Connect with us

Hi, what are you looking for?

သတင်း

ပဇီကြီးရွာအနီးတိုက်ပွဲစစ်သား ၂၅ဦးထက်မနည်း​သေ၊ PDF တစ်ဦးဒဏ်ရာရဟု မလည်တိုက်နယ်ပကဖတာဝန်ခံ​ပြော

ကန့်ဘလူမြို့နယ်လေးတွင်းစင်ရွာတွင်စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ ဧပြီ ၂၂ရက်က ဖြစ်ပွားခဲ့​သောတိုက်ပွဲအခြေအနေကိုမလည်တိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ယနေ့(ဧပြီလ ၂၄ရက်) နံနက် အသိပေးခြင်းဖြစ်သည်။

ပဇီကြီးရွာအနီးတိုက်ပွဲစစ်သား ၂၅ဦးထက်မနည်း​သေ၊PDF တစ်ဦးဒဏ်ရာရဟု မလည်တိုက်နယ်ပကဖတာဝန်ခံ​ပြော
ပဇီကြီးရွာအနီးတိုက်ပွဲစစ်သား ၂၅ဦးထက်မနည်း​သေ၊PDF တစ်ဦးဒဏ်ရာရဟု မလည်တိုက်နယ်ပကဖတာဝန်ခံ​ပြော

ပဇီကြီးရွာအနီး လေးတွင်းစင်ရွာတွင် ဧပြီလ ၂၂ ရက်က တနေကုန်နီးပါးဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂၅ဦးထက်မနည်း သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ ၊တာဝန်ခံကပြောသည်။

ကန့်ဘလူမြို့နယ်လေးတွင်းစင်ရွာတွင်စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ ဧပြီ ၂၂ရက်က ဖြစ်ပွားခဲ့​သောတိုက်ပွဲအခြေအနေကိုမလည်တိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ယနေ့(ဧပြီလ ၂၄ရက်) နံနက် အသိပေးခြင်းဖြစ်သည်။

ဧပြီ ၂၂ ရက်ကဖြစ်ပွား​သောတိုက်ပွဲသည် စစ်တပ်က ပဇီကြီးရွာကိုဗုံးကြဲပြီး​နောက် အဆိုပါ ​ဒေသတွင် ပထမဆုံးဖြစ်ပွား​သောတိုက်ပွဲဖြစ်သည်။ မလည်တိုက်နယ် ပကဖ နှင့် ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့များကပူး​ပေါင်း၍ စစ်တပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲက တနေကုန်ဖြစ်တာပါ။ မိုင်းဆွဲတာတွေရော ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲရော ဖြစ်ခဲ့တာ။ ကျွန်တော်တို့ ရဲဘော်တစ်ယောက်ထိတယ်။ စစ်တပ်ဘက်က သေတာ ၂၅ ယောက်လောက်အထိရှိပါတယ်။ အလောင်းတွေကို ယူကလစ်ပင်တွေအောက်မှာ မီးရှို့သွားတာတွေ ရှိပါတယ်”ဟု အထက်ပါတာဝန်ခံကPeople’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်သည် ဦးခေါင်းနှင့် လက်တွင် သေနတ်ကျည်ထိမှန်ခဲ့ပြီး စိုးရိမ်စရာအခြေအနေကို ကျော်လွန်နိုင်ခဲ့ပြီဟု ၎င်းကဆက်​ပြောသည်။

လေးတွင်းစင်ရွာသည် ပဇီကြီးရွာနှင့် တစ်မိုင်ခန့်အကွာတွင်ရှိပြီး မြေပြင်စစ်ကြောင်းထိုးနေ‌​သော စစ်ကောင်စီတပ်ကြောင့် ပဇီကြီးရွာကဲ့သို့ ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးနေရသည်။ ဧပြီ ၁၁ရက်နေ့က စစ်ကောင်စီက ပဇီကြီးရွာ ပြည်သူ့အုပ်ချုပ်ရေးရုံးနှင့် အလှူအား လေကြောင်းမှတိုက်ခိုက်ခဲ့စဉ်လေးတွင်းစင်ရွာမှ ကိုစိုးနိုင်၊ ကိုဇော်လင်း၊ ဦးသိန်းထွန်းနှင့်ကိုနိုင်လင်းတို့လည်း သေဆုံးခဲ့သည်ဟု သတင်းရရှိသည်။ ထို့အပြင် လေးတွင်းစင်ရွာတိုက်ပွဲအပြီးတွင် ရွာကို မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံ ၁၆ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်သည်ပြီးခဲ့သည့် ဧပြီလ ၁၁ ရက် နံနက်က ပဇီကြီးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲ နှင့် အလှူကို ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲချပြီးတိုက်ခိုက်ရေးရဟတ်ယာဉ်Mi-35ဖြင့်ပါ ထပ်မံတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၆၈ ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားသည်။

ထို့အပြင်ဧပြီလ၂၀ရက်နံနက်မှစ၍ ပဇီကြီးရွာနှင့် ပတ်၀န်းကျင်ကို စစ်ကောင်စီတပ်က မြေပြင်မှ စစ်ကြောင်းထိုးပြီး နေ့လယ်ဘက်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးထပ်မံကြဲချခဲ့သည်။ ပဇီကြီး၊လေးတွင်းစင်၊ မဲဇတော်၊ ရွာသာယာ၊ထန်းတော၊ ချောင်းသာ၊ ချောင်းမကြီးစသည့် ကျေးရွာ ဒေသခံများသည် ဘေးလွတ်ရာသို့ထွက်ပြေးနေရကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။