Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အမှတ်(၅၆၁)တပ်ရင်းမှစစ်သားတစ်ဦးလက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံ့

လက်နက်နှင့်အတူ CDMဝင်ရောက်လာခြင်းကြောင့်တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ၎င်းကို ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၃၀ ပေးအပ်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

(လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံ့လာ​သောစစ်သားတစ်ဦး။ ။ဓါတ်ပုံ-တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့)
(လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံ့လာ​သောစစ်သားတစ်ဦး။ ။ဓါတ်ပုံ-တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့)

တနင်္သာရီမြို့နယ်၊ (၅၆၁)တပ်ရင်းမှ တပ်သားတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယ​နေ့သတင်းထုတ်ပြန်သည်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအနီးရှိ အမှတ် (၅၆၁) တပ်ရင်းမှဖြစ်ပြီး ဧပြီ ၁၄ ရက်တွင် တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လက်နက်ချအလင်းဝင်လာခြင်းဖြစ်​ကြောင်း​ဖော်ပြထားသည်။

၎င်းနှင့်အတူ MA-3 မောင်းပြန်တစ်လက်၊ ကျည် ၂၀၀ ၊ လက်ပစ်ဗုံးတစ်လုံးနှင့် စစ်အသုံးဆောင်ပစ္စည်းများပါဝင်သည်ဟုသိရသည်။

လက်နက်နှင့်အတူ CDMဝင်ရောက်လာခြင်းကြောင့်တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ၎င်းကို ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၃၀ ပေးအပ်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

၎င်းကို လွတ်မြောက်ရာဒေသတစ်ခုသို့ ပို့ဆောင်ထားပြီးဖြစ်ပြည်သူ့ရင်ခွင်ခိုလှုံလာမည့်CDMတပ်သားများကို နွေးထွေးစွာကြိုဆိုစောင့်ရှောင့်ပေးသွားမည်ဟုလည်း တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ကအသိ​ပေးထားသည်။

အာဏာသိမ်းစစ်အုပ်စုတွင် တာဝန်မထမ်း​ဆောင်လို​တော့သဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံ့လာ​သော စစ်သားနှင့် ရဲ မှာယခုနှစ်ဆန်းပိုင်းအထိ့ ၁၃၀၀၀ ​ကျော်ရှိပြီဖြစ်​ကြောင်း NUGကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

သင်္ဃန်းညီနောင် အပါအဝင် မြ၀တီရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရရိရေး ရည်မှန်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့်လည်း စစ်ကောင်စီတပ် တိုက်လေယာဉ် တစ်စီးကို ယခုနှစ် ဇန်နဝါရီ လလယ်တွင် ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲ၌ ပစ်ချခဲ့ပြီး လေယာဉ် အပျက်အစီးကိုလည်း ပြသခဲ့သည်။

သတင်း

AA က ရခိုင်ပြည်နယ် တွင် ​မြောက်ဦး ၊မင်းပြား၊​ကျောက်တော် ၊ ​ပေါက်​တော ၊ ​မြေပုံ စ​သောမြို့များကို သိမ်းပိုက်ထားပြီး ရ​သေ့​တောင် ၊​မောင်​တော ၊ မအိ ၊ ​ကျောက်ဖြူ ၊ရမ်းဗြဲ စ​သောမြို့များကို ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။