စီမော်ရွာမှ ၁၁၁လုံး၊ ဟိန်ကောင်ရွာမှ ၂၇လုံး၊ စီမူကြီးရွာမှ ၂၈လုံး၊ စီမူလေးရွာမှ ၆၀လုံး၊ နတ်လန်ရွာမှ ၁၃၀လုံး၊ နောင်လက်ကြီးရွာမှ ၃၇လုံး တို့ဖြစ်ပြီး စုစုပေါင်း ပြည်သူလူထုနေအိမ် ၉၅၅လုံး ပျက်စီးခဲ့ရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကိုင်း၊မကွေး၊ ကချင်၊ ကရင်၊ ချင်းအပါအဝင် နိုင်ငံတဝန်း၌ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ အိမ်ခြေ ၆သောင်းကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူလူထုများအား ဖမ်းဆီး၊ သတ်ဖြတ်ခြင်း ၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်း စသည့် ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။