Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်း – ကရင်နီဒေသအစပ်တွင် တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ထိခိုက်မှုရှိ

နှစ်လကျော်ကြာမြင့်နေသော ဖယ်ခုံ-မိုးဗြဲ တိုက်ပွဲ တွင် စစ်ရှောင် ၄,၀၀၀ ထက်မနည်းရှိနေပြီး စစ်ကောင်စီက ရိက္ခာဖြတ်တောက်မှုကြောင့် ဒေသခံပြည်သူအများစု အခက်အခဲများစွာ ရင်ဆိုင်နေရသည်။

(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

ရှမ်း – ကရင်နီ(ကယား)ဒေသအစပ်တွင် တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

ယနေ့(မေလ ၅ ရက်) နံနက် ၄ နာရီခန့်ကစ၍ ဖယ်ခုံ-ပင်လောင်း ဒေသကြားရှိ တောင်စလုံးကျေးရွာ တိုက်ပွဲမှာ စတင်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပါ ရယူခဲ့သည်ဟု ဆိုသည်။

“စကစဘက်က ပြန်ပြီး ထိုးစစ်ဆင်လာလို့ တိုက်ပွဲ ပြန်ဖြစ်နေတာ။တနေ့ကတော့ ရဲဘော်နှစ် ယောက် လက်နက်ကြီး ထိပြီး ကျသွားတာရှိတယ်။အခုထိလည်း တိုက်ပွဲက ပြင်းထန်နေဆဲပဲ”ဟု KNDF တာဝန်ရှိသူက လူထုနွေဦး သို့ပြောသည်။

ယနေ့ နံနက်ပိုင်းတိုက်ပွဲများမှာ တောင်စလုံး၊ ကန်မိုက်၊ ဘန်းမိုက်ရွာအနီးများတွင် ဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

မေလ ၃ ရက်က တောင်စလုံးကျေးရွာ တိုက်ပွဲအတွင်း ရဲဘော်စန်းမျိုးကျော်နှင့် ရဲဘော်တင်အောင်မျိုးတို့ ကျဆုံးခဲ့ကြောင်း KNDF တပ်ရင်း (၁၁) က ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

ဖယ်ခုံ-ပင်လောင်း တိုက်ပွဲများတွင် အထိနာခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် ဧပြီ ၂၅ ရက်က ပင် လောင်းမြို့နယ်တောင်မဲသင်းရွာသို့ ဆုတ်ခွာခဲ့ပြီး ယခုလ ၂ ရက်ကစ၍ ပြန်လည်ထိုးစစ်ဆင်ဝင်ရောက် လာခြင်းဖြစ်သည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မိုးဗြဲအနောက်ဘက်ခြမ်း ရီနွဲ့ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် ယနေ့ နံနက်ပိုင်းက နှစ်ကြိမ်တိုင် ဗုံးကျဲခဲ့သည်။

“လူထိခိုက်တာတော့ အသေးစိတ်မသိရပေမယ့် နေ အိမ်အချို့ မီးလောင်သွားတယ်”ဟု မိုးဗြဲ စစ်ရှောင် ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

နှစ်လကျော်ကြာမြင့်နေသော ဖယ်ခုံ-မိုးဗြဲ တိုက်ပွဲ တွင် စစ်ရှောင် ၄,၀၀၀ ထက်မနည်းရှိနေပြီး စစ်ကောင်စီက ရိက္ခာဖြတ်တောက်မှုကြောင့် ဒေသခံပြည်သူအများစု အခက်အခဲများစွာ ရင်ဆိုင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။