Connect with us

Hi, what are you looking for?

သတင်း

အမှတ်(၅၆၁)တပ်ရင်းမှစစ်သားတစ်ဦးလက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံ့

လက်နက်နှင့်အတူ CDMဝင်ရောက်လာခြင်းကြောင့်တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ၎င်းကို ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၃၀ ပေးအပ်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

(လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံ့လာ​သောစစ်သားတစ်ဦး။ ။ဓါတ်ပုံ-တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့)
(လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံ့လာ​သောစစ်သားတစ်ဦး။ ။ဓါတ်ပုံ-တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့)

တနင်္သာရီမြို့နယ်၊ (၅၆၁)တပ်ရင်းမှ တပ်သားတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယ​နေ့သတင်းထုတ်ပြန်သည်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအနီးရှိ အမှတ် (၅၆၁) တပ်ရင်းမှဖြစ်ပြီး ဧပြီ ၁၄ ရက်တွင် တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လက်နက်ချအလင်းဝင်လာခြင်းဖြစ်​ကြောင်း​ဖော်ပြထားသည်။

၎င်းနှင့်အတူ MA-3 မောင်းပြန်တစ်လက်၊ ကျည် ၂၀၀ ၊ လက်ပစ်ဗုံးတစ်လုံးနှင့် စစ်အသုံးဆောင်ပစ္စည်းများပါဝင်သည်ဟုသိရသည်။

လက်နက်နှင့်အတူ CDMဝင်ရောက်လာခြင်းကြောင့်တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ၎င်းကို ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၃၀ ပေးအပ်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

၎င်းကို လွတ်မြောက်ရာဒေသတစ်ခုသို့ ပို့ဆောင်ထားပြီးဖြစ်ပြည်သူ့ရင်ခွင်ခိုလှုံလာမည့်CDMတပ်သားများကို နွေးထွေးစွာကြိုဆိုစောင့်ရှောင့်ပေးသွားမည်ဟုလည်း တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ကအသိ​ပေးထားသည်။

အာဏာသိမ်းစစ်အုပ်စုတွင် တာဝန်မထမ်း​ဆောင်လို​တော့သဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံ့လာ​သော စစ်သားနှင့် ရဲ မှာယခုနှစ်ဆန်းပိုင်းအထိ့ ၁၃၀၀၀ ​ကျော်ရှိပြီဖြစ်​ကြောင်း NUGကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ကျူးလွန်သူက ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ခဲ့ပြီးနောက်ပိုင်း စိတ်ကစဉ့်ကလျားဖြစ်နေသူဟု သတင်းထွက်

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၁ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်နြပ်ပါတယ်။