Connect with us

Hi, what are you looking for?

သတင်း

ဟားခါးတိုက်ပွဲအထိနာသည့်စစ်ကောင်စီတပ်က ဗန်တလန်ရွာကို လေ‌ကြောင်းတိုက်ခိုက်

လေကြောင်းတိုက်ခိုက်မှုကြောင့် ဗန်တလန်ရွာရှိ ပြည်သူလူထုနေအိမ် ၁၅လုံး ပျက်စီးခဲ့သော်လည်း ပြည်သူ များ စစ်ရှောင်နေ၍ ထိခိုက်မှုမရှိဟုဆိုသည်။

(ဟားခါးမြို့နယ်ရှိ ဗန်တလန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)
(ဟားခါးမြို့နယ်ရှိ ဗန်တလန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)

▪️ပြည်သူများ စစ်ရှောင်နေ၍ ထိခိုက်သေဆုံးမှုမရှိခြင်းဖြစ်ဟု CNA ပြော

ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ဗန်တလန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထု နေအိမ် ၁၅လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုသည်။

မကွေးတိုင်း ဂန့်ဂေါနယ်မှ ဟားခါးမြို့သို့ တက်လာသည့် စစ်ကောင်စီ၏ တပ်မ(၇၇) လက်အောက်ခံ စစ်ကြောင်းကို ယခုမေလဆန်းပိုင်းတွင် ချင်းပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့သည်။

“ကျနော်တို့နဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ အဲဒီ အခု ဗုံးကြဲတဲ့အနီးတဝိုက်တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ လက်နက် ၁၀လက်သိမ်းဆည်းတာပေါ့။ အဲဒီလို သိမ်းဆည်းပြီးတော့ သူတို့ဘက်က အထိအခိုက် ၁၁ယောက်လောက်ကျတယ်။ အဲဒါနဲ့ ဂျက်ဖိုက်တာနဲ့ အဲဒီမှာ လေးကြိမ်လာပစ်သွားတယ်။ လာပစ်သွားတော့ ဗုံးက ၆လုံးကျတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement
Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် ဗန်တလန်ရွာရှိ ပြည်သူလူထုနေအိမ် ၁၅လုံး ပျက်စီးခဲ့သော်လည်း ပြည်သူ များ စစ်ရှောင်နေ၍ ထိခိုက်မှုမရှိဟုဆိုသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ တိုက်ပွဲဖြစ်တဲ့နေရာကို မဦးတည်ဘဲ ကျေးရွာထဲကိုပဲ သပ်သပ်ဦးတည်ပြီးတော့ လာပစ်သွားတာ။ပြည်သူက ရှောင်နေကြတာပေါ့။ အိုးအိမ်ကတော့ ထိခိုက်ပျက်စီးသွားတာပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

ဖလမ်း နှင့်ဟားခါးမြို့နယ်ကြား ချွန်ကျုံးရွာအနီးတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ဆလိုင်းထက်နီက ပြောကြားသည်။ စစ်ကောင်စီတပ်က အထိနာနေ၍ လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့်ပြုလုပ်လာနိုင်သည်ဟုလည်း၎င်းက သုံးသပ်သည်။

ချင်းပြည်နယ်အတွင်း တိုက်ပွဲများ၌ ထိခိုက်သေဆုံးများသည့် စစ်ကောင်စီတပ်သည် မတ်လကုန်ပိုင်းနှင့် ဧပြီအတွင်း ဖလမ်း၊ ထန်တလန်၊ မင်းတပ်နှင့် တီးတိန်မြို့နယ်စသည့် ဒေသများ၌ လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ CNF ရဲဘော်အချို့ ကျဆုံးပြီး ပြည်သူ ၂၀ဦးကျော် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကရွာ ခုနစ်ရွာမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ တအာင်းတပ်မတော်(TNLA)ကဒီကနေ့(ဇွန်လ ၂၁)မှာထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနိုင်ငံအလယ်ပိုင်း မြင်းခြံ - မြို့သာလမ်းပိုင်းက ကျေးရွာအချို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဗုံးကြဲခံရပြီးအရပ်သားထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသတွင်းအခြေစိုက် တော်လှန်ရေးအဖွဲ့ထံကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် သေဆုံးမှုများနေတယ်လို့ Lion Battalion စစ်ကြောင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်စောပေါ်ဦးကပြောပါတယ်။

သတင်း

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အတွင်းစစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်သားစုဆောင်းခံရသည့် တပ်သားကိုဝေယံထွန်းသည်ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်ခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က ယနေ့ထုတ်ပြန်သည်။