Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြိုနယ်တွင် စစ်ကောင်စီတပ်အား PDF ပူးပေါင်းတပ်တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ လေးဦးသေ

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် အညာဖျားနှင့် ဥယျာဥ်ကြီးရွာကြားမှနေ၍ တပ်ပြန်ဆုတ်သွားကာ ပကာရီကျေးရွာနှင့် (၈)မိုင်အနီးဝန်းကျင်တို့တွင် ဆက်ရှိနေကြောင်း စုံစမ်းသိရသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ ။ ဓါတ်ပုံ- DCC)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ ။ ဓါတ်ပုံ- DCC)

ထားဝယ်မြို့နယ် အညာဖျားရွာနှင့် ဥယျာဥ်ကြီးရွာကြားသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်စစ် ကြောင်းကို PDF ပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်း(DCC)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အညာဖျားရွာနှင့် ဥယျာဥ်ကြီးရွာကြားသို့ အင်အား (၁၀၀)ခန့်ဖြင့် ရောက်ရှိလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို မေ ၂၀ ရက်နေ့ည ၇ နာရီကျော်တွင်​ဒေသခံကာကွယ်​ရေးတပ် စုပေါင်းစစ်ကြောင်းမှရဲဘော်များက ရှေ့ထွက်မိုင်းအကြီးတစ်လုံးဖြင့် ကနဦးဖောက်ခွဲ၍ ၄၀ မမ၊ ၆၀ မမများနှင့် ပစ်ခတ်သည့်အပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီတပ်ဘက်မှလည်း လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဘဲ စစ်ကောင်စီဘက်မှ ၁၈ ဦးခန့်ထိခိုက်ကာ လေးဦးသေဆုံးကြောင်း ထားဝယ်စုပေါင်းစစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ ။ ဓါတ်ပုံ- DCC)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့ ။ ဓါတ်ပုံ- DCC)

“(သေဆုံး)၄ ယောက်လောက် စာရင်းရထားတယ်ဗျ။ အဲဒီထက်များနိုင်တယ်လို့ ပြောလာပေမယ့် ထပ်ပြီးစုံစမ်းနေပါတယ်”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားပြီးနောက်နေ့(မေ ၂၁)နံနက် ၁၀ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်သို့ ထားဝယ်စစ်ပေါင်းစစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရာ စစ်ကောင်စီတပ်သားများ၏ သွေးကွက်များတွေ့ရပြီး ၆၀ မမဗုံးသီးနှစ်လုံး၊ ၄၀ မမဗုံးသီး ၁၄ လုံး၊ ကျည်အိမ်နှစ်ခု၊ ဗုံးသီးအခွံများနှင့် ကျည်များ သိမ်းဆည်းရရှိခဲ့သည်ဟုသိရသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် တပ်ပြန်ဆုတ်ရန်ပြင်ဆင်နေသော စစ်ကောင်စီတပ်စစ်ကြောင်းကို ၆၀ မမဗုံးသီးများဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းပြန်ဆုတ်ချိန်တွင် ဥယျာဥ်ကြီးရွာမှ အမျိုးသားအချို့အား ဓားစာခံဖမ်း ဆီးသွားသည့်အပြင် ပြည်သူ့နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးသွားသည့်အပေါ် များစွာစိတ်မကောင်းဖြစ်ရကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်း(DCC)က အသိပေးသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် အညာဖျားနှင့် ဥယျာဥ်ကြီးရွာကြားမှနေ၍ တပ်ပြန်ဆုတ်သွားကာ ပကာရီကျေးရွာနှင့် (၈)မိုင်အနီးဝန်းကျင်တို့တွင် ဆက်ရှိနေကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ