Connect with us

Hi, what are you looking for?

သတင်း

မင်္ဂလာဒုံလေဆိပ်အရာရှိရိပ်သာ အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

KMD 18 အင်အားစုအနေဖြင့် မဟာမိတ်ညီနောင်များနှင့်အတူ ရန်ကုန်မြို့၌ စစ်ကောင်စီ အုပ်ချုပ်၍ မရစေရန်နှင့် အဆုံးသတ်တိုက်ပွဲအထိ လုပ်ဆောင်မည်ဟု ကတိပြုထားသည်။

မင်္ဂလာဒုံလေဆိပ်အရာရှိရိပ်သာ အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
မင်္ဂလာဒုံလေဆိပ်အရာရှိရိပ်သာ အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

▪️စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာပြင်းထန်ဟုဆို

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ​၏ လေတပ်အရာရှိရိပ်သာကို အဝေးထိန်းဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးဒဏ်ရာရရှိကြောင်း KMD 18 အင်အားစုက အသိပေးထားသည်။

မေလ ၂ရက် ည ၇ နာရီကျော်တွင် ပြည်လမ်းနှင့် လေတပ်ဂေါက်ကွင်းလမ်းဆုံအနီးရှိ လေတပ်အရာရှိရိပ်သာကို အဝေးထိန်းဗုံးများဖြင့် တိုက်ခိုက်ခဲ့ရာ အထိအခိုက်အများအပြားရှိပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦး အပြင်းအထန်ဒဏ်ရာရကြောင်း အထက်ပါအင်အားစုက ထုတ်ပြန်ထားသည်။

“ယခုစစ်ဆင်ရေးအား KMD18- အမဲလိုက်သမား (Hunter Unit) မှ “နွေဦးအောင်လံ” စစ်ဆင်ရေးအနေဖြင့် တစ်နိုင်ငံလုံးအား အကြမ်းဖက်စစ်တပ်မှ လေ‌ကြောင်းအားကိုးဖြင့် မတရား ထိုးစစ်ဆင်နေမှုကို ကျွနုပ်တို့မှ လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက် သွားခြင်းဖြစ်သည် “ဟု ဆိုသည်။

ယင်းစစ်ဆင်ရေးတွင် ပါဝင်လုပ်ဆောင်ခဲ့သူများ ဘေးကင်းပြီဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

KMD 18 အင်အားစုအနေဖြင့် မဟာမိတ်ညီနောင်များနှင့်အတူ ရန်ကုန်မြို့၌ စစ်ကောင်စီ အုပ်ချုပ်၍ မရစေရန်နှင့် အဆုံးသတ်တိုက်ပွဲအထိ လုပ်ဆောင်မည်ဟု ကတိပြုထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖောက်ခွဲရေးပစ္စည်း သယ်လာတဲ့ ဒရုန်းတစ်စင်းကို လေဆိပ်ထဲ ကျနေတာကို ရှာတွေ့ခဲ့တာက လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု အသစ်တစ်ခု ဖြစ်လာကြောင်း ဂျာမနီ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

သတင်း

အမေရိကန်ဟာ အီရန်ရဲ့ အရပ်ဖက် သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန် အစိုးရ မီဒီယာက စွပ်စွဲ ဖော်ပြခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦး ရုပ်အလောင်းစွန့်ပစ်ထားတာ တွေ့ရှိခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က ကိုထင်လင်းအောင်က ပြောပါတယ်။

နိုင်ငံတကာ

လေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို ရာဇဝတ်မှုမြောက်တဲ့ ရန်လိုမှု တစ်ခုအဖြစ် ကူဝိတ်က စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။