Connect with us

Hi, what are you looking for?

သတင်း

သန်လျင်မြို့တွင် စစ်ကောင်စီတပ် အရာရှိနှစ်ဦးအပါအဝင်သုံးဦး ပစ်သတ်ခံရဟုဆို

ယနေ့(ဧပြီ ၁၈ရက်) နံနက် ၁၁နာရီခွဲခန့်က ထန်းပင်ကုန်းရပ်ကွက်ရှိ အမှတ်(၃)ကျောင်းအနီးတွင် အထက်ပါ ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

(သန်လျင်မြို့အတွင်း စစ်ကောင်စီလက်ပါးစေများက ပိတ်ဆို့စစ်ဆေးနေစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်။ ဓာတ်ပုံ - CJ)
(သန်လျင်မြို့အတွင်း စစ်ကောင်စီလက်ပါးစေများက ပိတ်ဆို့စစ်ဆေးနေစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်။ ဓာတ်ပုံ - CJ)

ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် စစ်ကောင်စီတပ်မှ အရာရှိနှစ်ဦးဆိုသူ အပါအဝင်သုံးဦး ပစ်သတ်ခံရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဧပြီ ၁၈ရက်) နံနက် ၁၁နာရီခွဲခန့်က ထန်းပင်ကုန်းရပ်ကွက်ရှိ အမှတ်(၃)ကျောင်းအနီးတွင် အထက်ပါ ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“လေတပ်က အရာရှိတွေလို့ ပြောတယ်။သေချာအသေးစိတ်တော့ မသိရသေးဘူး။အခုမြို့အဝင်အထွက်တွေကို ပိတ်စစ်နေတယ်”ဟု သန်လျင်မြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်မှ အရာရှိနှစ်ဦးမှာ နေရာတွင်ပွဲချင်းပြီးသေဆုံးသွားပြီး ၎င်းတို့နှင့်အတူပါ လာသူတစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ယခုဖြစ်စဥ်တွင် သေဆုံးသူများနှင့်မည်သည့်အဖွဲ့က ဆောင်ရွက်ခဲ့သည်ကို လူထုနွေဦးအနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

လက်ရှိအခြေအနေကြောင့် သန်လျင်မြို့အတွင်း၌ တံဆိပ်ကပ်ဖမ်းဆီးခြင်းများ ရှိလာနိုင်သဖြင့် ပြည်သူများ သတိပြုရှောင်ရှားသွားလာရန်လည်း ဒေသခံများက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။