Connect with us

Hi, what are you looking for?

သတင်း

အပြောင်းအလဲအဖြေပေးမည့်နှစ်ဖြစ်၍ စစ်ဒေသအလိုက်ကွပ်ကဲမှုများ လေးစားလိုက်နာကြရန် PDFများအား ပြည်ထောင်စုဝန်ကြီးချုပ် မှာကြား

ပြည်ထောင်စုဝန်ကြီးချုပ်က ယနေ့ ကျရောက်သည့် ကာကွယ်ရေးဝန်ကြီးဌာန၏ PDF ဖွဲ့စည်းခြင်း (၂)နှစ်ပြည့်သို့ သဝဏ်လွှာပေးပို့ရာ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များအား လက်နက် တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - NUG
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များအား လက်နက် တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - NUG

“ငါတို့ဟာ အကြမ်းဖက်စစ်တပ်ကို ရင်ဆိုင်တိုက်ထုတ်ရင်း အကြမ်းဖက်လိုစိတ်တွေမပေါ်ပေါက်ဖို့ အမြဲသတိ၊ သတိနဲ့ ဆင်ခြင်ရပါမယ်”

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အနေဖြင့် နေရာအနှံ့၌ ဖြန့်ကျက်ထားနိုင်ပြီဖြစ်သကဲ့သို့ ယခု ၂၀၂၃သည် အပြောင်းအလဲ အဖြေကိုပေးမည့် နှစ်တစ်နှစ် ဖြစ်သည်နှင့်အညီ စစ်ရေးရည်မှန်း ချက်များ ပြည့်မီရေး စစ်ဒေသကြီးများအလိုက် ကွပ်ကဲမှုများကိုလည်း လေးစားလိုက်နာကြရန်လို ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ပြည်ထောင်စုဝန်ကြီးချုပ်က ယနေ့ ကျရောက်သည့် ကာကွယ်ရေးဝန်ကြီးဌာန၏ PDF ဖွဲ့စည်းခြင်း (၂)နှစ်ပြည့်သို့ သဝဏ်လွှာပေးပို့ရာ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ အကြမ်းဖက်စစ်တပ်ကို ရင်ဆိုင်အံ့တုပြီး နိုင်ပွဲတွေဆက် အောင်ပွဲတွေ ခံနေပါပြီ။ များမကြာမီ ကာလမှာပဲ ပြည်တော်ဝင်စစ်ချီပြီး အကြမ်းဖက် စစ်တပ်နဲ့ အာဏာရှင်စနစ်ဆိုးကို မြေလှန်ချေမှုန်းကြပါစို့” ဟုလည်း ဝန်ကြီးချုပ်က ပြောသည်။

တော်လှန်ရေးသည်အောင်ပွဲခံရန် နီးသထက်နီးလာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဘယ်လိုပင် ခက်ခဲကြမ်းတမ်းပါစေ အရေးတော်ပုံအောင်ရမည်ဆိုတဲ့ စိတ်ကို နှလုံးသွင်းပြီး ဇွဲရှိရှိ ဆက်လက် ရပ်တည်ကြပါ။အချင်းချင်း ညီညွတ်ပါ။ စည်းလုံးပါ။ ယုံကြည်ချက်အပေါ် မြဲမြံ သစ္စာစောင့်သိပါ။ အပြန်အလှန် လေးစားတန်ဖိုးထားပါ။ ရိုင်းပင်းကူညီပါ”ဟု ဝန်ကြီးချုပ်က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်သည်တော်စည်းကမ်းများကို အမြဲသတိရှိ လိုက်နာကြရန်လည်း PDFများကို ပြည်ထောင်စု ဝန်ကြီးချုပ်က မှာကြားသည်။

“ငါတို့ဟာ အကြမ်းဖက်စစ်တပ်ကို ရင်ဆိုင်တိုက်ထုတ်ရင်း အကြမ်းဖက်လိုစိတ်တွေ မပေါ်ပေါက်ဖို့ အမြဲသတိ သတိနဲ့ ဆင်ခြင်ရပါမယ်။ ငါတို့ဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်တပ်ကို တော်လှန်တိုက်ထုတ်နေတဲ့ ပြည်သူ့တပ်မတော်သာဖြစ်တယ်။ ဒါကြောင့် ပြည်သူတို့တွေရဲ့ အကျိုးစီးပွားကို အမြဲဗဟိုပြုပါ။ ငါတို့ဟာ တရားမျှတမှုအတွက် လွတ်လပ်မှုအတွက် တန်းတူညီမျှမှုအတွက် လူ့အခွင့်အရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် တော်လှန်တိုက်ပွဲဝင်နေကြခြင်းဖြစ်တယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတပ်ဖွဲ့များ၊ စစ်ကြောင်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကို စနစ်တကျ ဖွဲ့စည်းတည်ထောင်လျက်ရှိရာ နှစ်နှစ်တာအတွင်း လူအင်အားအရ စစ်ကောင်စီတပ်ထက် သာလွန်အင်အားရှိနေပြီး အဆုံးသတ်တိုက်ပွဲအတွက် မဟာဗျူဟာအရ စစ်လက်နက်များ တပ်ဆင်နိုင်ရေး အားစိုက်လုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ပြန်အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။