Connect with us

Hi, what are you looking for?

သတင်း

ဖမ်းဆီးခံ ဖားကန့်ဒေသခံ ၂၀၀ကျော် သုံးရက်ကြာသည်အထိ ပြန်မလွှတ်သေး

မရှီကထောင်ရပ်ကွက်မှ Happy KTV တွင် စစ်ကောင်စီတပ် စစ်ကြောင်းမှူးတစ်ဦးအပါအဝင် စစ်တပ်နှင့် ဆက်နွယ်နေသူ စီးပွားရေးလုပ်ငန်းရှင်လေးဦး ‌သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

(စစ်ကောင်စီတပ်က ဖားကန့်ဒေသခံများအား ဖမ်းဆီးထားသည်ကို စစ်ကောင်စီတပ်က ဧပြီ ၂၁ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - Kachinwaves)
(စစ်ကောင်စီတပ်က ဖားကန့်ဒေသခံများအား ဖမ်းဆီးထားသည်ကို စစ်ကောင်စီတပ်က ဧပြီ ၂၁ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - Kachinwaves)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ဆန်ခါနှင့် မှော်ပုံကျေးရွာမှ ဒေသခံ ၂၁၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးချုပ်နှောင်ထားပြီး သုံးရက်ကြာသည်အထိ ပြန်လွှတ်မပေးသေးကြောင်း ဒေသခံများက ပြောသည်။

ဆန်ခါနှင့် မှော်ပုံကျေးရွာကို စစ်ကောင်စီတပ်က ဧပြီ ၂၁ရက်တွင် ဝင်ရောက်စီးနင်းပြီး လူငယ်အများစုပါဝင်သော ဒေသခံအရပ်သားများကို ဖမ်းဆီးခြင်းဟု သတင်းရရှိသည်။

” KIA၊ PDF နဲ့ ပတ်သက်တယ်ဆိုပြီး အကုန်ဖမ်းခေါ်သွားတာ။ လက်ပြန်ကြိုးတွေတုပ်ပြီးခေါ်သွားတာ။ ဒါလားဗျာ ပြည်သူကို စောက်ရှောက်တဲ့အစိုးရ”ဟု ဖမ်းဆီးခံထားရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။

စစ်ကောင်စီတပ်သည် အမျိုးသမီးအချို့အပါအဝင် စုစုပေါင်း ၂၁၅ ဦးကို ဖမ်းဆီးထားခြင်းဖြစ်ပြီးမဇွပ်ယန်ထောင်နှင့် ကံဆီးအချုပ်ခန်းတွင် နှစ်နေရာခွဲ၍ ချုပ်နှောင်ထားသည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“၂၁၅ ယောက်ကို စစ်ကောင်စီက ပြန်ပေးစွဲထားတာ။ မဆိုင်တဲ့ အရပ်သားတွေကိုမဲနေတာ”ဟု ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် ဖမ်းဆီးထားသူများကို ယနေ့(ဧပြီ ၂၃ရက်) ညနေ ၅နာရီခန့်အထိ ပြန်လွှတ် ပေးခြင်းမရှိသေးပေ။

ဖားကန့်တွင် စစ်ကောင်စီတပ်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေသလို စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လည်း မကြာခဏပြုလုပ်နေ၍ စစ်ကောင်စီက ဒေသခံများကို ရန်လိုနေသည်။

ထို့အပြင် လူထုထောက်ခံမှုလုံးဝမရရှိတော့သည့် စစ်ကောင်စီတပ်မှာ ရန်သူဝိုင်းနေပြီဟု ဒေသခံတော်လှန်ရေးအင်အားစုများက ပြောသည်။ ယနေ့နံနက်အ‌စောပိုင်းတွင် ဖားကန့်မြို့

မရှီကထောင်ရပ်ကွက်မှ Happy KTV တွင် စစ်ကောင်စီတပ် စစ်ကြောင်းမှူးတစ်ဦးအပါအဝင် စစ်တပ်နှင့် ဆက်နွယ်နေသူ စီးပွားရေးလုပ်ငန်းရှင်လေးဦး ‌သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။