Connect with us

Hi, what are you looking for?

သတင်း

မန္တလေးက KTV ဆိုင်ရှေ့မှာ ရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွား

စစ်ကောင်စီဘက်ကတော့ သေနတ်နဲ့ပစ်ခတ်သူရော ၊ဓားနဲ့ခုတ်သူကိုပါ ချမ်းမြသာစည်မြို့နယ်ထဲက ဟိုတယ်မှာ ဖမ်းမိတယ်လို့ဆိုထားပါတယ်။

ရန်ပွဲမှာ ရင်ဘတ်ကျည်ထိမှန်သွားသူကိုတွေ့ရစဉ်
ရန်ပွဲမှာ ရင်ဘတ်ကျည်ထိမှန်သွားသူကိုတွေ့ရစဉ်

မန္တလေး မဟာအောင်မြေမြို့နယ်ထဲက KTV ဆိုင် ယာဉ်ရပ်နားရာ နေရာမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညပိုင်းက ရန်ပွဲဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ဆီက စုံစမ်းသိရပါတယ်။

အခင်းဖြစ်ပွားတဲ့ KTVဟာ မဟာအောင်မြေမြို့နယ် ၊ ရဲမွန်တောင်ရပ်ကွက် ၅၅လမ်းနဲ့ ၄၂လမ်း ၊၄၃လမ်းကြားမှာရှိတဲ့ဆိုင်ဖြစ်ပါတယ်။

အဲဒီKTV ဆိုင်ရဲ့ ယာဉ်ရပ်နားရာ နေရာမှာ ဧပြီလ ၂၃ ရက် ညပိုင်း ၇ နာရီခန့်က KTV ထဲကထွက်လာတဲ့ ၈ ယောက်အဖွဲ့ ကို ဆိုင်ကယ်စီး အမျိုးသား ၂ ဦးက ဝင်တိုက်မိရာကနေ စကားများရန်ဖြစ်ကြတာပါ။

Public Service Announcement
Public Service Announcement

ရန်ပွဲမှာ လူ ၈ ဦးအဖွဲ့က သေနတ်နဲ့ ပစ်ပြီး ၊ ဓားနဲ့ခုတ်လို့ ဆိုင်ကယ်စီး အမျိုးသား ၂ ဦး လုံး ဒဏ်ရာရသွားကြတယ်လို့ စစ်ကောင်စီလက်အောက်ခံရဲအဖွဲ့ သတင်းရင်းမြစ်တစ်ဦးထံကသိရပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူ ၂ ဦးအနက် အသက် ၂၃ နှစ်အရွယ်လူငယ်ဟာ ရင်ဘတ်ကို သေနတ်မှန်ပြီး အသက် ၃၀ အရွယ် အမျိုးသားလည်း ခေါင်းကို ဓားနဲ့ခုတ်ခံရတာလို့ သိရပါတယ်။

၂ဦးလုံး စိုးရိမ်ရလို့ မန္တလေး ဆေးရုံကြီးဆီ လူမှုကူညီရေးအသင်းတွေက ပို့ဆောင်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ သေနတ်နဲ့ပစ်ခတ်သူရော ၊ဓားနဲ့ခုတ်သူကိုပါ ချမ်းမြသာစည်မြို့နယ်ထဲက ဟိုတယ်မှာ ဖမ်းမိတယ်လို့ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသမီးငယ်တွေကို အတင်းအဓမ္မလိင်ကျွန်ပြု၊ နှိပ်စက်ပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့တဲ့ မြောက်ဦးမြို့ရှိ ရွှေရိုးရာ KTV မှ ပိုင်ရှင်အပါအဝင် တာဝန်ရှိအမျိုးသမီးသုံးဦးကို အာရက္ခတပ်တော်(AA)ရဲ့တပ်ဖွဲ့က ထောင်ဒဏ်တသက်ထိ ချမှတ်နိုင်တဲ့ လူကုန်ကူးမှုနဲ့ ဖမ်းဆီး၊ အရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

ကာလာအိုကေဆိုင်(KTV)က ပြန်လာတဲ့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း(၅)က ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။