Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် စစ်ကောင်စီတပ်က PDFရဲဘော်နှစ်ဦးနှင့် မသန်စွမ်းတစ်ဦးအား သတ်ဖြတ်

မေလ ၁ ရက်တွင် တစ်အိမ်တည်းကျေးရွာ၌ ပြည်သူ့ကာကွယ်ရေးတပ်များဖြင့် တိုက်ပွဲဖြစ်ကာအထိနာသွား၍ ရွာရှိနေအိမ်၁၀လုံးကျော်မီးရှို့ဖျက်ဆီး သွားသေးသည်။

(တစ်အိမ်တည်းကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ - စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(တစ်အိမ်တည်းကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ - စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး)

▪️ပကဖစခန်းမီးရှို့ရာ မိုင်းကွဲ၍ စစ်အုပ်စု ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက သုံးရက်အတွင်း PDFရဲဘော်နှစ်ဦးနှင့် မသန်စွမ်းတစ်ဦးအား သတ်ဖြတ်သွားပြီး တစ်အိမ်တည်းကျေးရွာနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) စခန်းတစ်ခုကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ဧပြီ ၃၀ရက်က စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးကျေးရွာမှ ထွက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းသည် ရွာမကျေးရွာ၌ ရဲဘော်တစ်ဦးအား ဖမ်းမိပြီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း Sagaing District Medical Team အဖွဲ့က ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်က ရွာမကျေးရွာနေ အမျိုးသား ၁၀ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုလည်း ဒေသခံများက ပြောသည်။

မေလ ၁ ရက်တွင် တစ်အိမ်တည်းကျေးရွာ၌ ပြည်သူ့ကာကွယ်ရေးတပ်များဖြင့် တိုက်ပွဲဖြစ်ကာအထိနာသွား၍ ရွာရှိနေအိမ်၁၀လုံးကျော်မီးရှို့ဖျက်ဆီး သွားသေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲတွင် PDFရဲဘော်တစ်ဦး ကျဆုံးခဲ့ကာ စစ်အုပ်စုက ကျဆုံးရဲဘော်၏ ရုပ်အလောင်းအား ထပ်မံခုတ်ဖြတ်သွားသည်ဟု Sagaing District Medical Team အဖွဲ့က ပြောသည်။

ယမန်နေ့ (မေလ ၂ ရက်)တွင် စစ်ကောင်စီတပ်သည် လက်ပံသာကျေးရွာမှ အသက်(၃၄)နှစ်အရွယ် မသန်စွမ်း ပြည်သူတစ်ဦးကိုပါ သတ်ဖြတ်သွားကြောင်း ၎င်းအဖွဲ့က ဆိုသည်။

“ဧပြီလ၃၀ရက်နေ့က လယ်ကြီးရွာနဲ့ သုံးလင့်ရွာကို နှစ်ဖက်ညှပ်ပြီး စစ်ကြောင်းထိုးခဲ့ပါတယ်။ တစ်အိမ်တည်းရွာကိုဝင်တော့လည်း စက်လတ်နဲ့ တွေ့ရာရမ်းပစ်ပြီး မီးရှို့ခဲ့တယ်။”ဟု တိုက်နယ်စွန် PDFအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ (မေလ ၂ ရက်)နံနက်ကလည်း စစ်ကောင်စီတပ် စစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေး စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ရာ မိုင်းပေါက်ကွဲမှုများကြောင့် အဆိုပါ စစ်ကြောင်း ထိခိုက်မှုများရှိကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထို့​နောက် အဆိုပါစစ်ကြောင်းသည် မြင်းမူမြို့နယ် မူးဝရွာထောင်ဘက်ဦးတည် ထွက်ခွာသွားပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ဝင်ရောက်ခဲ့၍ ပြည်သူတစ်ဦးထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။