Connect with us

Hi, what are you looking for?

သတင်း

အမရပူရ ရဲစခန်း ဒရုန်းနဲ့ဗုံးချခံရပြီး ၅ ဦးထိခိုက်ဒဏ်ရာရ

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ရဲစခန်းရှေ့က စစ်ကိုင်း − မန္တလေး ကားလမ်းကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့် ယာယီ ပိတ်ပင်လိုက်ပါတယ်။

အမရပူရ ရဲစခန်း ဒရုန်းနဲ့ဗုံးချခံရပြီး ၅ ဦးထိခိုက်ဒဏ်ရာရ
အမရပူရ ရဲစခန်း ဒရုန်းနဲ့ဗုံးချခံရပြီး ၅ ဦးထိခိုက်ဒဏ်ရာရ

မန္တလေးမြို့၊ အမရပူရမြို့မရဲစခန်း မနေ့ မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်တာခံလိုက်ရပြီး ၅ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ရဲအသိုင်းအဝိုင်းဆီကသိရပါတယ်။

စစ်ကိုင်း − မန္တလေး ကားလမ်းဘေးမှာရှိတဲ့ အမရပူရရဲစခန်းကို မေလ ၁ ရက် မနက် ၆ နာရီမှာ တစ်ကြိမ်၊ မနက် ၁၀ နာရီမှာ တစ်ကြိမ် ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခံရတာပါ။

ပထမ တစ်ကြိမ် မှာ ရဲစခန်းကိုမကျဘဲ အနီးက နေအိမ်နားကျရောက် ပေါက်ကွဲပြီး. ဒုတိယအကြိမ်မှာ ရဲစခန်းဝန်းထဲက လူနေလိုင်းခန်းဝန်းကျင် ကို ကျရောက်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ၅ ဦးထိခိုက်ပြီး ရဲဝန်ထမ်း မိသားစုဝင်တွေဖြစ်တယ်လို့ စစ်အုပ်စုဘက်ကဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူ ၅ ဦးရဲ့အသက်အရွယ် ၊ အရပ်သား ပြည်သူ ဟုတ်မဟုတ် ကို သီးခြားအတည်မပြုနိုင်ပါဘူး ။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ရဲစခန်းရှေ့က စစ်ကိုင်း − မန္တလေး ကားလမ်းကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့် ယာယီ ပိတ်ပင်လိုက်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။