Connect with us

Hi, what are you looking for?

သတင်း

သရက်​တောနယ်​မြေရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ပွင့်ဖြူနယ်မှ ပြည်သူများကို ပိုမိုဖိနှိပ်နေ

သရက်တောနယ်မြေရဲစခန်းအား တိုက်ခိုက်မှုတွင် PDF ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးကျဆုံးပြီး စစ်ကောင်စီဘက်မှ သရက်တောစခန်းမှူးကျည်ထိကာ ဆေးရုံပို့လိုက်ရသည်။ စစ်​ကောင်စီ ရဲများထံမှ ​သေနတ်တစ်လက်၊ကျည်အချို့အပါအဝင် ဆက်စပ်ပစ္စည်းအချို့ကို PDFများသိမ်းဆည်းရရှိခဲ့သည်။

(သရက်​တောနယ်​မြေ ရဲစခန်းထံမှ သိမ်းဆည်းရရှိ​သော ​သေနက်နှင့်ဆက်စပ်ပစ္စည်းအချို့ ။ဓါတ်ပုံ-စလင်းPDF)

မင်းဘူးခရိုင်အတွင်း စစ်ကောင်စီလက်အောက်ခံ သရက်​တောနယ်မြေရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများကို ဖိနှိပ်မှု ပိုမိုလုပ်ဆောင်လားကြောင်း ဒေသခံပြည်သူများက People’s Spring သတင်းဌာနသို့ ပြောသည်။

မေ ၁၀ ရက်နေ့က မင်းဘူးခရိုင် စလင်းမြို့နယ်ရှိ သရက်တောနယ်မြေရဲစခန်းအား PDF ပူးပေါင်းတပ်များက စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် မေ ၁၃ ရက်ကတည်းက စလင်းနယ်စပ် ပွင့်ဖြူမြို့နယ်ဘက်ခြမ်းမှ ကျေးရွာများသို့ စစ်တပ်အင်အား ၁၀၀ ကျော်ဖြင့်ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်များသည် မဲဇလီရဲစခန်းနှင့် ကျွဲခြံ၊ လယ်မ စသည့်ကျေးရွာများတွင် အထိုင်ချကာ ကင်းပုန်းဝပ်ခြင်း၊ ဒေသခံပြည်သူများအား ဖမ်း ဆီးနှိပ်စက်ခြင်း၊ စျေးသည်များအားအနိုင်ကျင့်ကာ ငွေကြေးတောင်းယူခြင်း စသည့်လုပ်ရပ်များ ကျူးလွန်လျှက်ရှိသည်ဟု သိရသည်။

Public Service Announcement
Public Service Announcement

“အခုလောလောဆယ် သုံးရက်ရှိပြီ။ ကျွဲခြံ၊ လယ်မရွာတွေမှာ အထိုင်သဘောမျိုးမဟုတ်ဘဲ ကင်းပုန်းကို နေ့စဥ်ချထားတာ။ ညအိပ်တာတော့ မဲဇလီစခန်းကို ပြန်အိပ်တယ်”ဟု ပွင့်ဖြူ ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သားများသည် ကျွဲ ခြံ၊ လယ်မဘက်က ပြည်သူများကို ရွာမီးရှို့မည်ဟု ခြိမ်းခြောက်ခြင်း၊ သရက်ခြံများမှ စိန်တစ်လုံးသရက်များကို ခိုးယူစားသောက်ခြင်း၊ စျေးသည်များထံမှ ကုန်ပစ္စည်း၊ ငွေ၊ အသားငါး၊ ဆေးလိပ်နှင့် ဖုန်းများ လုယူခြင်းများပါ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ပုသိမ် – မုံရွာ လမ်းပိုင်းအသုံးပြုသော ခရီးသွားပြည်သူများကို ဒူးထောက်စစ်ဆေးခြင်း၊ ဖုန်းများစစ်ဆေးခြင်းအပြင် ၎င်းတို့စိတ်မထင်လျှင်မထင်သလို ရိုက်နှက်နှိပ်စက်မှုများရှိနေ၍ ပြည်သူများ ဂရုစိုက်သွားလာကြရန် ပွင့်ဖြူ ပ.က.ဖ မှ သတိပေးထားသည်။

သရက်တောနယ်မြေရဲစခန်းအား တိုက်ခိုက်မှုတွင် PDF ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးကျဆုံးပြီး စစ်ကောင်စီဘက်မှ သရက်တောစခန်းမှူးကျည်ထိကာ ဆေးရုံပို့လိုက်ရသည်။ စစ်​ကောင်စီ ရဲများထံမှ ​သေနတ်တစ်လက်၊ကျည်အချို့အပါအဝင် ဆက်စပ်ပစ္စည်းအချို့ကို PDFများသိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။