Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ရွေးကော်ဒုညွှန်ချုပ်အား မြို့ပြပြောက်ကျားအဖွဲ့ ကပစ်ခတ်ရှင်းလင်း

စိုင်းကျော်သူသည် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ၏ လက်ရှိ ရွေးကောက်ပွဲကော်မရှင်တွင် ဒုညွှန်ချုပ်ရာထူးမှ ညွှန်ကြားရေးမှူးချုပ်အထိ ရာထူးတိုးရန်ရှိသူဟုသိရပြီး စစ်တပ်ထဲတွင် တိုက်ကွမ်ဒိုကျွမ်းကျင် အထူးကွန်မန်ဒိုတစ်ဦးဖြစ်သည်ဟုလည်း သိရကြောင်း ၎င်းက ဆိုသည်။

(အသတ်ခံရသော ဒုညွှန်ကြားရေးမှူးချုပ် အငြိမ်းစားဗိုလ်မှူးကြီး စိုင်းကျော်သူအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(အသတ်ခံရသော ဒုညွှန်ကြားရေးမှူးချုပ် အငြိမ်းစားဗိုလ်မှူးကြီး စိုင်းကျော်သူအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

▪️ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုရာတွင်တရားလိုပြသက်​သေပြုလုပ်ခဲ့သူတစ်ဦးဖြစ်

အကြမ်းဖက်စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်၏ ဒုညွှန်ကြားရေးမှူးချုပ် အငြိမ်းစားဗိုလ်မှူးကြီး စိုင်းကျော်သူကို ယနေ့ (ဧပြီ ၂၂)နေ့လည်က ရန်ကုန်မြို့တစ်နေရာ၌ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း For the Yangon မြို့ပြပြောက်ကျားတပ်ဖွဲ့က People’s Spring သို့ အတည်ပြုသည်။

“သူမောင်းလာတဲ့ကားထဲကို သေနတ်အတိုနဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ နေရာမှာတင်ပွဲချင်းပြီးဆုံးသွားတယ်လို့သိရပါတယ်” ယင်းအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

စိုင်းကျော်သူသည် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ၏ လက်ရှိ ရွေးကောက်ပွဲကော်မရှင်တွင် ဒုညွှန်ချုပ်ရာထူးမှ ညွှန်ကြားရေးမှူးချုပ်အထိ ရာထူးတိုးရန်ရှိသူဟုသိရပြီး စစ်တပ်ထဲတွင် တိုက်ကွမ်ဒိုကျွမ်းကျင် အထူးကွန်မန်ဒိုတစ်ဦးဖြစ်သည်ဟုလည်း သိရကြောင်း ၎င်းက ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ မုန်းတီးသူဖြစ်ရုံတင်မက လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အား တရားလိုအဖြစ်တရားစွဲထားသူတစ်ဦးဖြစ်သည်ဟုလည်း နာမည်ထွက်နေသူဖြစ်ပါတယ်။ “ဟု အထက်ပါတာဝန်ရှိသူက ဆက် ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သို့​သော်နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်ကိုစစ်​ကောင်စီက တရားစွဲဆိုရာတွင် ၎င်းသည် တရားလိုပြ သက်​သေများထဲမှတစ်ဦးဖြစ်​ကြောင်းသိရသည်။

၎င်း၏ ဇနီးကို ရန်ကုန်မြို့ သက်န်းကျွန်းရှိ ​အောင်ရတနာပုဂ္ဂလိက​ဆေးခန်းသို့ သွား​ရောက်ပြီး အပြန်တွင် ကားလမ်းတ​စ်နေရာ၌ မြိ့ပြ​ပြောက်ကြားတပ်ဖွဲ့များကပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

For the Yangon မြို့ပြပြောက်ကျားတပ်ဖွဲ့သည် စစ်ကောင်စီ၏ ရာထူးရှိ အကြမ်းဖက် ဗိုလ်ချုပ်၊ ဗိုလ်မှူးများသာမက ၎င်းတို့နှင့်အတူ ပူးပေါင်းကာ ပြည်သူလူထုအား ဖိနှိပ်၊ အနိုင်ကျင့်၊ အကြမ်းဖက်နေစေရန် စစ်ကောင်စီသက်ဆိုးရှည်အောင်ထောက်ပံ့ ကူညီသူများကို ဆက်လက် သုတ်သင်ရှင်းလင်းသွားမည်ဟု အဆိုပါတာဝန်ရှိသူကပြောသည်။

“စစ်ကောင်စီရဲ့ ရာထူးအကြီးပိုင်းက လူတွေအကြောင်း ကျုပ်တို့က သတင်းတွေမျိုးစုံ ထောက်လှမ်းရရှိထားပြီးဖြစ်ပါတယ်။ အခွင့်သာရင် သာသလို ရှင်းလင်းနိုင်ဖို့အတွက်လဲ ကျွန်တော်တို့ စီစဉ်ထားပြီးသားပါ” ဟု ၎င်းက ပြောသည်။

ပြည်သူများလက်ရှိရင်ဆိုင်နေရသည့် ဒုက္ခများ ပြေလည်မည့်နည်းလမ်းသည် စစ်ကောင်စီ ကျရှုံးရေးသာဖြစ်သောကြောင့် ၎င်းတို့ အနေဖြင့် ဆက်လက်လုပ်ဆောင်မည်ဟု ၎င်းက ဆက်ပြောသည်။

▪︎မှတ်ချက်- သတင်းကိုဧပြီ ၂၂ ရက် ည​နေ ၅ နာရီ ၅၀ တွင် ထပ်မံပြင်ဆင်ဖြည့်စွက်ထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။