Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းတိုက်နေချိန် စစ်ကောင်စီတပ်အန္တရာယ်ကြောင့် ခင်ဦးနယ်ရှိ ဒေသခံသုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ယနေ့ (မေလ ၁၄ရက်)နံနက်၆ နာရီခန့်က ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ရှိ စစ်ကောင်စီတပ်နှင့် ရွာသစ်ကုန်းရွာရှိ ပျူစောထီးများသည် ချမ်းသာကုန်းနှင့် အင်းပတ်ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ငယ်များ ပစ်ခတ်ဝင်ရောက်ခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ခင်ဦးနယ်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်နေရသော ခင်ဦးနယ်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

▪︎စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် (၄)နှစ်အရွယ်ကလေးငယ်တစ်ဦး ကျည်ထိမှန်ထား

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် မုန်ခါမုန်တိုင်းတိုက်နေချိန်မှာပင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာသည့်အန္တရာယ်ကြောင့် ဒေသခံပြည်သူသုံးထောင်ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့ပစ်ခတ်မှုကြောင့် (၄)နှစ်အရွယ်ကလေးငယ်တစ်ဦး ကျည်ထိမှန်ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မေလ ၁၄ရက်)နံနက်၆ နာရီခန့်က ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ရှိ စစ်ကောင်စီတပ်နှင့် ရွာသစ်ကုန်းရွာရှိ ပျူစောထီးများသည် ချမ်းသာကုန်းနှင့် အင်းပတ်ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ငယ်များ ပစ်ခတ်ဝင်ရောက်ခဲ့သည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ခင်ဦးနယ်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်နေရသော ခင်ဦးနယ်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

ထိုသို့ပစ်ခတ်မှုကြောင့် အင်းပတ်ကျေးရွာမှ (၄)နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်ကာ ဆေးကုသမှုခံယူနေရကြောင်း၊ ထို့အပြင် ကျေးရွာအတွင်း နေအိမ်များမှ စားနပ်ရိက္ခာများ အဓမ္မလုယူသွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“ကလေးတစ်ယောက် ပေါင်ရင်းကျည်ထိမှန်ခဲ့တာ ပြည်သူ့ရဲဘော်တွေက အချိန်မီဆေးခန်း ပို့ဆောင်နိုင်ခဲ့ပါတယ်။”ဟုFarmer Heroes Khin U အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

(ထွက်ပြေးတိမ်းရှောင်နေရသော ခင်ဦးနယ်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်နေရသော ခင်ဦးနယ်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

အဆိုပါ စစ်ကောင်စီတပ်ကြောင့် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ အင်းပတ်ကျေးရွာ၊ ချမ်းသာကုန်းကျေးရွာနှင့် ကုန်းသာရွာ စသည့် ကျေးရွာများမှ ဒေသခံသုံးထောင်ကျော်မှာ မိုခါမုန်းတိုင်းကြောင့် ဖြစ်ပေါ်လာသော မိုးထဲ၊လေထဲမှာပင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့က အပြန်လမ်းတွင် မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အဆိုပါ စစ်ကောင်စီတပ်မှာ ရွာသစ်ကုန်းနှင့် အင်းပတ်ကွေ့သို့ ပြန်လည်ဝင်ရောက်သွားကြောင်း Farmer Heroes Khin U အဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။