Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲဒုညွှန်ချုပ်ပစ်သတ်ခံရမှု လူ ၁၀ ဦးကို ရန်ကုန်မှာ စစ်ကောင်စီဖမ်းဆီး

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဒုညွှန်ချုပ် ဦးစိုင်းကျော်သူဟာ ပြီခဲ့တဲ့ ဧပြီလ ၂၂ ရက်က ရန်ကုန်မြို့ ၊သင်္ဃန်းကျွန်းမြို့နယ်က အောင်ရတနာဆေးရုံအနီးမှာ ကားမောင်းနေရင်း ပစ်ခတ်ခံရတာပါ။

ရွေးကောက်ပွဲဒုညွှန်ချုပ်ပစ်သတ်ခံရမှု လူ ၁၀ ဦးကို ရန်ကုန်မှာ စစ်ကောင်စီဖမ်းဆီး
ရွေးကောက်ပွဲဒုညွှန်ချုပ်ပစ်သတ်ခံရမှု လူ ၁၀ ဦးကို ရန်ကုန်မှာ စစ်ကောင်စီဖမ်းဆီး

ရွေးကောက်ပွဲကော်မရှင် ရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး ရန်ကုန်မှာလူငယ်အချို့အပါအဝင် ၁၀ ဦးကိုဖမ်းမိထားတယ်လို့ စစ်ကောင်စီက မနေ့ မေလ ၂၀ က ကြေညာပါတယ်။

ဦးစိုင်းကျော်သူ ပစ်သတ်ခံရပြီး ရက်သတ္တပတ် ၃ ပတ်ကျော်အကြာမှာ စမ်းချောင်း၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ ၊ကမာရွတ် ၊ ဒလ ၊ ရွှေပြည်သာမြို့နယ်တွေထဲက လူ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးတာပါ။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ တစ်ဦးချင်စီဖမ်းမိတာဖြစ်ပြီး ပစ္စတို ၂ လက် သိမ်းဆည်းရမိတယ်လို့သိရပါတယ်။

Public Service Announcement
Public Service Announcement

သူတို့ ၁၀ ဦးဟာ Yangon Revolution Force-YRF အဖွဲ့ဝင်တွေဖြစ်တယ်လို့လည်း စစ်ကောင်စီက စွပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

YRF ဘက်ကတော့ တစုံတရာထုတ်ပြန်တာမတွေ့ရသေးပါဘူး။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဒုညွှန်ချုပ် ဦးစိုင်းကျော်သူဟာ ပြီခဲ့တဲ့ ဧပြီလ ၂၂ ရက်က ရန်ကုန်မြို့ ၊သင်္ဃန်းကျွန်းမြို့နယ်က အောင်ရတနာဆေးရုံအနီးမှာ ကားမောင်းနေရင်း ပစ်ခတ်ခံရတာပါ။

ပစ်ခတ်မှု CCTV မှတ်တမ်းအရ စက်ဘီးစီး အမျိုးသား ၂ ဦးက ကားပေါ်မှာရှိတဲ့ ဦးစိုင်းကျော်သူကို ပစ္စတိုနဲ့ ပစ်ခတ်တာတွေ့ရပါတယ်။

အဲဒီပစ်ခတ်မှုကို For the Yangon အမည်ရ မြို့ပြပြောက်ကျားတပ်ဖွဲ့က ဆောင်ရွက်ခဲ့တာလို့ NUG အစိုးရ ရဲ့ ရန်ကုန်တိုင်း စစ်ဒေသ ကွပ်ကဲရေးတာဝန်ခံ ကမီဒီယာကို အတည်ပြုထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook