Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ် ရုံးစည်ကြီးရွာတွင် စစ်ကောင်စီတပ် က ပြည်သူများအား ဖမ်းဆီးစစ်ဆေးနေ

ရုံးစည်ကြီးရွာရှေ့ရှိ မလှိုင် – တောင်သာလမ်းပေါ်တွင်လည်း စစ်ကောင်စီတပ်က ခရီးသွားများအား စစ်ဆေးခြင်း၊ ကင်းပုန်းချထားခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ရုံးစည်ကြီးကျေးရွာ
ရုံးစည်ကြီးကျေးရွာ

▪️Non-CDM သူနာပြုဆရာမတစ်ဦးပါ ဖမ်းဆီးခံထားရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ရုံးစည်ကြီးကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူများအား ဖမ်းဆီးစစ်ဆေးနေပြီး Non-CDM သူနာပြုဆရာမတစ်ဦးပါ ဖမ်းဆီးခံထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

တောင်သာမြို့နယ်၊ ရုံးစည်ကြီး အ.ထ.က ကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သည် ဧပြီ ၂၀ ရက်နှင့် ၂၁ ရက်များက ဒေသခံပြည်သူ လေးဦးကို ဖမ်းဆီးပြီး ဖမ်းဆီးစစ်ဆေးနေကြောင်း နယ်ခံများက ပြောသည်။

ထို့အပြင် ယမန်နေ့ (ဧပြီ ၂၅ ရက်)ကလည်း Non-CDM သူနာပြုဆရာမတစ်ဦးနှင့် လူငယ်တစ်ဦး ထပ်မံ ဖမ်းဆီးခံရကြောင်း လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက အသိပေးထားသည်။

“ဖမ်းခံရတဲ့သူတွေကကြောက်ပြီး ထွက်ဆိုတော့ တခြားအပြစ်မဲ့တဲ့သူတွေကိုပါ လိုက်ဖမ်းနေတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရုံးစည်ကြီးရွာရှေ့ရှိ မလှိုင် – တောင်သာလမ်းပေါ်တွင်လည်း စစ်ကောင်စီတပ်က ခရီးသွားများအား စစ်ဆေးခြင်း၊ ကင်းပုန်းချထားခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ရုံးစည်ကြီးကျေးရွာရှိ နယ်မြေရဲစခန်းအား မတ်လ၂၇ ရက်တွင် ဒေသကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာ ပျက်စီးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုငိး၊ တောင်သာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာတွေ ဆက်တိုက်မီးရှို့ နေကာ မနေ့က သဲတောကျေးရွာကို ထပ်မံမီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က စစ်တပ် စခန်းတစ်ခုတိုက်ခိုက်ပြီး စစ်ကူလာတဲ့ ကားနှစ်စီး မိုင်းထိတယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်၊ရုံးစည်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ သီတာယုမွန်ရဲ့ ပျူစောထီးတွေက အသက်မပြည့်‌‌ သေးသူနဲ့သက်ကြီးရွယ်အို တွေအပါအဝင် အမျိုးသမီး၆ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စစ်ကြောင်းလာတယ်ဆိုလို့ ဒေါ်မြင့်(အမည်လွှဲ)တို့ မိသားစုဟာ ရပ်ထားတဲ့လှည်းပေါ်ကို ကပျာကယာ အဝတ်ထုပ်ကလေး၊ ထမင်းအိုးကလေး ပြေးတင်တယ်။ မိုးတွင်းမို့ မိုးကာကလည်း မပါမဖြစ်ပေါ့။ အမိုးအုပ်မထားတဲ့ ဟာလာဟင်းလင်း ပေါင်းမိုးတပ်လှည်းပေါ် နက်ထိုင်ရင်း နေကစူးကနဲ ပူလာတယ်။ ရှေ့မှာလည်း ဒေါ်မြင့်တို့လို လှည်းတွေတန်းစီနေပြီ။