Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းမိုးကြောင့် စစ်ကိုင်းတိုင်း မြို့နယ်၅ခုရှိ ရွာချင်းဆက်လမ်းနှင့် စိုက်ခင်းများ ပျက်စီး

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မေလ ၁၅ရက်တွင်လည်း စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း NUG၏ မိုးဇလက အသိပေးသည်။

(ယင်းမာပင်နယ်ရှိ ကျေးရွာချင်းဆက်လမ်းများ ပျက်စီးနေသည်ကို တွေ့ရစဥ် နှင့် ဆားလင်းကြီးနယ်ရှိ စစ်ဘေးရှောင်နေအိမ်အချို့ ရေများဝင်ရောက်နေစဥ်။ ဓာတ်ပုံ- ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ဗဟို)၊ အညာပစ်တိုင်းထောင်လေးများ)

စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးနှင့် အရာတော်မြို့နယ်များတွင် မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး လမ်းပိုင်းအချို့ပျက်စီးကာ သီးနှံစိုက်ခင်းများလည်း ဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယင်းမာပင်နှင့် ကနီမြို့နယ်တို့တွင် မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာ၍ ကျေးရွာချင်းဆက်လမ်းများ ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းထိုးနေ၍ စစ်ဘေးရှောင်ပြည်သူများ သွားရေးလာရေးအခက်အခဲများဖြစ်ပေါ်နေပြီး စားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်နေကြောင်း ယင်းမာပင်နယ်အခြေစိုက် ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ဗဟို)က အသိပေးသည်။

(ယင်းမာပင်နယ်ရှိ ကျေးရွာချင်းဆက်လမ်းများ ပျက်စီးနေသည်ကို တွေ့ရစဥ် နှင့် ဆားလင်းကြီးနယ်ရှိ စစ်ဘေးရှောင်နေအိမ်အချို့ ရေများဝင်ရောက်နေစဥ်။ ဓာတ်ပုံ- ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ဗဟို)၊ အညာပစ်တိုင်းထောင်လေးများ)
(ယင်းမာပင်နယ်ရှိ ကျေးရွာချင်းဆက်လမ်းများ ပျက်စီးနေသည်ကို တွေ့ရစဥ် နှင့် ဆားလင်းကြီးနယ်ရှိ စစ်ဘေးရှောင်နေအိမ်အချို့ ရေများဝင်ရောက်နေစဥ်။ ဓာတ်ပုံ- ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ဗဟို)၊ အညာပစ်တိုင်းထောင်လေးများ)

ဆားလင်းကြီးမြို့နယ်တွင်လည်း မိုခါမုန်တိုင်းကြောင့် မိုးရွာသွန်းခဲ့၍ မီးရှို့ခံထားရသောကျေးရွာအချို့ မိုးရေများပြည့်နေပြီး ဒေသခံပြည်သူများ အခက်ခဲရှိနေကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောသည်။

“သွားလာရေးနဲ့ ချက်ပြုတ်ရေးမှာ အခက်ခဲဖြစ်နေပါတယ်။”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အလားတူ အရာတော်မြို့နယ်တွင်လည်း မေလ ၁၄ ရက် ညပိုင်းက မုန်တိုင်းကြောင့်မိုးသည်းထန်စွာရွာပြီး သီးနှံစိုက်ခင်းအများအပြား ရေဝင်နစ်မြုပ်ကာ ပျက်စီးဆုံးရှုံးမှုများရှိကြောင်း သိရှိရသည်။

“ပဲတီစိမ်းစိုက်ခင်း ဧက ၂၀၀လောက် ရေမြုပ်ပြီးပျက်စီးတယ်။ နောက်ပြီး စစ်ဘေးရှောင်တဲ ၅ လုံးလောက်တော့ အမိုးလန်တာတို့ ပျက်စီးတာရှိတယ်။”ဟု ခင်ဦးမြို့နယ်အခြေစိုက် Khin U Special Force Organization အဖွဲ့က ရဲဘော်တစ်ဦးက ပြောသည်။

ယခုအချိန်သည် ဆီထွက်သီးနှံစိုက်ပျိုးချိန်ဖြစ်ရာ အဆိုပါသီးနှံခင်းများ အများဆုံးပျက်စီးခဲ့ကြောင်း အရာတော်ပို့စ်က ဖော်ပြသည်။

ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့ကို နာရီအတော်အသင့်ကြာအောင်ဖြတ်သန်းခဲ့ပြီး မြန်မာနိုင်ငံမြောက်ပိုင်းနယ်မြေများပေါ်တွင် ယနေ့ နံနက်ပိုင်းက အားပျော့ပျက်ပြယ်သွားပြီဖြစ်ကြောင်း၊ ကုန်းတွင်းပိုင်းမုန်တိုင်းအဖြစ် ဖြတ်ကျော်စဉ် ဖြတ်သန်းရာဒေသများတွင် မုန်တိုင်း၏ သက်ရောက်မှုများကြောင့် ဆည်များရေလျှံခြင်း၊ မိုးကြီးခြင်း၊ ချောင်းရေများစီးဆင်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပွားသည့်အတွက် ထိခိုက်ပျက်စီးမှုများစွာရှိပြီးလတ်တလောတွင် ထိခိုက်ပျက်စီးမှုများကို စာရင်းကောက်ယူစုဆောင်းဆဲဖြစ်ကြောင်း NUG၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်​ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မေလ ၁၅ရက်တွင်လည်း စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း NUG၏ မိုးဇလက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်း ရှားကွဲရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ရေဂမိုးရွာက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အများအပြားမီးလောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဝက်လက်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်ကျွန်ပညာရေးဆန့်ကျင်ဖို့ နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ အသိပညာပေးလှုပ်ရှားမှုတွေ ဒီကနေ့ (ဇွန် ၂) မှာ ပြုလုပ်ခဲ့ပါတယ်။