Connect with us

Hi, what are you looking for?

သတင်း

ရှမ်း – ကရင်နီဒေသအစပ်တွင် တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ထိခိုက်မှုရှိ

နှစ်လကျော်ကြာမြင့်နေသော ဖယ်ခုံ-မိုးဗြဲ တိုက်ပွဲ တွင် စစ်ရှောင် ၄,၀၀၀ ထက်မနည်းရှိနေပြီး စစ်ကောင်စီက ရိက္ခာဖြတ်တောက်မှုကြောင့် ဒေသခံပြည်သူအများစု အခက်အခဲများစွာ ရင်ဆိုင်နေရသည်။

(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(KNDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

ရှမ်း – ကရင်နီ(ကယား)ဒေသအစပ်တွင် တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

ယနေ့(မေလ ၅ ရက်) နံနက် ၄ နာရီခန့်ကစ၍ ဖယ်ခုံ-ပင်လောင်း ဒေသကြားရှိ တောင်စလုံးကျေးရွာ တိုက်ပွဲမှာ စတင်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပါ ရယူခဲ့သည်ဟု ဆိုသည်။

“စကစဘက်က ပြန်ပြီး ထိုးစစ်ဆင်လာလို့ တိုက်ပွဲ ပြန်ဖြစ်နေတာ။တနေ့ကတော့ ရဲဘော်နှစ် ယောက် လက်နက်ကြီး ထိပြီး ကျသွားတာရှိတယ်။အခုထိလည်း တိုက်ပွဲက ပြင်းထန်နေဆဲပဲ”ဟု KNDF တာဝန်ရှိသူက လူထုနွေဦး သို့ပြောသည်။

ယနေ့ နံနက်ပိုင်းတိုက်ပွဲများမှာ တောင်စလုံး၊ ကန်မိုက်၊ ဘန်းမိုက်ရွာအနီးများတွင် ဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

မေလ ၃ ရက်က တောင်စလုံးကျေးရွာ တိုက်ပွဲအတွင်း ရဲဘော်စန်းမျိုးကျော်နှင့် ရဲဘော်တင်အောင်မျိုးတို့ ကျဆုံးခဲ့ကြောင်း KNDF တပ်ရင်း (၁၁) က ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

ဖယ်ခုံ-ပင်လောင်း တိုက်ပွဲများတွင် အထိနာခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် ဧပြီ ၂၅ ရက်က ပင် လောင်းမြို့နယ်တောင်မဲသင်းရွာသို့ ဆုတ်ခွာခဲ့ပြီး ယခုလ ၂ ရက်ကစ၍ ပြန်လည်ထိုးစစ်ဆင်ဝင်ရောက် လာခြင်းဖြစ်သည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မိုးဗြဲအနောက်ဘက်ခြမ်း ရီနွဲ့ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် ယနေ့ နံနက်ပိုင်းက နှစ်ကြိမ်တိုင် ဗုံးကျဲခဲ့သည်။

“လူထိခိုက်တာတော့ အသေးစိတ်မသိရပေမယ့် နေ အိမ်အချို့ မီးလောင်သွားတယ်”ဟု မိုးဗြဲ စစ်ရှောင် ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

နှစ်လကျော်ကြာမြင့်နေသော ဖယ်ခုံ-မိုးဗြဲ တိုက်ပွဲ တွင် စစ်ရှောင် ၄,၀၀၀ ထက်မနည်းရှိနေပြီး စစ်ကောင်စီက ရိက္ခာဖြတ်တောက်မှုကြောင့် ဒေသခံပြည်သူအများစု အခက်အခဲများစွာ ရင်ဆိုင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။