Connect with us

Hi, what are you looking for?

သတင်း

တနိုင်းမြို့ဦးတည်လာသည့် စစ်ကောင်စီတပ်က ဒေသခံများ ဖမ်းဆီး၊ လူသားဒိုင်းအဖြစ် အသုံးပြု

စစ်ကောင်စီတပ်သည် မေလ ၁၇ရက်က ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာနှင့် ခင်တောင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံ ပြည်သူ ၄၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

(စစ်​ကောင်စီတပ်က ၂၀၂၃ ဧပြီ ၂၆ ရက်က ဖားကန့်မြို့နယ်၊မဇွပ်ယန်နှင့် ဆန်ခါ ကျေးရွာ ၂ရွာ ပြည်သူများကိုစစ်​ကောင်စီတပ်က လူသားဒိုင်းအဖြစ်အသုံးပြုရန်ဖမ်းဆီးထားစဥ်။ ဓါတ်ပုံ- အောင်ဇော်မိုး)
(စစ်​ကောင်စီတပ်က ၂၀၂၃ ဧပြီ ၂၆ ရက်က ဖားကန့်မြို့နယ်၊မဇွပ်ယန်နှင့် ဆန်ခါ ကျေးရွာ ၂ရွာ ပြည်သူများကိုစစ်​ကောင်စီတပ်က လူသားဒိုင်းအဖြစ်အသုံးပြုရန်ဖမ်းဆီးထားစဥ်။ ဓါတ်ပုံ- အောင်ဇော်မိုး)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ တနိုင်းမြို့နယ်သို့ ဦးတည် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များက ဒေသခံပြည်သူများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေကြောင်း တနိုင်းလီဒိုလမ်း၌ နေထိုင်သည့် ဒေသခံက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အင်အား ၇၀မှ ၈၀ အကြားရှိသည့် စစ်ကောင်စီတပ်သည် ဖားကန့် လဝါးမှ တနိုင်းမြို့ဘက်သို့ လီဒိုလမ်းနှင့် လမ်းဘေးဝဲယာလမ်းများကို အသုံးပြုပြီး ခြေလျင်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ဆိုသည်။

“ထူးခြားတာ ပစ်ခတ်တာတော့မရှိဘူး။ စစ်ကြောင်းတက်တာတော့ ရှိတယ်။ ဖားကန့်ဘက်ကနေလာတယ်။ ဖားကန့်ကနေ လဝါး၊ လဝါးကနေ လမ်းလျှောက်တက်လာတယ်။ သူတို့က တွေ့တဲ့သူ ကလေးရော ကိုယ်ဝန်နဲ့ မိခင်တွေရော၊ လူကြီးသက်ကြီးပိုင်းရောတွေ့တဲ့ဟာ အကုန်လုံး လမ်းမှာတို့ လယ်သွားတဲ့ တောင်ယာတွေမှာ ဖမ်းခေါ်ခေါ်သွားတယ်။ ဖမ်းခေါ်ပြီးမှ တစ်ရွာဝင် တစ်ရွာထွက်ပေါ့။ အဲဒီတစ်ရွာ ပြန်ရောက်ရင် ပြန်လွှတ်ပေးတယ်။ ဟိုရွာရောက်ရင် ဟိုရွာ အဲဒီကြားက လူတွေတွေ့ရင်တော့ ခေါ်သွားတယ်” ဟု ဒေသခံက ပြောသည်။

ယခင်က အဆိုပါဒေသ၌ စစ်ကောင်စီတပ် စစ်ကြောင်းများ လှုပ်ရှားပါက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့၍ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများပြားခဲ့သည်။ ယခုနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ကချင်ဒေသ၌ စစ်ရေးလှုပ်ရှားရာတွင် ဒေသခံပြည်သူများကို ဖမ်းဆီးပြီးလူသားဒိုင်းအဖြစ် အသုံးပြုခြင်းများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

“အရပ်သားတွေကို ခေါ်သွားတယ်ဆိုတာ ဒါ ပေါ်တာ သဘောဆောင်တာရယ် နောက်ပြီးတော့မှ လူသားတံတိုင်းအဖြစ်ပေါ့။ သူတို့က ရွာသားတွေ ပါရင် KIA ဘက်က မပစ်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တာထင်တယ်” ဟု ဒေသခံက ပြောသည်။

တနိုင်းဒေသ အပါအဝင် ကချင်ဒေသ စစ်ရေးအခြေအနေများကို မေးမြန်းရန် KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

စစ်ကောင်စီတပ်သည် မေလ ၁၇ရက်က ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာနှင့် ခင်တောင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံ ပြည်သူ ၄၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့အပြင် ဧပြီ ၂၆ ရက်ကလည်း ဖားကန့်မြို့နယ်၊မဇွပ်ယန်နှင့် ဆန်ခါ ကျေးရွာ ၂ရွာ ပြည်သူ ၁၀၀ ခန့် ကိုလည်းစစ်ကောင်စီတပ် လူသားဒိုင်းအဖြစ်အသုံးပြုရန်ဖမ်းဆီးခဲ့​သေးကြောင်း ဒေသခံများပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။