Connect with us

Hi, what are you looking for?

သတင်း

တီးတိန်သို့သွား​သောစစ်​ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ​​နောက်ပြန်သွား

က​လေး-တီးတိန်လမ်းအတိုင်း စစ်တပ်က ဧပြီ ၁၈ မှစ၍ တီးတိန်ဘက်သို့လာ​နေသဖြင့် တိုက်ပွဲများအချိန်မ​ရွေး၊​နေရာမ​ရွေးဖြစ်ပွားနိုင်၍ ထို​နေ့ကတည်းက က​လေး-တီးတိန်လမ်းကိုပြည်သူများအသုံးမပြုရန် ယာယီပိတ်ထားခြင်းဖြစ်သည်။

(CDF-CDM(စီးယင်း)နှင့်မဟာမိတ်တပ်ဖွဲ့ဝင်များ/က​လေး-တီးတိန်လမ်းပိုင်းကို​ Google Mapမြေပုံတွင်​တွေ့ရမှု။ ဓါတ်ပုံ-CDF-CDM(စီးယင်း) )
(CDF-CDM(စီးယင်း)နှင့်မဟာမိတ်တပ်ဖွဲ့ဝင်များ/က​လေး-တီးတိန်လမ်းပိုင်းကို​ Google Mapမြေပုံတွင်​တွေ့ရမှု။ ဓါတ်ပုံ-CDF-CDM(စီးယင်း) )

▪︎ကလေး-သိုင်းငင်းလမ်းပိုင်း ပြည်သူများပြန်အသုံးပြုနိုင်​ကြောင်း CDF-CDM(စီးယင်း)​ကြေညာ

ချင်းပြည်နယ်မြောက်ပိုင်းတွင်က​လေး-တီးတိန်လမ်းအတိုင်းတီးတိန်ဘက်သို့လာ​သောစစ်​ကောင်စီတပ်အားကနေဒီတောင်အနီးတွင် ဒေသခံချင်းကာကွယ်​ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာအထိနာသဖြင့်ပြန်လှည့်သွားကြောင်းချင်းပြည်၊စီးယင်းဒေသကာကွယ်ရေးတပ် -CDF-CDM (စီးယင်း)မှတာဝန်ရှိသူကပြောသည်။

ထို​ကြောင့်တိုက်ပွဲများရှိ၍ ခတ္တပိတ်​ထား​သော ကလေး-သိုင်းငင်း လမ်းမကြီးကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ချင်းပြည်၊စီးယင်းဒေသကာကွယ်ရေးတပ် -(CDF-CDM စီးယင်း)က ယနေ့ထုတ်ပြန်ကြေညာသည်။

(CDF-CDM(စီးယင်း)နှင့်မဟာမိတ်တပ်ဖွဲ့ဝင်များ/က​လေး-တီးတိန်လမ်းပိုင်းကို​ Google Mapမြေပုံတွင်​တွေ့ရမှု။ ဓါတ်ပုံ-CDF-CDM(စီးယင်း) )
(CDF-CDM(စီးယင်း)နှင့်မဟာမိတ်တပ်ဖွဲ့ဝင်များ/က​လေး-တီးတိန်လမ်းပိုင်းကို​ Google Mapမြေပုံတွင်​တွေ့ရမှု။ ဓါတ်ပုံ-CDF-CDM(စီးယင်း) )

“စကစဘက်မှအထိနာများတာကြောင့် တီးတိန်ဘက်ကို ဆက်မသွားနိုင်တော့ဘဲ ကနေဒီမှ သိုင်းငင်းဘက်ကို ပြန်လှည့်လာခဲ့ကြောင်းသိရတယ်”ဟု CDF-CDM (စီးယင်း)တာဝန်ရှိသူကပြောသည်။

က​လေး-တီးတိန်လမ်းအတိုင်း စစ်တပ်က ဧပြီ ၁၈ မှစ၍ တီးတိန်ဘက်သို့လာ​နေသဖြင့် တိုက်ပွဲများအချိန်မ​ရွေး၊​နေရာမ​ရွေးဖြစ်ပွားနိုင်၍ ထို​နေ့ကတည်းက က​လေး-တီးတိန်လမ်းကိုပြည်သူများအသုံးမပြုရန် ယာယီပိတ်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် တီးတိန်သို့သွားရန်ဧပြီ ၁၈ ရက်တွင်သိုင်းငင်းမှကနေဒီတောင်သို့ တက်လာစဉ် CDF-CDM (စီးယင်း) တပ်ဖွဲ့ဝင်များက ဧပြီ ၁၉ ရက်ကနှစ်ကြိမ်မိုင်းဆွဲတိုက်ခဲ့သည်။ထို​နောက်တိုက်ပွဲ၃နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်များ အထိနာ၍ သိုင်းငင်းဘက်သို့နောက်ပြန်ဆုတ်သွားသည်။

ဧပြီ ၂၂ ရက်တွင်လည်း နံနက် ၈ နာရီ ဝန်းကျင်တွင် သိုင်းငင်းမှ ကလေးမြို့ဘက်သို့ပြန်လှည့်လာသော စစ်​ကောင်စီတပ်ကို CDF CDM (စီးယင်း)ရဲဘော်များကထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး နှစ်နာရီကျော်တိုက်ပွဲဖြစ်ပွားခဲ့သည်။

Public Service Announcement
Public Service Announcement

ဧပြီ ၂၄ ရက်နံနက်တွင်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြန်သည်။ဧပြီ ၂၄ ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၁၂၀ မမ အမြောက်များဖြင့် ကလေးမြို့မှ တနေ့ကုန်ပစ်ကူပေးခဲ့သည်ဟုသိရသည်။

ထို့အပြင်စစ်တပ်မှာအထိနာ​​နေသဖြင့် ဧပြီ ၂၃ရက်တွင် အင်အား ၁၀၀ ပါသည့် စစ်သားများက စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ​တောလမ်းအတိုင်းလာကြိုခဲ့သည်ဟုလည်းဆိုသည်။

လက်ရှိတွင် CDF-CDM (စီးယင်း) ရဲဘော်များအထိအခိုက်မရှိ ပြန်ဆုတ်နိုင်ပြီး ကလေး-သိုင်းငင်းလမ်းကိုလည်း အသုံးပြုနိုင်ပြီဖြစ်ကြောင်းလည်းအသိ​ပေးသည်။

ဧပြီ ၂၃ရက်ညနေပိုင်းတွင် စစ်ကူလာသော PDF Zoland ကိုလည်းကျေးဇူးအထူးတင်ရှိ​ကြောင်းလည်းကလေး-သိုင်းငင်းလမ်းအသုံးပြုရန်နိုင်သော်လည်း သိုင်းငင်း-ဖလမ်း-ဟားခါးလမ်းပိုင်းကိုမူ ပြန်လည်ဖွင့်ပေးခြင်းမရှိသေးကြောင်း ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။