Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နောင်ချိုနှင့်ပြင်ဦးလွင်နယ်စပ်​ဒေသ၁၈ရက်ကြာတိုက်ပွဲစစ်တပ်မှ တပ်ရင်းမှူး ၁ ဦး ၊ ဒုတပ်ရင်းမှူး ၂ ဦးအပါအဝင်(၁၀၀)ဝန်းကျင်​သေဆုံး

​တိုက်ပွဲများပြင်းထန်စွာဖြစ်ပွား​နေ​သော​ကြောင့် ​နောင်ချိုမြို့နယ်မှ ​ဒေသခံ​ကျေးရွာများမှ ပြည်သူ​ထောင်ချီ ​ဘေးလွတ်ရာသို့ထွက်​ပြေးတိမ်း​ရှောင်​နေရ​ကြောင်း ​ဒေသခံများက​ပြောသည်။

(စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့် တပ်ရင်းမှူးကို အ​သေဖမ်းမိခဲ့​သောကား။ဓါတ်ပုံ-MDY-PDF)
(စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့် တပ်ရင်းမှူးကို အ​သေဖမ်းမိခဲ့​သောကား။ဓါတ်ပုံ-MDY-PDF)

▪︎လက်နက်ခဲယမ်းအချို့လည်းသိမ်းဆည်းရရှိ၊MDY-PDF တပ်ဖွဲ့ဝင်၁၁ဦးကျဆုံး၊မတ်၁၆ တိုက်ပွဲမှာအပြင်းထန်ဆုံးဖြစ်

နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသ များတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY-PDF နှင့် စစ်​ကောင်စီတပ်တို့ကြားသုံးပါတ်ဆက် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွား နေရာ တိုက်ပွဲအတွင်းစစ်​ကောင်စီတပ်မှ တပ်ရင်းမှူး ၁ ဦး ၊ တပ်ခွဲမှူး ၂ ဦးအပါအဝင် (၁၀၀)ခန့်​သေဆုံးခဲ့​ကြောင်း MDY-PDF ကထုတ်ပြန်သည်။

ထိုအပြင် စစ်တပ်မှ စစ်​ကြောင်းမှူးအပါအဝင် အများအပြားဒဏ်ရာရခဲ့ပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိကာ၊MDY-PDF ပြည်သူ့ကာကွယ်ရေးရဲဘော်(၁၁)ဦး အသက်ပေးလှူခဲ့ရပြီး ထိခိုက်ဒဏ်ရာရမှု တစ်ချို့ ရှိခဲ့​ကြောင်းလည်းအသိ​ပေးထားသည်။

Public Service Announcement
Public Service Announcement

“ဒီတစ်ခေါက် ကျွန်တော်တို့ဖော်ဆောင်တဲ့ တိုက်ပွဲကတော့ ကျွန်တော်တို့ PDF အနေနဲ့ အကြီးမားဆုံး စစ်ဆင်ရေးလုပ်ဆောင်တယ်လို့ ပြောရင်ရပါတယ်။ ဒီထဲမှာမှ ၁၆ရက်နေ့မှာ ဖော်ဆောင်တဲ့ တိုက်ပွဲကတော့ တော်တော်လေး ပြင်းထန်တယ်လို့ ပြောလို့ရတယ်။ အပြင်းထန်ဆုံးလောက်သွားကြတယ်ပေါ့။ ကျွန်တော်တို့ ခံစစ်ကုန်းကနေပြီးတော့ သူတို့ဘက်က အင်အားအလုံးအရင်းနဲ့ထိုးလာတာကို ပြန်ပစ်တာ။ ပြန်ပစ်လို့မနိုင်ရလောက်အောင်ကို သူတို့ဘက်က အင်အားသုံးပြီးတော့ ထိုးလာတာမျိုးတွေရှိတယ်။ ၁၆ရက်နေ့က။ ပြီးတော့ လေကြောင်းနဲ့လည်း တစ်နေ့ကုန် ဗုံးကြဲတိုက်ခိုက်တာမျိုးတွေပေါ့လေ။ ၁၆ရက်နေ့တိုက်ပွဲက တော်တော်ပြင်းထန်တယ်လို့ပြောရင် ရပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) (မန္တလေး) ပြန်ကြား​ရေးတာဝန်ခံ ကို​ Osmond က​ People’s Spring သို့​ပြောသည်။

မတ် ၁၆ ရက်တိုက်ပွဲတွင် စစ်တပ်မှ​သေဆုံး ၊ဒဏ်ရာရသူများပြားခဲ့​ကြောင်းလည်းသိရသည်။

Public Service Announcement

Public Service Announcement

(စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့် တပ်ရင်းမှူးကို အ​သေဖမ်းမိခဲ့​သောကား။ဓါတ်ပုံ-MDY-PDF)
(စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့် တပ်ရင်းမှူးကို အ​သေဖမ်းမိခဲ့​သောကား။ဓါတ်ပုံ-MDY-PDF)

တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းအားPDF များကရှင်းလင်းနိုင်ခဲ့ပုံမှာဧပြီလ (၂၂) ရက်နေ့တွင် မြေပြင်သတင်းအရ ရန်သူ့တပ် အခြေပြုတပ်စွဲထားသည့် ခလရ(၁၄၇) စခန်းကုန်းသို့ မနက်(၃)နာရီခန့်တွင် ချဥ်းကပ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်များက စခန်းကုန်း စွန့်ခွာထွက်ပြေးသဖြင့် MDY-PDF တပ်ဖွဲ့ဝင်များက အစားထိုး နေရာယူခဲ့သည်။ ထို့နောက်PDF များ အခြေပြုနေရာယူထားရာ နေရာသို့ အိမ်စီးကား(၂) စီး ရောက်ရှိလာရာ အိမ်စီးကားပေါ်တွင်စစ်တပ် ယူနီဖောင်းဝတ်တဦးပါလာသဖြင့် တားမြစ်စစ်ဆေးရာ မရပ်ပေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့​သည်။ တာတိုင်ကျေးရွာနှင့် ငုက္ခလေး ကျေးရွာအကြားတွင် Toyota Corolla အိမ်စီးကားတစီးရပ်တန့်သွားပြီး ကားပေါ်မှ ခလရ(၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းအား သက်သေခံပစ္စည်းများနှင့်တကွ အသေဖမ်းဆီးရရှိခဲ့ခြင်းဖြစ်​ကြောင်း​အသိ​​ပေးထားသည်။သတင်းထုတ်ပြန်ရာတွင် တပ်ရင်းမှူး၏ သက်​သေခံကတ်ကိုလည်း​ဖော်ပြထားသည်။ အဆိုပါဓါတ်ပုံနှင့်အချို့သတင်းဓါတ်ပုံများကို People’s Spring ၏ တယ်လီဂရန် ချန်နယ်တွင်​ဖော်ပြထားပါသည်။

​သေဆုံးခဲ့​သောဒုတပ်ရင်းမှူး ၂ ဦးမှာ ခလရ(၂၅၈) မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦး နှင့် ခလရ (၂၅၃) မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦး တို့ဖြစ်​ကြောင်းသိရသည်။

ဧပြီလ (၅)ရက်နေ့ မှ (၂၂) ရက်နေ့အထိ ၁၈ ရက်ကြာနောင်ချိုမြို့နယ်နှင့်ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသများတွင် စစ်​ကောင်စီတပ်မှ အင်အား (၉၀၀)နှင့်(၁၀၀၀) ကြားဖြင့် MDY-PDF ကိုထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။ ခလရ(၁၄၇) ၊ ခလရ (၂၅၃) ၊ ခလရ (၂၅၈) ၊ ခမရ (၅၀၈) ၊ အမတ (၂၀၆) ၊ ခမရ(၄၁၉) ၊ ခမရ (၁၄)၊ အင်အား(၄၀)ပါ စနိုက်ဘာအထူးတပ်ဖွဲ့နှင့်ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့များလည်း ပါဝင် တိုက်ခိုက် ခဲ့သည်။ (၁၈)ရက်တာ တိုက်ပွဲအတွင်း တစ်နေကုန် ရင်ဆိုင် တိုက်ခိုက်ရသော တိုက်ပွဲကြီး (၄) ကြိမ်နှင့် တိုက်ပွဲငယ် (၁၈) ကြိမ် ဖြစ်ပွါးခဲ့သည်။

ရန်သူ့တပ်ဘက်မှ Yak 130၊ MiG 29၊ SU 30၊ K8W အမျိုးအစား လေယာဉ်များ၊ Mi 35 ရဟတ်ယာဉ် များဖြင့် လေကြောင်းတိုက်ခိုက်မှု (၃၃) ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ကူအနေဖြင့် (၆၀)မမ ၊ (၈၁)မမ ၊ (၁၂၀) မမ ၊ (၁၅၅)မမ များ အလွန်အကျွံ အသုံးပြုခဲ့သည်။

ရန်သူ့တပ်၏လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ခဲ့ပြီး နေအိမ်ပျက်စီးမှုများပြားကာ အရပ်သား (၇) ဦး သေဆုံး အပါအဝင် ဒဏ်ရာရသူ တစ်ချို့ ရှိခဲ့​ကြောင်း​ဖော်ပြသည်။

(စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့် တပ်ရင်းမှူးကို အ​သေဖမ်းမိခဲ့​သောကား။ဓါတ်ပုံ-MDY-PDF)
(စစ်တပ်ထံမှ သိမ်းဆည်းရရှိခဲ့​သော လက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့် တပ်ရင်းမှူးကို အ​သေဖမ်းမိခဲ့​သောကား။ဓါတ်ပုံ-MDY-PDF)

စစ်တပ်မှ တပ်ရင်းမှူး ​သေဆုံးခဲ့​သောဧပြီလ(၂၂)ရက်နေ့တွင်ပင်နောင်ချိုမြို့ပေါ်ရှိရန်သူ့တပ်၏ခလရ(၁၁၄)နှင့်ခလရ(၁၁၅)တို့အား ရှော့တိုက်ဒုန်း များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခလရ(၁၁၄) တပ်ဝန်းအတွင်းသို့ ကျရောက် ပေါက်ကွဲပြီး ရန်သူ့ တပ်သား (၅) ဦးသေဆုံးခဲ့ကာ ခလရ(၁၁၄) ဒုတပ်ရင်းမှူး သေဆုံးသည်ဟု သိရှိရသော်လည်း ဆက်လက် စုံစမ်းနေဆဲဖြစ်​ကြောင်းထုတ်ပြန်သည်။

ယမန်​နေ့က နောင်ချိုမြို့အဝင်ရှိ စစ်ကောင်စီ၏ တပ်မ (၁၁၄)နှင့် (၁၁၅)ကို MDY-PDF များက ပစ်ခတ်တိုက်ခိုက် ​သောအခါ စျေးဆိုင်များ အားလုံးအ​စောပိတ်ပိတ်သိမ်းသွားကြပြီး တစ်မြို့လုံးတိတ်ဆိတ်​နေကြောင်း ​ဒေသခံများက ပြောသည်။စစ်တပ်က အတိုက်ခံရပြီး​နောက်နံနက် ၁၁နာရီခန့်က ရဟတ်ယာဥ် နှစ်စီး အဆိုပါ တိုက်ပွဲဖြစ်ပွားရာ တပ်မ (၁၁၄)၊(၁၁၅)အနီး ဆင်းသက်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

“မနက် ၁၀နာရီလောက်ကဖြစ်နေတာ။ လက်နက်ကြီးသံတွေ ခုထိကိုကြားနေရတယ်”ဟု နောင်ချိုမြို့ခံ တစ်ဦးက ‌ဧပြီ ၂၂ ရက်နေ့လည် ၂နာရီတွင် ပြောသည်။

တိုက်ပွဲကာလ ၁၈ ရက်အတွင်း ရန်သူ့တပ်၏ ခလရ(၁၄၇) တပ်ရင်းမှုး ဒုတိယဗိုလ်မှုကြီး တစ်ဦး ၊ ခလရ(၂၅၈) မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦး နှင့် ခလရ (၂၅၃) မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦး အပါအဝင် ရန်သူ့တပ်သား (၁၀၀)ဦး ဝန်းကျင်ထိ သေဆုံးခဲ့ပြီး ခလရ(၂၅၃)မှ စစ်ကြောင်းမှူးအပါအဝင် အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်းသိရသည်။

ထို့အပြင်စစ်တပ်ထံမှ MA(3) 3 လက် ၊ 5.56 ကျည် အများအပြား ၊ 9မမ ကျည် အတောင့်(၂၀)၊ (60)မမ အသီး (10)လုံး နှင့် အခြား ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)စစ်ဦးစီးအဖွဲ့ ကထုတ်ပြန်သည်။

​တိုက်ပွဲများပြင်းထန်စွာဖြစ်ပွား​နေ​သော​ကြောင့် ​နောင်ချိုမြို့နယ်မှ ​ဒေသခံ​ကျေးရွာများမှ ပြည်သူ​ထောင်ချီ ​ဘေးလွတ်ရာသို့ထွက်​ပြေးတိမ်း​ရှောင်​နေရ​ကြောင်း ​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။