Connect with us

Hi, what are you looking for?

သတင်း

ဖမ်းဆီးခံ ဖားကန့်ဒေသခံ ၂၀၀ကျော် သုံးရက်ကြာသည်အထိ ပြန်မလွှတ်သေး

မရှီကထောင်ရပ်ကွက်မှ Happy KTV တွင် စစ်ကောင်စီတပ် စစ်ကြောင်းမှူးတစ်ဦးအပါအဝင် စစ်တပ်နှင့် ဆက်နွယ်နေသူ စီးပွားရေးလုပ်ငန်းရှင်လေးဦး ‌သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

(စစ်ကောင်စီတပ်က ဖားကန့်ဒေသခံများအား ဖမ်းဆီးထားသည်ကို စစ်ကောင်စီတပ်က ဧပြီ ၂၁ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - Kachinwaves)
(စစ်ကောင်စီတပ်က ဖားကန့်ဒေသခံများအား ဖမ်းဆီးထားသည်ကို စစ်ကောင်စီတပ်က ဧပြီ ၂၁ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - Kachinwaves)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ဆန်ခါနှင့် မှော်ပုံကျေးရွာမှ ဒေသခံ ၂၁၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးချုပ်နှောင်ထားပြီး သုံးရက်ကြာသည်အထိ ပြန်လွှတ်မပေးသေးကြောင်း ဒေသခံများက ပြောသည်။

ဆန်ခါနှင့် မှော်ပုံကျေးရွာကို စစ်ကောင်စီတပ်က ဧပြီ ၂၁ရက်တွင် ဝင်ရောက်စီးနင်းပြီး လူငယ်အများစုပါဝင်သော ဒေသခံအရပ်သားများကို ဖမ်းဆီးခြင်းဟု သတင်းရရှိသည်။

” KIA၊ PDF နဲ့ ပတ်သက်တယ်ဆိုပြီး အကုန်ဖမ်းခေါ်သွားတာ။ လက်ပြန်ကြိုးတွေတုပ်ပြီးခေါ်သွားတာ။ ဒါလားဗျာ ပြည်သူကို စောက်ရှောက်တဲ့အစိုးရ”ဟု ဖမ်းဆီးခံထားရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။

စစ်ကောင်စီတပ်သည် အမျိုးသမီးအချို့အပါအဝင် စုစုပေါင်း ၂၁၅ ဦးကို ဖမ်းဆီးထားခြင်းဖြစ်ပြီးမဇွပ်ယန်ထောင်နှင့် ကံဆီးအချုပ်ခန်းတွင် နှစ်နေရာခွဲ၍ ချုပ်နှောင်ထားသည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“၂၁၅ ယောက်ကို စစ်ကောင်စီက ပြန်ပေးစွဲထားတာ။ မဆိုင်တဲ့ အရပ်သားတွေကိုမဲနေတာ”ဟု ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် ဖမ်းဆီးထားသူများကို ယနေ့(ဧပြီ ၂၃ရက်) ညနေ ၅နာရီခန့်အထိ ပြန်လွှတ် ပေးခြင်းမရှိသေးပေ။

ဖားကန့်တွင် စစ်ကောင်စီတပ်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေသလို စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လည်း မကြာခဏပြုလုပ်နေ၍ စစ်ကောင်စီက ဒေသခံများကို ရန်လိုနေသည်။

ထို့အပြင် လူထုထောက်ခံမှုလုံးဝမရရှိတော့သည့် စစ်ကောင်စီတပ်မှာ ရန်သူဝိုင်းနေပြီဟု ဒေသခံတော်လှန်ရေးအင်အားစုများက ပြောသည်။ ယနေ့နံနက်အ‌စောပိုင်းတွင် ဖားကန့်မြို့

မရှီကထောင်ရပ်ကွက်မှ Happy KTV တွင် စစ်ကောင်စီတပ် စစ်ကြောင်းမှူးတစ်ဦးအပါအဝင် စစ်တပ်နှင့် ဆက်နွယ်နေသူ စီးပွားရေးလုပ်ငန်းရှင်လေးဦး ‌သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ရှိမ်းမကားကျေးရွာရဲစခန်းမှာတပ်စွဲထားတဲ့ စစ်​ကောင်စီတပ်က ခရိုင်ချင်းဆက်လမ်းပေါ်ထွက်ပြီး ပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တာ​ကြောင့် ပြည်သူ ၂ နှစ်ဦးသေနတ်ထိမှန်ဒဏ်ရာရခဲ့ပြီး ၁၀ဦးထက်မနည်းဖမ်းဆီးခံထားရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

သတင်း

ငလျင်ဘေးဒဏ်သင့်သည်စစ်ကိုင်းမြို့သို့အာဏာသိမ်းခေါင်းဆောင် ဧပြီလ ၆ရက်​နေ့က လာရောက်စဉ် လုံခြုံရေးယာဉ်တန်းအပြင် အချုပ်ကားအလွတ်တစ်စီးပါ လိုက်ပါလာပြီး လူငယ်အချို့ ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများကပြောသည်။

သတင်း

ထိုင်းနိုင်ငံ၊ပတ္တရားမြို့ကဆောက်လုပ်ရေးလုပ်ငန်းခွင် တချို့မှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာနဲ့ တရုတ်နိုင်ငံသား နှစ်ဒါဇင်ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆောင်းပါး

"မိန်းကလေးတွေလည်းဆွဲတယ်။ မိန်းကလေးတွေဆွဲပြီးတော့မှ မောင်ရှိရင် မောင်နဲ့လဲ။ အကိုရှိရင် အကိုနဲ့လဲ။ ​ယောကျာ်းရှိရင် ယောကျာ်းနဲ့လဲခိုင်းတာ"

Facebook