Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီခန့် တတိယမြောက် အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးနှစ်ဦး ​သေနတ်ဖြင့်ပစ်သတ်ခံရ

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဇော်လွင်(ခ)တောက် တဲ့သည် ကြက်တိုက်လောင်းကစားဝါသနာပါသူတစ်ဦးဖြစ်ပြီး ယနေ့ပစ်ခတ်ခံရမှုတွင်လည်း ရာအိမ်မှူးနှစ်ဦးနှင့်အတူ ကြက်ဝိုင်းသို့အသွား ၎င်း၏နေအိမ်အနီး ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

(စစ်​ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်​​ရေးမှူး သုံးဦး​စလုံးသေနတ်ဖြင့်ပစ်သတ်ခံထားရ​​သော ဒဂုံမြို့သစ်ဆိပ်ကမ်မြို့နယ်၊အမှတ် ၈၈ ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံး။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်​​ရေးမှူး သုံးဦး​စလုံးသေနတ်ဖြင့်ပစ်သတ်ခံထားရ​​သော ဒဂုံမြို့သစ်ဆိပ်ကမ်မြို့နယ်၊အမှတ် ၈၈ ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံး။ဓါတ်ပုံ-CJ)

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် (၈၈)ရပ်ကွက်မှစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးနှစ်ဦး သေ နတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံပြည်သူများက People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့(မေ ၂၂)နံနက် ၁၀ နာရီကျော်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်လွင်(ခ)တောက်တဲ့ဆိုသူနှင့် ရာအိမ်မှူးနှစ်ဦးကို လက်နက်ကိုင်လူတစ်စုက သေနတ်ဖြင့် အချက် ၂၀ ခန့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သုံးဦးလုံးနေရာမှာပင် သေဆုံးသွားကြောင်း ဒေသခံများက ပြော သည်။

“အဲကောင်က ကားစီးရင်တောင် ဆန့်ဆန့်ကြီးလှဲစီးတာ အရမ်းသတိကြီးတာ။ သူ့ကို စောင့်ကြည့်ပြီး လုပ်မယ်ဆိုတာလည်း သိတယ်။ သိသိကြီးနဲ့ တပည့်တပမ်းတွေနဲ့ ဆက်မိုက်တာ။ အားနည်းချက်ဆိုတာတော့ ရှိစမြဲပါပဲ”ဟု ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူး ဇော်လွင်(ခ)တောက်တဲ့နှင့်စပ်လျဥ်းပြီး ဒေသခံတစ်ဦးက မှတ်ချက်ပေးသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဇော်လွင်(ခ)တောက် တဲ့သည် ကြက်တိုက်လောင်းကစားဝါသနာပါသူတစ်ဦးဖြစ်ပြီး ယနေ့ပစ်ခတ်ခံရမှုတွင်လည်း ရာအိမ်မှူးနှစ်ဦးနှင့်အတူ ကြက်ဝိုင်းသို့အသွား ၎င်း၏နေအိမ်အနီး ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရ၍ သေဆုံးသွားသော ဇော်လွင်(ခ) တောက်တဲ့သည် ဒဂုံဆိပ်ကမ်းမြို့နယ် (၈၈)ရပ်ကွက်၏တတိယမြောက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး ၎င်း၏ရှေ့တွင်ခင်ဦးနှင့် သိန်းဇော်ဆိုသူတို့ ရှေ့ဆင့်နောက်ဆင့် တာဝန်ယူခဲ့ကာ ၎င်းတို့နှစ်ဦးစလုံး မြို့ပြပြောက်ကျားတပ်ဖွဲ့များ၏ ပစ်ခတ်ရှင်းလင်းခြင်း ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။