Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ကဖားကန့်တွင်ပြည်သူများကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးပြီးစစ်​ကြောင်းထိုး

ဒေသတွင်းသတင်းဌာနအချို့က လူသားဒိုင်းအဖြစ်ဖမ်းဆီးခံ​သောပြည်သူမှာ ၅၀ ​မှ ၇၀ အတွင်းရှိ​ကြောင်း​ဖော်ပြသည်။ဖမ်းဆီးခံရသူအများသုမှာ အမျိုးသမီးများဖြစ်​ပြီး၊ စစ်​ကောင်စီတပ်မှာ အင်အား ၃၀ ​ကျော်ပါဝင်​ကြောင်းသိရသည်။

(စစ်​ကောင်စီတပ်က ဆိုင်းဖာရာရွာမှ ပြည်သူများကိုလူသားဒိုင်းအဖြစ်အသုံးပြုဖမ်းဆီး​ခေါ်​ဆောင်လာခဲ့​သော ၁၂ ဘီးကုန်တင်ကားနှင့် ဖမ်းဆီးခံရာရမှတိုက်ပွဲဖြစ်သဖြင့် လွတ်​မြောက်လာပြီးနေရပ်ပြန်ရန်ပြင်ဆင်​နေ​သောပြည်သူများ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ဆိုင်းဖာရာရွာမှ ပြည်သူများကိုလူသားဒိုင်းအဖြစ်အသုံးပြုဖမ်းဆီး​ခေါ်​ဆောင်လာခဲ့​သော ၁၂ ဘီးကုန်တင်ကားနှင့် ဖမ်းဆီးခံရာရမှတိုက်ပွဲဖြစ်သဖြင့် လွတ်​မြောက်လာပြီးနေရပ်ပြန်ရန်ပြင်ဆင်​နေ​သောပြည်သူများ ။ဓါတ်ပုံ-CJ)

▪︎ပြည်သူများကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးလာစဥ် တိုက်ပွဲဖြစ်ပြီး ပြည်သူအချို့ ​သေဆုံးဒဏ်ရာရ

ကချင်းပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်​ကောင်စီတပ်က ပြည်သူများကိုဖမ်းဆီး၍ လူသားဒိုင်းအဖြစ် အသုံးပြု​နေ​ကြောင်း​ဒေသခံများက​ပြောသည်။

စစ်ကောင်စီတပ်သည် ဧပြီ ၁၇ရက်က ဖားကန့်မြို့နယ်၊ ဆိုင်းဖရာရွာကို ဝင်ရောက်စီးနင်းကာ ဒေသခံပြည်သူများကို ဖမ်းဆီးခဲ့သည်။ သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် မသန်စွမ်းသူအချို့အပါအဝင် အရပ်သားများစွာကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်လာကာ KIA လှုပ်ရှားနယ်မြေ တံတားညီနောင်( ဖားကန့်မြို့နယ်၊နမ့်ယမ်းနှင့် လုံးခင်းကြား) ကို ယနေ့ (ဧပြီလ ၁၈ရက်) နံနက်တွင် စစ်ကြောင်းထိုးလာခဲ့ခြင်းဟု ​ဒေသခံများက​ပြောသည်။ ​

“ဆိုင်းဖရာရွာကို KIA ရွာဆိုပြီး အကုန်ဖမ်းခေါ်လာတာ။ထွက်ပြေးတဲ့သူတချို့ပဲ လွတ်တယ်။ပြီးတော့ အရပ်သားတွေကို ရှေ့မှာထားပြီး တိုက်ပွဲဖော်တယ်။ ဒါက ကန့်ဘလူ၊ပဇီကြီးရွာလို အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ကြိုးစားတာပဲ”ဟုဒေသခံတစ်ဦးကပြောသည်။

(စစ်​ကောင်စီတပ်က ဆိုင်းဖာရာရွာမှ ပြည်သူများကိုလူသားဒိုင်းအဖြစ်အသုံးပြုဖမ်းဆီး​ခေါ်​ဆောင်လာခဲ့​သော ၁၂ ဘီးကုန်တင်ကားနှင့် ဖမ်းဆီးခံရာရမှတိုက်ပွဲဖြစ်သဖြင့် လွတ်​မြောက်လာပြီးနေရပ်ပြန်ရန်ပြင်ဆင်​နေ​သောပြည်သူများ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ဆိုင်းဖာရာရွာမှ ပြည်သူများကိုလူသားဒိုင်းအဖြစ်အသုံးပြုဖမ်းဆီး​ခေါ်​ဆောင်လာခဲ့​သော ၁၂ ဘီးကုန်တင်ကားနှင့် ဖမ်းဆီးခံရာရမှတိုက်ပွဲဖြစ်သဖြင့် လွတ်​မြောက်လာပြီးနေရပ်ပြန်ရန်ပြင်ဆင်​နေ​သောပြည်သူများ ။ဓါတ်ပုံ-CJ)

​ဒေသတွင်းသတင်းဌာနအချို့က လူသားဒိုင်းအဖြစ်ဖမ်းဆီးခံ​သောပြည်သူမှာ ၅၀ ​မှ ၇၀ အတွင်းရှိ​ကြောင်း​ဖော်ပြသည်။ဖမ်းဆီးခံရသူအများသုမှာ အမျိုးသမီးများဖြစ်​ပြီး၊ စစ်​ကောင်စီတပ်မှာ အင်အား ၃၀ ​ကျော်ပါဝင်​ကြောင်းသိရသည်။ဆိုင်းဖရာရွာမှ ပြည်သူများကို လူသားဒိုင်းအဖြစ် ၁၂ ဘီးကုန်တင်ကားအကြီး​ပေါ်တွင် တင်၍ ဖမ်း​ခေါ်လာပြီး စစ်​ကောင်စီတပ်သားအချို့ကပြည်သူများကြားမှ လိုက်သလို၊အချို့က ကားအငယ်ဖြင် ဖားကန့်ဘက် ထွက်လာရာ ဆိုင်းဖရာကျေးရွာအကျော် ဂတ်နွယ်(ပျားအုံ)ရွာထိပ်ပိုင်းအရောက်တွင် KIA က စစ်​ကောင်စီတပ်ကားဟုထင်၍ မိုင်းခွဲတိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားခဲ့​ကြောင်း​ဒေသခံအချို့က ​ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူများကို လူသားဒိုင်းအဖြစ်ဖမ်းဆီး​ခေါ်လာ​​​သောကားမိုင်းခွဲတိုက်ခိုက်ခံရသဖြင့် ပြည်သူ ၁ ဦး ​သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိ​ကြောင်း​ဒေသခံအချို့ကသည်။ ဒဏ်ရာရရှိသူတစ်ဦးမှာပြင်းထန်​ကြောင်းလည်းသိရသည်။ ​သေဆုံးခဲ့​သောပြည်သူမှာ အမျိုးသမီးဖြစ်ပြီး ဒဏ်ရာရသူ ၆ ဦးတွင် ၄ ဦးမှာအမျိုးသမီးများဖြစ်​ကြောင်း သတင်းဓါတ်ပုံများတွင်​တွေ့ရသည်။

ထို့အပြင်အဆိုပါတိုက်ပွဲတွင်စစ်​ကောင်စီတပ်က ၄ ဦး​သေဆုံးပြီး အရာရှိတစ်ဦးအပါအဝင် ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့​ကြောင်း​ဒေသတွင်းမီဒီယာအချို့က​ဖော်ပြသည်။စစ်​ကောင်စီတပ် ​သေဆုံး၊ထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ ။

“အရပ်သားတွေ ခေါ်လာပြီး စစ်ကြောင်းထိုးတယ်ဗျာ။အဲ့လိုလုပ်လာတော့ တိုက်ပွဲဖြစ်တယ်။ အရပ်သား‌‌တွေ ထိတယ်လို့ ကြားတယ်” ဟု ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးကလည်း People’s Spring သို့ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး​နောက် ပြည်သူများကိုဖမ်း​ခေါ်လာ​သောကားမှာ ပျက်၍ ကျန်ခဲ့ပြီး ကား​ပေါ်မှ ဒဏ်ရာရပြည်သူများကို ​ဆေးဝါးကုသရန်နှင့် ကျန်ပြည်သူများ အိမ်သို့ပြန်နိုင်ရန်KIA ကစီစဥ်​ပို့​ဆောင်ပေးခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။ ဖားကန့်တွင် ကျန်​​ကျေးရွာအချို့တွင်လည်းစစ်တပ်က အထက်ပါဖြစ်ရပ်အလားတူ ပြည်သူများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးမှုရှိ​နေ​ကြောင်း​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။