Connect with us

Hi, what are you looking for?

သတင်း

မြဝတီရှိ မဲကနယ်ရွာတွင် စစ်တပ်နှင့်ထိတွေ့တိုက်ခိုက်မှုဖြစ်ပြီး လက်နက်များ သိမ်းဆည်းရမိ

ယနေ့ ဧပြီလ(၁၈)က် နံနက်က မဲကနယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ကေအဲန်ယူ ယူနီဖောင်းများဖြင့် ဝတ်ဆင်အယောင်ဆောင်ပြီး စစ်ကြောင်းထိုးတက်လာခဲ့ရာ ကော်ဘရာစစ်ကြောင်း(၂) VENOM PDF စစ်ကြောင်း ပူးပေါင်းအဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြဝတီရှိ မဲကနယ်ရွာတွင် စစ်တပ်နှင့်ထိတွေ့တိုက်ခိုက်မှုဖြစ်ပြီး လက်နက်များ သိမ်းဆည်းရမိ
မြဝတီရှိ မဲကနယ်ရွာတွင် စစ်တပ်နှင့်ထိတွေ့တိုက်ခိုက်မှုဖြစ်ပြီး လက်နက်များ သိမ်းဆည်းရမိ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မဲကနယ်ကျေးရွာမှာ ယနေ့ ဧပြီလ(၁၈)ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့မှုဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရခဲ့သည်ဟု VENOM PDF စစ်ကြောင်းမှ သတင်းထုတ်ပြန်သည်။

ယနေ့ ဧပြီလ(၁၈)က် နံနက်က မဲကနယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ကေအဲန်ယူ ယူနီဖောင်းများဖြင့် ဝတ်ဆင်အယောင်ဆောင်ပြီး စစ်ကြောင်းထိုးတက်လာခဲ့ရာ ကော်ဘရာစစ်ကြောင်း(၂) VENOM PDF စစ်ကြောင်း ပူးပေါင်းအဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

” သူတို့(စစ်ကောင်စီ)ဘက်ကနေပြီးတော့မှ KNU ဝတ်စုံတွေနဲ့ ပုံမှားရိုက်ပြီး ထိုးတက်လာတယ်။ တိုက်ပွဲကတော့ အခုချိန်ထိ ဖြစ်နေဆဲပေ့ါ” ဟု VENOM PDF စစ်ကြောင်း၏ ပြန်ကြားရေတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

ထိတွေ့မှုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ (၂)ဦးသေဆုံးခဲ့ပြီး လက်နက်(၂)လက်ကို သိမ်းဆည်းရခဲ့ကြောင်း VENOM PDF စစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေအတွင်းရှိ မဲကနယ်ကျေးရွာတွင် ပြီးခဲ့သည့် မတ်လကုန်ပိုင်း၌ KNLA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် နယ်ခြားစောင့်တပ်(BGF)တို့အကြား ထိတွေ့တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာထဲကို လက်နက်ကြီးနှင့် လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူနေအိမ်များ၊ ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရသည်။

VENOM PDF စစ်ကြောင်းတစ်ကြောင်းလုံးသည် ပြီးခဲ့သည့် ဧပြီလ(၆)ရက်နေ့တွင် ဗိုလ်ဒါဘောဦးဆောင်သော ကော်ဘရာစစ်ကြောင်းထံ၌ လာရောက်ပူးပေါင်းခဲ့ပြီး ကော်ဘရာစစ်ကြောင်းကို စစ်ကြောင်း(၁)နှင့်စစ်ကြောင်း(၂) ဟူ၍ ပြန်လည်ဖွဲ့စည်းခဲ့ကာ စစ်ကြောင်း(၂)စစ်ကြောင်းမှူးအဖြစ် VENOM PDF စစ်ကြောင်းမှ ဗိုလ်စောဝင်းမြင့်က တာဝန်ယူဆောင်ရွက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။