Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တီးတိန်သို့သွား​သောစစ်​ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ​​နောက်ပြန်သွား

က​လေး-တီးတိန်လမ်းအတိုင်း စစ်တပ်က ဧပြီ ၁၈ မှစ၍ တီးတိန်ဘက်သို့လာ​နေသဖြင့် တိုက်ပွဲများအချိန်မ​ရွေး၊​နေရာမ​ရွေးဖြစ်ပွားနိုင်၍ ထို​နေ့ကတည်းက က​လေး-တီးတိန်လမ်းကိုပြည်သူများအသုံးမပြုရန် ယာယီပိတ်ထားခြင်းဖြစ်သည်။

(CDF-CDM(စီးယင်း)နှင့်မဟာမိတ်တပ်ဖွဲ့ဝင်များ/က​လေး-တီးတိန်လမ်းပိုင်းကို​ Google Mapမြေပုံတွင်​တွေ့ရမှု။ ဓါတ်ပုံ-CDF-CDM(စီးယင်း) )
(CDF-CDM(စီးယင်း)နှင့်မဟာမိတ်တပ်ဖွဲ့ဝင်များ/က​လေး-တီးတိန်လမ်းပိုင်းကို​ Google Mapမြေပုံတွင်​တွေ့ရမှု။ ဓါတ်ပုံ-CDF-CDM(စီးယင်း) )

▪︎ကလေး-သိုင်းငင်းလမ်းပိုင်း ပြည်သူများပြန်အသုံးပြုနိုင်​ကြောင်း CDF-CDM(စီးယင်း)​ကြေညာ

ချင်းပြည်နယ်မြောက်ပိုင်းတွင်က​လေး-တီးတိန်လမ်းအတိုင်းတီးတိန်ဘက်သို့လာ​သောစစ်​ကောင်စီတပ်အားကနေဒီတောင်အနီးတွင် ဒေသခံချင်းကာကွယ်​ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာအထိနာသဖြင့်ပြန်လှည့်သွားကြောင်းချင်းပြည်၊စီးယင်းဒေသကာကွယ်ရေးတပ် -CDF-CDM (စီးယင်း)မှတာဝန်ရှိသူကပြောသည်။

ထို​ကြောင့်တိုက်ပွဲများရှိ၍ ခတ္တပိတ်​ထား​သော ကလေး-သိုင်းငင်း လမ်းမကြီးကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ချင်းပြည်၊စီးယင်းဒေသကာကွယ်ရေးတပ် -(CDF-CDM စီးယင်း)က ယနေ့ထုတ်ပြန်ကြေညာသည်။

(CDF-CDM(စီးယင်း)နှင့်မဟာမိတ်တပ်ဖွဲ့ဝင်များ/က​လေး-တီးတိန်လမ်းပိုင်းကို​ Google Mapမြေပုံတွင်​တွေ့ရမှု။ ဓါတ်ပုံ-CDF-CDM(စီးယင်း) )
(CDF-CDM(စီးယင်း)နှင့်မဟာမိတ်တပ်ဖွဲ့ဝင်များ/က​လေး-တီးတိန်လမ်းပိုင်းကို​ Google Mapမြေပုံတွင်​တွေ့ရမှု။ ဓါတ်ပုံ-CDF-CDM(စီးယင်း) )

“စကစဘက်မှအထိနာများတာကြောင့် တီးတိန်ဘက်ကို ဆက်မသွားနိုင်တော့ဘဲ ကနေဒီမှ သိုင်းငင်းဘက်ကို ပြန်လှည့်လာခဲ့ကြောင်းသိရတယ်”ဟု CDF-CDM (စီးယင်း)တာဝန်ရှိသူကပြောသည်။

က​လေး-တီးတိန်လမ်းအတိုင်း စစ်တပ်က ဧပြီ ၁၈ မှစ၍ တီးတိန်ဘက်သို့လာ​နေသဖြင့် တိုက်ပွဲများအချိန်မ​ရွေး၊​နေရာမ​ရွေးဖြစ်ပွားနိုင်၍ ထို​နေ့ကတည်းက က​လေး-တီးတိန်လမ်းကိုပြည်သူများအသုံးမပြုရန် ယာယီပိတ်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် တီးတိန်သို့သွားရန်ဧပြီ ၁၈ ရက်တွင်သိုင်းငင်းမှကနေဒီတောင်သို့ တက်လာစဉ် CDF-CDM (စီးယင်း) တပ်ဖွဲ့ဝင်များက ဧပြီ ၁၉ ရက်ကနှစ်ကြိမ်မိုင်းဆွဲတိုက်ခဲ့သည်။ထို​နောက်တိုက်ပွဲ၃နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်များ အထိနာ၍ သိုင်းငင်းဘက်သို့နောက်ပြန်ဆုတ်သွားသည်။

ဧပြီ ၂၂ ရက်တွင်လည်း နံနက် ၈ နာရီ ဝန်းကျင်တွင် သိုင်းငင်းမှ ကလေးမြို့ဘက်သို့ပြန်လှည့်လာသော စစ်​ကောင်စီတပ်ကို CDF CDM (စီးယင်း)ရဲဘော်များကထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး နှစ်နာရီကျော်တိုက်ပွဲဖြစ်ပွားခဲ့သည်။

Public Service Announcement
Public Service Announcement

ဧပြီ ၂၄ ရက်နံနက်တွင်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြန်သည်။ဧပြီ ၂၄ ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၁၂၀ မမ အမြောက်များဖြင့် ကလေးမြို့မှ တနေ့ကုန်ပစ်ကူပေးခဲ့သည်ဟုသိရသည်။

ထို့အပြင်စစ်တပ်မှာအထိနာ​​နေသဖြင့် ဧပြီ ၂၃ရက်တွင် အင်အား ၁၀၀ ပါသည့် စစ်သားများက စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ​တောလမ်းအတိုင်းလာကြိုခဲ့သည်ဟုလည်းဆိုသည်။

လက်ရှိတွင် CDF-CDM (စီးယင်း) ရဲဘော်များအထိအခိုက်မရှိ ပြန်ဆုတ်နိုင်ပြီး ကလေး-သိုင်းငင်းလမ်းကိုလည်း အသုံးပြုနိုင်ပြီဖြစ်ကြောင်းလည်းအသိ​ပေးသည်။

ဧပြီ ၂၃ရက်ညနေပိုင်းတွင် စစ်ကူလာသော PDF Zoland ကိုလည်းကျေးဇူးအထူးတင်ရှိ​ကြောင်းလည်းကလေး-သိုင်းငင်းလမ်းအသုံးပြုရန်နိုင်သော်လည်း သိုင်းငင်း-ဖလမ်း-ဟားခါးလမ်းပိုင်းကိုမူ ပြန်လည်ဖွင့်ပေးခြင်းမရှိသေးကြောင်း ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။