Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး လက်နက်တွေ ဝယ်ယူခဲ့

မြန်မာစစ်တပ် တင်သွင်းခဲ့တဲ့ထဲမှာ တိုက်လေယာဉ်တွေ၊ ဒရုန်းတွေကစလို့ ရေတပ်သင်္ဘောတွေမှာ အသုံးပြုတဲ့ ဆက်သွယ်ရေးနဲ့ တခြား စက်အစိတ်အပိုင်းတွေထိ ပါဝင်ကြောင်းလည်း သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး လက်နက်တွေ ဝယ်ယူခဲ့
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး လက်နက်တွေ ဝယ်ယူခဲ့

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ဟာ အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံလောက် တန်ဖိုးရှိတဲ့ စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေကို ဆက်လက် တင်သွင်းနိုင်ခဲ့ကြောင်း ကုလသမဂ္ဂရဲ့ အရာရှိ တစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ နောက်ထပ် ဆိုးယုတ်တဲ့ ရာဇဝတ်မှုတွေ တပြုံတမကြီး ကျူးလွန်နေကြောင်း အထောက်အထားတွေ အများအပြား ရှိနေတဲ့တိုင်အောင် ပြည်ပနိုင်ငံ တချို့ဟာ စစ်လက်နက်တွေ ကူညီရောင်းချပေးတာကို မရပ်ခဲ့ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း မြန်မာစစ်တပ်ဟာ ရုရှား၊ တရုတ်တို့အပြင် စင်ကာပူ အခြေစိုက် ကုမ္ပဏီတွေဆီကနေ စစ်လက်နက် အများစုကို လက်ခံရရှိခဲ့တယ်လို့ အင်ဒရူးစ်က ပြောကြားသွားပါတယ်။ သူဟာ ဒီတွေ့ရှိမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း မေ ၁၇ ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်မှာ တင်သွင်းခဲ့ပါတယ်။

ပြည်သူတွေအပေါ် ကြမ်းကြုတ်ရက်စက်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ အထောက်အထားတွေ ခိုင်ခိုင်မာမာ မြင်နေရတဲ့တိုင် စစ်လက်နက်တွေအပြင် ပြည်တွင်းမှာ စစ်လက်နက် တပ်ဆင်ထုတ်လုပ်နိုင်မယ့် ကုန်ကြမ်းတွေဟာ မြန်မာစစ်တပ်ဆီ အဆီးအတားမရှိ ဆက်လက် စီးဝင်နေဆဲဖြစ်ကြောင်း အဲဒီ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အစီရင်ခံစာထဲမှာတော့ စစ်တပ်ကိုယ်စား လက်နက်ပွဲစားတွေနဲ့ လက်နက်ရောင်းချသူတွေ ချိတ်ဆက်ပြီး အရောင်းအဝယ် လုပ်တာ၊ တင်ပို့တာတွေ စုစုပေါင်း မှတ်တမ်း ၁၂၅၀၀ ကျော်ကို ဖော်ပြထားပါတယ်။ အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာစစ်တပ်အတွက် ထောက်ပံ့ရောင်းချပေးနေတဲ့ စစ်လက်နက် အမျိုးအစားရော၊ ပမာဏပါ သိသိသာသာ များလာတယ်လို့လည်း အစီရင်ခံစာမှာ သတိပေးထားပါတယ်။

မြန်မာစစ်တပ် တင်သွင်းခဲ့တဲ့ထဲမှာ တိုက်လေယာဉ်တွေ၊ ဒရုန်းတွေကစလို့ ရေတပ်သင်္ဘောတွေမှာ အသုံးပြုတဲ့ ဆက်သွယ်ရေးနဲ့ တခြား စက်အစိတ်အပိုင်းတွေထိ ပါဝင်ကြောင်းလည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းလိုက်တဲ့နောက် လက်နက်ကိုင် ခုခံစစ်ပွဲတွေ အရှိန်အဟုန်နဲ့ အားကောင်းလာပြီး သမိုင်းတလျှောက် စစ်တပ်အတွက် အကြီးမားဆုံး ခြိမ်းခြောက် စိန်ခေါ်မှုတွေကို ကြုံလာရပါတယ်။

အတိုက်အခံ အင်အားစုတွေကို ဖြိုခွင်းရာမှာ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကိုပါ ပစ်မှတ်ထားပြီး လူ့အခွင့်အရေး ချိုးဖောက်တာ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတယ်လို့လည်း ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲထားပါတယ်။

ကုလသမဂ္ဂမှာ တင်သွင်းတဲ့ အစီရင်ခံစာအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ ရုရှားဆီက စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်း ဒေါ်လာ ၄၀၆ သန်းဖိုး၊ တရုတ်ဆီက ၂၅၄ သန်းဖိုး၊ စင်ကာပူ ကုမ္ပဏီတွေဆီက ဒေါ်လာ ၂၅၄ သန်းဖိုး ဝယ်ယူခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အိန္ဒိယကနေ ဒေါ်လာ ၅၁ သန်းဖိုးနဲ့ ထိုင်းဆီက ဒေါ်လာ ၂၈ သန်းဖိုး စစ်လက်နက်တွေကို အာဏာသိမ်း စစ်ကောင်စီဆီ ထောက်ပံ့ ရောင်းချပေးခဲ့ကြောင်းလည်း မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

သတင်း

ဖေဖော်ဝါရီ ၂၄ရက်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာရှိ ပြည်သူနေအိမ် ရှစ်လုံး မီးလောင်ပျက်စီးခဲ့ဟု ဖော်ပြသည်။

ဆောင်းပါး

ထိုင်း - မြန်မာ နယ်စပ်တွင်လည်း တရားမဝင် ဝင်ရောက်လာသည့် လူငယ်များ ဖမ်းဆီးခံရပြီးတွင် ထိုင်းဝန်ကြီးချုပ်က သတိပေးပြောကြားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။