Connect with us

Hi, what are you looking for?

သတင်း

နော်​ဝေဗဟိုဘဏ်က ကိုရီးယားနှင့်အိန္ဒိယရေနံကုမ္ပဏီနှစ်ခုကိုစစ်တပ်နှင့်ဆက်နွှယ်​နေ၍ ရင်းနှီးမြှပ်နှံ​သောစာရင်းမှ ဖယ်ထုတ်လိုက်ကြောင်းကြေညာ

စစ်တပ်က အာဏာသိမ်းပြီးနောက်တောင်ကိုရီးယားနိုင်ငံမှ POSCOကုမ္ပဏီက စစ်ကောင်စီအတွက် အကျိုးအမြတ်ရရှိစေမည့် ရခိုင်ကမ်းလွန်ရှိရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင်ဓါတ်အားထုတ်လုပ်၍ တရုတ်သို့ ပို့လွှတ်​ရောင်းချ​သောစီမံ ကိန်းတွင်ဆက်လက်လုပ်ကိုင်လျက်ရှိသည်။

(​နော်​ဝေဗဟိုဘဏ်ကို ​တွေ့ရစဥ်။ဓါတ်ပုံ-File Photo)
(​နော်​ဝေဗဟိုဘဏ်ကို ​တွေ့ရစဥ်။ဓါတ်ပုံ-File Photo)

နော်ဝေးဗဟိုဘဏ်သည် မြန်မာစစ်တပ်နှင့်စီးပွားရေးဆက်လက်လုပ်ကိုင်နေသည့် ကိုရီးယားနှင့် အိန္ဒိယရေနံကုမ္ပဏီနှစ်ခုကို ဖယ်ထုတ်လိုက်ကြောင်း ဧပြီ ၂၇ ရက်တွင်ထုတ်ပြန်သည်။

ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံရှိသည့် ကမ္ဘာ့အကြီးဆုံးချေးငွေရန်ပုံငွေမှ ကိုရီးယားရေနံကုမ္ပဏီ KOGASနှင့် အိန္ဒိယရေနံကုမ္ပဏီ GAILတို့ကို ချေးငွေထုတ်ပေးမည့်စာရင်းမှ ထုတ်ပယ်လိုက်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ဒီကုမ္ပဏီတွေဟာ စစ်ပွဲနဲ့ ပဋိပက္ခများကြားထဲတွင် လူတစ်ဦးချင်းစီရဲ့အခွင့်အရေးကို ချိုးဖောက်တာနဲ့ပံ့ပိုးကူညီပေးနေတာကို လက်ခံနိုင်ဖွယ်မရှိဘူး။ဒီကုမ္ပဏီတွေကမြန်မာစစ်တပ်နဲ့ ပတ်သတ်ဆက်နွယ်ပြီး စီးပွားရေးလုပ်နေတယ်”ဟု အဆိုပါနော်ဝေးဗဟိုဘဏ်ဖြစ်သည့် Norges Bankက ထုတ်ပြန်ထားသည်။

နော်ဝေးဗဟိုဘဏ် Norges Bank သည်ကမ္ဘာတဝန်းရှိ ကုမ္ပဏီပေါင်း ၉၂၀၀ ကျော်တွင် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၄ ထရီလီယံရင်းနှီးမြှပ်နှံထားသည်။ Norges Bankသည် ကိုရီးယား KOGASကုမ္ပဏီတွင် ဒေါ်လာ ၅ ဒဿမ ၅ သန်းရင်းနှီးမြှပ်နှံထားပြီး ထိုပမာဏသည် ထိုကိုရီးယားကုမ္ပဏီ၏ရှယ်ယာ ၀ ဒသမ ၂၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

Public Service Announcement

Public Service Announcement

အလားတူအိန္ဒိယ အစိုးရပိုင် GAILတွင်လည်း ဒေါ်လာ ၇၀ ဒဿမ ၂ သန်းရင်းနှီးမြှပ်နှံထားပြီး ထိုကုမ္ပဏီ၏ ၀ ဒဿမ ၉၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ကိုရီးယား POSCO က ၅၁ ရာခိုင်နှုန်း၊ အခြားတောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သည့် KOGAS က ၁၇ ရာခိုင်နှုန်း၊ စစ်​ကောင်စိ လက်​အောက်​ရောက်​နေ​သော မြန်မာ့ရေနံနှင့် သဘာဓာတ်ငွေ့လုပ်ငန်း (MOGE)က ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံပိုင် ONGC နှင့် အခြားအိန္ဒိယကုမ္ပဏီတစ်ခုဖြစ်သော GAIL တို့က ၈ ဒသမ ၅ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်တောင်ကိုရီးယားနိုင်ငံမှ POSCOကုမ္ပဏီက စစ်ကောင်စီအတွက် အကျိုးအမြတ်ရရှိစေမည့် ရခိုင်ကမ်းလွန်ရှိရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင်ဓါတ်အားထုတ်လုပ်၍ တရုတ်သို့ ပို့လွှတ်​ရောင်းချ​သောစီမံ ကိန်းတွင်ဆက်လက်လုပ်ကိုင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ကို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပြီး ၁၂ရက်အတွင်း အရပ်သား ၄ဦး သေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ဦး ဒဏ်ရာရခဲ့ပါတယ်။