Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာလူထုသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင် ထောင်ဒဏ်နှစ်(၂၀) ထပ်မံချမှတ်ခံရ

မုံရွာမြို့ လူထုသပိတ်ဦး​ဆောင်​ကော်မတီခေါင်း​ဆောင်ကို​ဝေမိုးနိုင်ကို ၂၂၀၂၁ ဧပြီ ၁၅ရက်ကလည်း ကိုဝေမိုးနိုင် ဆိုင်ကယ်စီးလာစဉ် စစ်ကောင်စီ၏ လက်နက်ကိုင်များက ကားဖြင့်ဝင်တိုက်ပြီး အကြမ်းဖက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မုံရွာလူထုသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင် ထောင်ဒဏ်နှစ်(၂၀) ထပ်မံချမှတ်ခံရ
မုံရွာလူထုသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင် ထောင်ဒဏ်နှစ်(၂၀) ထပ်မံချမှတ်ခံရ

▪️ထောင်ဒဏ် ၅၂ နှစ်အထိ ချမှတ်ခံထားရပြီး ပုဒ်မတစ်ခု ကျန်နေသေး

ထင်ရှားသည့် မုံရွာမြို့သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် နှစ်(၂၀) ထပ်မံ မတရားချမှတ်လိုက်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက အသိပေးသည်။

စစ်ကောင်စီလက်အောက်ခံ တရားရုံးက ယနေ့(မေလ ၁၉ ရက်)တွင် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ – ၁၂၂ဖြင့် ထောင်ဒဏ် နှစ်(၂၀) ထပ်မံချမှတ်လိုက်၍ စုစုပေါင်းထောင်ဒဏ် (၅၂) နှစ်ရှိပြီဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောသည်။

ကိုဝေမိုးနိုင်သည် ပုဒ်မ ၅၀၅-က ဖြင့် ငါးမှုအတွက် ထောင်ဒဏ်(၁၀)နှစ်၊ သဘာဝဘေး ပုဒ်မ ၂၅ ဖြင့် (၂) နှစ်၊ ပုဒ်မ ၃၉၅၊ ၃၉၇တို့ဖြင့် အနှစ် (၂၀) မတရားချမှတ်ခံထားရပြီး ယခုထပ်မံချမှတ်ခံရမှုနှင့်ဆိုပါက စုစုပေါင်း (၅၂)နှစ်အထိ ရှိလာပြီဖြစ်သည်။

“ဒီနေ့ မုံရွာအကျဥ်းထောင် တရားရုံးကနေ ပုဒ်မ – ၁၂၂ နဲ့ ၂၀ထပ်ချတာပါ။ ရဲနှစ်ယောက် သေတဲ့အမှုနဲ့ စွပ်စွဲထားတဲ့ ၃၀၂တော့ ကျန်ပါဦးမယ်။ သူ့ကျန်းမာရေးကတော့ ကောင်းတယ်လို့ ပြောပါတယ်။”ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ၁၂၂ကို ဥပဒေ ရှုထောင့်အရဖြစ်စေ၊ နိုင်ငံရေး ရှုထောင့်အရဖြစ်စေ မည်သည့်ရှုထောင့်က ကြည့်သည်ဖြစ်စေ အမှန်တကယ် ဖောက်ဖျက်ကျူးလွန်သည်မှာ မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့ဝင်များသာ ဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ တရားရုံးများမှ နိုင်ငံရေးယုံကြည်ချက်ဖြင့် လုပ်ဆောင်သူများအပေါ် ယခုကဲ့သို့ မတရားစွပ်စွဲ အမိန့်ချမှတ်နေခြင်းကို ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက အသိပေးသည်။

မုံရွာမြို့ လူထုသပိတ်ဦး​ဆောင်​ကော်မတီခေါင်း​ဆောင်ကို​ဝေမိုးနိုင်ကို ၂၂၀၂၁ ဧပြီ ၁၅ရက်ကလည်း ကိုဝေမိုးနိုင် ဆိုင်ကယ်စီးလာစဉ် စစ်ကောင်စီ၏ လက်နက်ကိုင်များက ကားဖြင့်ဝင်တိုက်ပြီး အကြမ်းဖက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၄၀ခန့်က မုံရွာမြို့စက်မှု (၁)၊ အေးရိပ်သာလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အရပ်ဝတ်ဖြင့် ထိုင်နေသည့် အမှတ်(၂)ရဲစခန်းမှ ဒုရဲအုပ်ကျော်ဇင်ဦးဆိုသူ ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးခဲ့သည်။

သတင်း

Depeyin Local Mobile Team အဖွဲ့သည် ဒီပဲယင်းနှင့် ဘုတလင်နယ်များရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များအား ၅ ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများရှိပြီး လက်နက် ၇ လက်နှင့် ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း အဖွဲ့ဝင်ရဲဘော်များက ပြောသည်။

သတင်း

တိုက်ခိုက်ခံရချိန် စစ်ကောင်စီက အနီးရှိ စွမ်းရည်ထက်ဆီဆိုင်ဂိတ်မှ လက်နက်ကြီးများပစ်ကူခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း သိရသည်။

သတင်း

တိုက်ခိုက်မှုဖြစ်ပွားပြီနောက် စစ်ကောင်စီတပ်က အနီးဝန်းကျင်ရပ်ကွက်ရှိ ပြည်သူအချို့အား ဖမ်းဆီးရိုက်နှက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။