Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အမရပူရ ရဲစခန်း ဒရုန်းနဲ့ဗုံးချခံရပြီး ၅ ဦးထိခိုက်ဒဏ်ရာရ

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ရဲစခန်းရှေ့က စစ်ကိုင်း − မန္တလေး ကားလမ်းကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့် ယာယီ ပိတ်ပင်လိုက်ပါတယ်။

အမရပူရ ရဲစခန်း ဒရုန်းနဲ့ဗုံးချခံရပြီး ၅ ဦးထိခိုက်ဒဏ်ရာရ
အမရပူရ ရဲစခန်း ဒရုန်းနဲ့ဗုံးချခံရပြီး ၅ ဦးထိခိုက်ဒဏ်ရာရ

မန္တလေးမြို့၊ အမရပူရမြို့မရဲစခန်း မနေ့ မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်တာခံလိုက်ရပြီး ၅ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ရဲအသိုင်းအဝိုင်းဆီကသိရပါတယ်။

စစ်ကိုင်း − မန္တလေး ကားလမ်းဘေးမှာရှိတဲ့ အမရပူရရဲစခန်းကို မေလ ၁ ရက် မနက် ၆ နာရီမှာ တစ်ကြိမ်၊ မနက် ၁၀ နာရီမှာ တစ်ကြိမ် ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခံရတာပါ။

ပထမ တစ်ကြိမ် မှာ ရဲစခန်းကိုမကျဘဲ အနီးက နေအိမ်နားကျရောက် ပေါက်ကွဲပြီး. ဒုတိယအကြိမ်မှာ ရဲစခန်းဝန်းထဲက လူနေလိုင်းခန်းဝန်းကျင် ကို ကျရောက်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ၅ ဦးထိခိုက်ပြီး ရဲဝန်ထမ်း မိသားစုဝင်တွေဖြစ်တယ်လို့ စစ်အုပ်စုဘက်ကဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူ ၅ ဦးရဲ့အသက်အရွယ် ၊ အရပ်သား ပြည်သူ ဟုတ်မဟုတ် ကို သီးခြားအတည်မပြုနိုင်ပါဘူး ။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ရဲစခန်းရှေ့က စစ်ကိုင်း − မန္တလေး ကားလမ်းကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့် ယာယီ ပိတ်ပင်လိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ဧပြီ ၁၇ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ ရင်ကွဲတောင်အနီး၌ စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မမှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် တိုက်ခိုက်ခဲ့ခြင်းဟု အထက်ပါ ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း

မုပ္ပလင်ဂိတ်စခန်းကို မဖျက်သိမ်းဘဲ အင်အားဆက် လက်တိုးချဲ့ပါက ယခုထက် ပိုပြင်းထန်သည့် တိုက် ခိုက်မှုများ ပြုလုပ်ဆသွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။