Connect with us

Hi, what are you looking for?

သတင်း

ထားဝယ် – ထီးခီးနယ်စပ်မှပြန်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

ထားဝယ်စုပေါင်းစစ်ကြောင်း(Dawei Collective Column)တွင် EasternDefenseForce-EDF၊ DaweiDefenseTeam-DDT၊ ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(DSPDF)တို့ ပါ၀င်သည်။

(ထား၀ယ်စုပေါင်းစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များအား တွေ့ရစဉ်)
(ထား၀ယ်စုပေါင်းစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များအား တွေ့ရစဉ်)

ထိခိုက်သေဆုံးရှိနိုင်ဟု ထား၀ယ်စုပေါင်းစစ်ကြောင်းပြော

ထား၀ယ် – ထီးခီးနယ်စပ်ဒေသမှပြန်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို လမ်းတစ်နေရာမှ စောင့်ကြို၍ မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထား၀ယ်စုပေါင်းစစ်ကြောင်းမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့ (မေလ ၉ ရက်)နံနက် ၈ နာရီခန့်တွင် ထား၀ယ်စုပေါင်းစစ်ကြောင်းမှ ရဲဘော်များက ထား၀ယ်နယ် အရှေ့တောဒေသ အညာဖျားကျေးရွာအနီး တောလမ်းတစ်အတိုင်း စစ်ကောင်စီတပ်သားများလာရောက်မည်ကို သတင်းကြိုရ၍ တိုက်ခိုက်ရန်အတွက် တိုက်မိုင်းလေးလုံးမြှပ်နှံထားခဲ့သည်ဟု ဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်စစ်ကြောင်းအား တိုက်မိုင်းနှစ်လုံးဖြင့် ပေါက်ကွဲမှုဖြစ်ပြီး အများအပြားထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျ မသိရသေးဟု စုပေါင်းစစ်ကြောင်းမှ တာ၀န်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

“မိုင်းကအကြီးအစား အသုံးပြုထားတာပါ။ ခြေပြတ်၊ လက်ပြတ်တွေ၊ ခေါင်းကွဲသွားတာတွေ၊ သေတဲ့သူလည်းရှိတယ်လို့ သိရပါတယ်”ဟု ၎င်းတာ၀န်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

ထားဝယ်ဒေသခံတစ်ဦးက “စစ်ကောင်စီတပ်ကအင်အား ၁၀၀လောက်ပါတယ်။ ထိုင်းနယ်စပ်က ပြန်လာတာတဲ့။ အရပ်သား ၆ယောက်ကို ဖမ်းသွားတယ်လို့ကြားတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၃ ရက်ကလည်း ထား၀ယ်နယ် မဲချောင်းကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းငယ်တစ်ခုကို ထား၀ယ်ခရိုင် PDF တပ်ရင်း (၁)နှင့်ထား၀ယ်စုပေါင်းစစ်ကြောင်းတို့ပူးပေါင်းပြီး ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့သေးသည်။

ထားဝယ်စုပေါင်းစစ်ကြောင်း(Dawei Collective Column)တွင် EasternDefenseForce-EDF၊ DaweiDefenseTeam-DDT၊ ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(DSPDF)တို့ ပါ၀င်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။