Connect with us

Hi, what are you looking for?

သတင်း

မဲကနယ်ဒေသတိုက်ပွဲ နှစ်ရက်အတွင်း စစ်ကောင်စီတပ် ၂၀ဦးကျော်သေ

ကော်ဘရာ စစ်ကြောင်း၏ ထုတ်ပြန်ချက်အရ တိုက်ပွဲ နှစ်ရက်အတွင်း စစ်ကောင်စီတပ်က ၂၄ဦး သေဆုံးပြီး ၂၃ဦး ဒဏ်ရာရခဲ့ပြီး လက်နက်ကြီး လက်နက်ငယ် ၈လက် ၊ ကျည်၊ ခဲယမ်းများ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။

(မဲကနယ်ဒေသတိုက်ပွဲ ရက်အတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cobra Column)
(မဲကနယ်ဒေသတိုက်ပွဲ ရက်အတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cobra Column)

▪︎လက်နက်ခဲယမ်းများသိမ်းဆည်းရရှိဟုကော်ဘရာအသိပေး၊ တော်လှန်ရေးရဲဘော် နှစ်ဦးကျဆုံးပြီး ခုနစ်ဦးဒဏ်ရာရ

ကရင်ပြည်နယ် မြ၀တီမြို့နယ် မဲကနယ်ဒေသတိုက်ပွဲ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ဦး သေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။

တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီစသည်တို့ ပါဝင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ (၂၇၅)၊ ခမရ (၃၅၅)၊ ခလရ(၁၀၂)၊ မ(၂)၊ ခလရ(၂၀၇)၊ BGF(၁၀၁၉)တပ်ရင်း များအား ရင်ဆိုင်တိုက်ပွဲ ဆက်လက်ဖော်ဆောင်လျက်ရှိကြောင်း အသိပေးခဲ့ပြီး ဧပြီ ၁၈ရက်နှင့် ၁၉ရက် တိုက်ပွဲ အခြေအနေများကို ဖော်ပြသည်။

ဧပြီ ၁၈ရက် တိုက်ပွဲတွင် ညပိုင်းမှစ၍ ရန်သူ့ဘက်က လက်နက်ကြီးပစ်ကူပစ်ခတ်ပြီး နံနက် အစောပိုင်း၌ စစ်ကြောင်းထိုး တက်လာရာ ပူးပေါင်းတပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေးဦးသေ ငါးဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲ၌ ရန်သူ့ထံမှ (၄၀)မမ တစ်လက်၊ AK တစ်လက်အား သိမ်းဆည်းရမိခဲ့သည် ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ခြင်းကြောင့်ပူးပေါင်းတပ်ဖွဲ့ဘက်မှ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးကျဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

ယနေ့တွင်လည်း တိုက်ပွဲ ဆက်လက်ပြင်းထန်ခဲ့ရာ ရန်သူဘက်မှ ၂၀ဦး သေဆုံး၊ ၁၈ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယနေ့တိုက်ပွဲတွင် အကျအဆုံးများသည့် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊ ကော်ဘရာရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း အသိပေးသည်။

ကော်ဘရာ စစ်ကြောင်း၏ ထုတ်ပြန်ချက်အရ တိုက်ပွဲ နှစ်ရက်အတွင်း စစ်ကောင်စီတပ်က ၂၄ဦး သေဆုံးပြီး ၂၃ဦး ဒဏ်ရာရခဲ့ပြီး လက်နက်ကြီး လက်နက်ငယ် ၈လက် ၊ ကျည်၊ ခဲယမ်းများ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။