ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေ မှာရှိတဲ့ ကျေးရွာချင်းဆက် လမ်း ပိုင်းကို စစ်ကောင်စီတပ် မြေတူးစက်နဲ့ လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။
မနေ့ မေလ ၁၉ ရက် ညပိုင်း က ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းချောင်ရွာနဲ့ ဆောင်နိုင်ကြီးရွာ ကို ဆက်သွယ်ထားတဲ့ ရွာချင်းဆက်လမ်းကို မြေတူးစက်နဲ့ ဖျက်ဆီးသွားတာလို့ ဒေသတွင်းသတင်းတွေကိုဖော်ပြတဲ့ Kyaikhto Information Team ကဆိုထားပါတယ်။
ဒီလို လမ်းပိုင်းဖျက်ဆီးခံရတဲ့အတွက် ဒေသခံတွေဟာ ကား ၊ဆိုင်ကယ်တွေကို အသုံးပြုလို့မရတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။

လမ်းကို ကန့်လန့်ဖြတ်ပြီး မြောင်းတူးကာဖျက်ဆီးသွားတာလို့ ဒေသခံ တစ်ဦးက Kyaikhto Information Team ကို ပြောပြထားပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကော့ကရိတ်မြို့ဆီအဝင်လမ်းကြောင်းတွေကို စစ်ကောင်စီတပ်က မြေတူးစက်နဲ့ ဖျက်ဆီးခဲ့ပါသေးတယ်။

အများပြည်သူသွားလာတဲ့ လမ်းတွေကို ဖျက်ဆီးတာဟာ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်ပြီး “ လူထုကို ဒုက္ခပေးတဲ့လုပ်ရပ်ဖြစ်တယ် ကျွန်တော်တို့က အဲ့လိုပဲမြင်တယ်” လို့ ကေအဲန်ယူ-ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောကလယ်စေးကမှတ်ချက်ပြုထားပါတယ်။















































