▪︎ စစ်တွေ၊ ပေါက်တော၊ မြေပုံမြို့နယ် တို့တွင်မုန်တိုင်းဒီရေအမြင့်ဆုံးတက်နိုင်ဟုNUG-MOHADM သတိပေး
မိုခါ(မိုချာ)ဆိုင်ကလုန်းမုန်တိုင်းသည် မနက်ဖြန် (မေ ၁၄)နေခင်းပိုင်းတွင် ရခိုင်ကမ်းရိုးတန်းကိုဖြတ်ကျော်ချိန်တွင်လေတိုက်နှုန်း တစ်နာရီလျှင် အနိမ့်ဆုံး၁၀၅ မိုင်မှ အမြင့်ဆုံး ၁၂၄ မိုင် အထိ့နှုန်းဖြင့်တိုက်ခတ်နိုင်ကြောင်းအိန္ဒိယမိုးဇလက ယနေ့ညနေတွင်ခန့်မှန်းချက်ထုတ်ပြန်သည်။
မုန်တိုင်းသည် အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်းတိုင်း အဖြစ် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှ လွန်ခဲ့သော ၆ နာရီအတွင်း အရှေ့မြောက်ဘက်အရပ်သို့ တစ်နာရီလျှင် ၁၂ မိုင်ခန့်နှုန်းဖြင့်ရွေ့လျားနေသည်။ ယနေ့ညမှ မနက်ဖြန်မနက်ပိုင်းအထိ့ ပိုမိုအားကောင်းလာကာ တစ်နာရီလေတိုက်နှုန်း ၁၂၄-၁၃၀ မိုင်မှ ၁၄၂ မိုင်အထိ့အမြင့်ဆုံးရောက်လာမည်ဟုဆိုသည်။ ထိုနောက်လေတိုက်နှုန်း ပြန်လည်ကျဆင်းလာမည်ဟု အိန္ဒိယမိုးဇလ(IMD)ကခန့်မှန်းတွက်ချက်ထားသည်။


မြန်မာနိုင်ငံ ကျောက်ဖြူ ၊စစ်တွေ နှင့် ဘင်္ဂလားဒေရှ်နိုင်ငံ ကော့ဘဇာမြို့ကြားမှ ဖြတ်သန်းချိန်တွင် လေတိုက်နှုန်း မှာအနိမ့်ဆုံး တစ်နာရီလျှင် ၁၀၅ မိုင်မှ အမြင့်ဆုံး ၁၂၄ မိုင်အထိ့တိုက်ခတ်နိုင်ကာ ကုန်းတွင်းဝင်ရောက်သည်နှင့်လေတိုက်နှုန်းလျော့ကျသွားမည်ဟုခန့်မှန်းထားသည်။ ထိုကြောင့် မိုခါမုန်တိုင်း ကုန်းတွင်းဝင်ရောက်ချိန် လေတိုက်နှုန်းမှာ အိန္ဒိယမိုးဇလ ယခင်နေ့များခန့်မှန်းချက်များထက်ပိုများလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖျက်အားပြင်းမုန်တိုင်းအဖြစ် ၂၀၀၈ မေလ၂ ၊၃ရက်တွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းက တစ်နာရီလေတိုက်နှုန်း မိုင် ၁၃၀ ကျော်ဖြင့်တိုက်ခတ်ခဲ့ပြီး ၊ ၂၀၁၀ အောက်တိုဘာ ၂၃ တွင် ဂီရိမုန်တိုင်းက ရခိုင်ကမ်းရိုးတမ်းကို တစ်နာရီလျှင် မိုင် ၁၂၀ နှုန်းဖြင့်တိုက်ခတ်ခဲ့သည်။ထိုကြောင့်မိုခါမုန်တိုင်းသည် ဂီရိမုန်တိုင်းပြီးနောက် ၁၃နှစ်အတွင်း အားအကောင်းဆုံးမုန်တိုင်းဖြစ်လာဖွယ်ရှိသည်။

Public Service Announcement


အမေရီကန်ရေတပ်၏ မုန်တိုင်းစောင့်ကြည့်သတိပေးရေးစင်တာဖြစ်သော JTWC က မုန်တိုင်းသည် ရခိုင်ကမ်းရိုးတမ်းဝင်ခါနီး အချိန် မေ၁၄ ရက်တွင် တစ်နာရီ လေတိုက်နှုန်း ၁၃၂ မိုင်ထိ့ရှိသည်ဟုဆို သော်လည်း မြန်မာ့ကမ်းရိုးတန်းကိုလေတိုက်နှုန်းမည်မျှဖြင့်တိုက်ခတ်မည်ကိုမူ ဖော်ပြထားခြင်းမရှိသေးပေ။
အမေရီကန်အခြေစိုက်မုန်တိုင်းနှင့် ရာသီဥတုစောင့်ကြည့်သတိပေးနေသော Wunderground ကလည်း ရခိုင်ကမ်းရိုးတန်းကို မဝင်ခင် တစ်နာရီလေတိုက်နှုန်း မိုင် ၁၃၀ အထိရှိသည်ဆိုသော်လည်း ရခိုင်ကမ်းရိုးတန်းကိုလေတိုက်နှုန်းမည်မျှဖြင့်တိုက်ခတ်မည်ကို ဖော်ပြမထားပေ။သို့သော် ရခိုင်ကမ်းခြေဝင်ခါနီးတွင် မုန်တိုင်းအဆင့် ၃ ( Category-3) ဖြစ်သည်။

ပင်လယ်ရေမျက်နှာပြင်အပူချိန်လျော့ကျနေသည်အတွက်မုန်တိုင်းပြင်းအားမှာလျော့ကျသွားနိုင်ကြောင်းလည်းနိုင်ငံတကာမိုးဇလပညာရှင်အချို့ကလည်းခန့်မှန်းထားသည်။မုန်တိုင်းအနီးပင်လယ်ရေမျက်နှာပြင်အပူချိန် များပါက မုန်တိုင်းမှာအားပိုကောင်းလာတက်ကြောင်း၎င်းတို့ကပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာ(NUG-MOHADM) က မုန်တိုင်းသည် မေလ၁၄ရက်နေ့၊ နေ့လည်ပိုင်းမှစ၍ မုန်တိုင်းသည် ရခိုင်ကမ်းခြေကို မောင်တောနှင့် စစ်တွေမြို့ ကြားမှ စတင်ဖြတ်ကျော်လာနိုင်ပြီး မုန်တိုင်းဒီရေများ နေ့လည်ပိုင်းတွင် စတင် တက်လာနိုင် ပါသည်။
မုန်တိုင်းဒီရေများမှာစစ်တွေမြို့နယ်ကမ်းခြေများတွင် ၁၀ပေ မှ၁၂ပေခန့်၊ရသေ့တောင်၊ပေါက်တော၊မြေပုံမြိုနယ်များတွင် ၁၄ပေမှ ၁၈ပေခန့်၊ကျောက်ဖြူမြို့နယ်၊အမ်းမြို့နယ်ကမ်းခြေတို့တွင် ၁၂ပေ မှ၁၄ပေ ခန့်၊သံတွဲမြို့နယ်၊ဂွမြို့နယ်ကမ်းခြေများတွင် ၆ပေ မှ၈ပေ ခန့် မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသည်။


လေတိုက်နှုန်းမှာ ရခိုင်ကမ်းတန်း (ဂွမြို့နယ်အထိ) တစ်နာရီလျှင် ၆၀မိုင် (တခါတရံ ၆၅-၇၅မိုင် ခန့်) အထိ တိုက်ခတ်နိုင်သည်ဟုဆိုသည်။အခြားခန့်မှန်းချက်များထက် MOHADM ခန့်မှန့်သောလေတိုက်နှုန်းမှာ သိသိသာသာလျော့နည်းနေပြီး ၊ရခိုင်တောင်တန်းများကြောင့်လေတိုက်နှုန်း ၂ ဆင့်လျှော့ချပြီးဖြစ်ပြီးဟု ယခင်ခန့်မှန်းချက်တွင်ရှင်းလင်းထားသည်။

မနက်ဖြန် (မေလ၁၄) တွင် မုန်တိုင်းဆဲလ်များမှာပြိုကွဲ၍ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဘက်သို့ ဦးတည်ရွေ့လျားနိုင်သဖြင့် အဆိုပါဒေသများတွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်း၊ မြေပြိုခြင်းနှင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပွားနိုင်ပါသည်။ ကျန်တစ်ပြည်လုံး တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်သည်ဟု NUG ကခန့်မှန်းသည်။
မေလ၁၅ရက်နေ့တွင်လည်း မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များမှ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း(တစ်တိုင်းလုံး)နှင့် ကချင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုး ထစ်ချုန်းရွာပြီး နေရာကွက်၍မိုကြီးနိုင်ပြီးမြေပြိုဘေး၊ ရေကြီးရေလျှံဘေးများ ကျရောက်နိုင်သည်ဟုသတိပေးထားသည်။ ကျန်ဒေသများတွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ဟုNUGကခန့်မှန်းသည်။
