Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်း-ဖောင်းပြင်နယ်စပ်နယ်မြေရှင်းလင်းစဉ် ပျူနှင့် ဌာနေပြည်သူစစ်ဟုယူဆရသူ ၁၀ ဦး​သေ ၊နှစ်ဦးဒဏ်ရာပြင်းထန်

ဟုမ္မလင်းမြို့နယ်တွင် စစ်​ကောင်စီတပ်နှင့် SNA ပြည်သူစစ်တပ်ဖွဲ့များကို PDF များ၊ပကဖ များက KIA နှင့်ပူး​ပေါင်း၍ မကြာခဏတိုက်ခိုက်သည်။

(ဟုမ္မလင်းပြည်သူ့ကာကွယ်​ရေးတပ်​ပေါင်းစုနှင့် ​ဖောင်းပြင်PDF နှင့် ပကဖ တပ်​ပေါင်းစု။ ဓါတ်ပုံ-HPDF)
(ဟုမ္မလင်းပြည်သူ့ကာကွယ်​ရေးတပ်​ပေါင်းစုနှင့် ​ဖောင်းပြင်PDF နှင့် ပကဖ တပ်​ပေါင်းစု။ ဓါတ်ပုံ-HPDF)

▪︎လက်နက် ၇လက်ရ၊ ကိုယ်တိုင်လက်နက်လာအပ်သူအချို့ လည်းရှိဟု HPDF ထုတ်ပြန်

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ် အစပ်ရှိ ကျေးရွာများကို နယ်မြေရှင်းလင်းရာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနှင့် ဌာနေ ပြည်သူ့စစ်ဟု ယူဆရသူများ သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိသည်ဟု ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်(HPDF)က ယနေ့သတင်းထုတ်ပြန်သည်။

ဟုမ္မလင်းပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု၊ ဖောင်းပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဖောင်းပြင် (ပ.က.ဖ) အင်အားစုများသည် ဧပြီ ၂၈ရက်မှ စတင်ပြီး ဟုမ္မလင်း-ဖောင်းပြင် နယ်စပ် သဖန်းဆိပ်၊ နောင်ဆွတ်ခါး၊ ကရွတ်သာ၊ နတ်ပမောင်း၊ နတ်စက် စသည့် ချင်းတွင်းမြစ်ကမ်းနံဘေး ကျေးရွာများအား စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေးများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

နယ်​မြေရှင်းလင်းစဉ် ကင်းပတ်လာသော ပျူစောထီးနှင့် ဌာနေအမျိုးသားတပ်ဖွဲ့ ဟု ယူဆရသူ (၁၀) ဦး သေဆုံးပြီး၊ ကျန် ၂ ဦးမှာ လက်ပြတ် နှင့် ဒဏ်ရာပြင်းထန်ရရှိကြောင်း၊ ဌာနေပြည်သူ့စစ်များထံမှ လက်လုပ်သေနတ် (၁၂ ဗို့) ၇ လက် သိမ်းဆည်းရရှိခဲ့ကြောင်းလည်း​​ဖော်ပြထားသည်။

လက်နက် အချို့မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်အပ်နှံခြင်းဖြစ်​ကြောင်းလည်းအသိပေးထားသည်။

Public Service Announcement

Public Service Announcement

ပျူနှင့်ပြည်သူ့စစ်များ​သေဆုံး ဒဏ်ရာရရှိမှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

ထို့အပြင် ဧပြီ ၂၉ရက်တွင် ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု မှ ဝန်းရံပိတ်ဆို့ထားသောဟုမ္မလင်းမြို့နယ်၊ ဝဲဟက်ကျေးရွာအား အာဏာသိမ်းစစ်တပ်မှ လေကြောင်းမှ လာရောက်ပစ်ခတ်ခဲ့သည်ဟု ဖော်ပြသည်။

လက်ရှိအချိန်တွင် ဟုမ္မလင်း-ဖောင်းပြင် အစပ်ရှိ ချင်းတွင်းမြစ်ကမ်းနံဘေး ကျေးရွာများတွင် စစ်ဆိုင်ထားဆဲဖြစ်ကြောင်းသိရသည်။

တိုက်ခိုက်မှုများအတွင်း ကာကွယ်ရေးတပ်ပေါင်းစုများဘက်က ထိခိုက်မှုရှိမရှိ အခြေအနေကို ဖော်ပြထားခြင်းမရှိပေ။

အဆိုပါ ဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် ဟုမ္မလင်း PDF ထံသို့ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

(ဟုမ္မလင်းပြည်သူ့ကာကွယ်​ရေးတပ်​ပေါင်းစုနှင့် ​ဖောင်းပြင်PDF နှင့် ပကဖ တပ်​ပေါင်းစု။ ဓါတ်ပုံ-HPDF)
(ဟုမ္မလင်းပြည်သူ့ကာကွယ်​ရေးတပ်​ပေါင်းစုနှင့် ​ဖောင်းပြင်PDF နှင့် ပကဖ တပ်​ပေါင်းစု။ ဓါတ်ပုံ-HPDF)

အလားတူဟုမ္မလင်းမြို့နယ်ရှိဝဲဟက်နယ်မြေရဲကင်းနှင့်အောင်သာယာ၊ အောင်စည်သာ၊ ထိန်းကူး ရဲကင်းစခန်းများကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကဧပြီ ၂၉ ရက်နေ့ နံနက် ငါးနာရီခန့်တွင် တပြိုင်နက် တ်ုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့​သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရဲစခန်း ၄ ခုစလုံးကိုသိမ်းလိုက်နိုင်တယ်။ စစ်တပ်ဘက်က အထိအခိုက်ကိုတော့ သတင်းမရသေးဘူး။ ကိုယ့်ကလေးတွေတော့ တစ်ယောက်မှ အထိအခိုက်မရှိခဲ့ဘူး”ဟု အထက်ပါ တာဝန်ရှိသူက People’s Spring သို့ ဧပြီ ၂၉.ရက်တွင် ရဲကင်းစခန်း ​၄ ခုတိုက်ခိုက်သိမ်းပိုက်ခဲ့​သောတိုက်ပွဲများနှင့်ပတ်သပ်၍ပြောသည်။

ရဲကင်းစခန်းများစီးနင်းတိုက်ခိုက်ခံရသဖြင့်စစ်ကောင်စီတပ်က တံတားဦးလေဆိပ်မှ ဂျက်ဖိုက်တာတစ်စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း မြေပြင်တိုက်ပွဲဝင်ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့​သောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လည်း​ပြောသည်။

ထို့အပြင်ဖောင်းပြင်မြို့နယ်တွင်လည်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်‌ရေးမဟာမိတ်တပ်ဖွဲ့က နှစ်ရက်ဆက်တိုက်ခိုက်ခဲ့​ပျူစောထီး (၇) ဦးထက်မနည်းသေပြီး စစ်ကောင်စီကလေကြောင်းမှလာရောက်ပစ်ခတ်ခဲ့ကြောင်း​​ဒေသခံကာကွယ်​ရေးအဖွဲ့အချို့က​ပြောသည်။

ဖောင်းပြင်မြို့နယ် ၊ဆယ်ချောင်းရွာရှိ ပျူစောထီး စခန်းကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် ပူးပေါင်းမဟာမိတ်များက ဧပြီ ၂၈ရက် နံနက်အစောပိုင်းက တိုက်ခိုက်ခဲ့ရာ ပျူစောထီး ခုနှစ် ဦးထက်မနည်းသေဆုံးပြီး သေနတ် ငါးလက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။ထို့အပြင်ဧပြီလ ၂၉ ရက်နံနက်၅နာရီခန့်တွင်လည်းဟုမ္မလင်းနှင့်ဖောင်းပြင်နယ်စပ်ရှိ ပျူစောထီးများ တပ်စွဲထားသော စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ကထပ်မံ တိုက်ခိုက်ခဲ့ကြောင်း​ဒေသခံအချို့က​ပြောသည်။

(ဟုမ္မလင်းပြည်သူ့ကာကွယ်​ရေးတပ်​ပေါင်းစုနှင့် ​ဖောင်းပြင်PDF နှင့် ပကဖ တပ်​ပေါင်းစု။ ဓါတ်ပုံ-HPDF)
(ဟုမ္မလင်းပြည်သူ့ကာကွယ်​ရေးတပ်​ပေါင်းစုနှင့် ​ဖောင်းပြင်PDF နှင့် ပကဖ တပ်​ပေါင်းစု။ ဓါတ်ပုံ-HPDF)

​ထို​ကြောင့် ဟုမ္နလင်း၊​ဖောင်းပြင် ​ဒေသတွင် ​ဒေသခံကာကွယ်​ရေးတပ်များက ယခုရက်ပိုင်းတွင် စစ်ဆင်​ရေးများဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဟုမ္မလင်းမြို့နယ် ၊​ရွှေပြည်​အေးမြို့သစ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယခုနှစ် ​ဖေ​​ဖော်ဝါရီ ၁ ရက်တွင် မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့သည်။ စစ်တပ်နှင့် ရှမ်းနီတပ်များ အထိနာပြီး စစ်တပ်က​လေ​ကြောင်းမှ အကြိမ်ကြိမ်လာ​ရောက်စစ်ကူ​ပေးခဲ့သည်။စစ်တပ်က အင်အား ရာနှင့်ချီ၍ ​ရွှေပြည်​အေးမြို့ကို ထိုးစစ်ဆင်ပြီး ​ဖေ​ဖော်ဝါရီ ဒုတိယပါတ်မှ မြို့ကို ပြန်ထိန်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဟုမ္မလင်းမြို့နယ်တွင် စစ်​ကောင်စီတပ်နှင့် SNA ပြည်သူစစ်တပ်ဖွဲ့များကို PDF များ၊ပကဖ များက KIA နှင့်ပူး​ပေါင်း၍ မကြာခဏတိုက်ခိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။