Connect with us

Hi, what are you looking for?

သတင်း

စစ်ကြောရေးမှာ ဗျူဟာသေဆုံးတယ်လို့ သတင်းထွက်ပေါ်၊ သေဆုံးမှုနှင့်ပတ်သက်၍ အတည်မပြုနိုင်သေး

ဗျူဟာသည် စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနကို ပြည်သူ့အစိုးရနှင့် နှိုင်းယှဉ်ဝေဖန်ထောက်ပြကာ အသုံးမကျကြောင်း မေလ ၂၃ရက်ညတွင် ၎င်း၏ဖေ့စ်ဘွတ်ခ်မှ Live လွှင့်ပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်ကြောရေးမှာ ဗျူဟာသေဆုံးတယ်လို့ သတင်းထွက်ပေါ်၊ သေဆုံးမှုနှင့်ပတ်သက်၍ အတည်မပြုနိုင်သေး
စစ်ကြောရေးမှာ ဗျူဟာသေဆုံးတယ်လို့ သတင်းထွက်ပေါ်၊ သေဆုံးမှုနှင့်ပတ်သက်၍ အတည်မပြုနိုင်သေး

အာဏာသိမ်း စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် ဟစ်ဟော့အဆိုတော် ဗျူဟာ စစ်ကြောရေးအတွင်း သေဆုံးသည်ဟု သတင်းများထွက်ပေါ်နေသည်။

ဗျူဟာသည် စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနကို ပြည်သူ့အစိုးရနှင့် နှိုင်းယှဉ်ဝေဖန်ထောက်ပြကာ အသုံးမကျကြောင်း မေလ ၂၃ရက်ညတွင် ၎င်း၏ဖေ့စ်ဘွတ်ခ်မှ Live လွှင့်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မေလ ၂၄ရက် နံနက်တွင် စစ်ကောင်စီက မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက် တွင် စစ်ကြောရေး၌ ကွယ်လွန်သွားကြောင်း သတင်းများပြန့်နှံ့လာခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဧရာဝတီသတင်းဌာနက ဗျူဟာ၏ ဖခင် တေးရေးနိုင်မြန်မာကို ဆက်သွယ်မေးမြန်းရာ သားဖြစ်သူကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေးကြောင်း ပြန်လည်ဖြေကြားထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဗျူဟာသည် နံနက် ၄ နာရီခန့်တွင် သေဆုံးသွားသည်ဆိုသည့် အကြောင်းအရာကို Thae Ei Mon အမည်ဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူက တင်ခဲ့ခြင်းဖြစ်ပြီး ယင်းပို့စ်ကို ရှဲပေးရန်တောင်းဆိုထားသည်။

အဆိုပါအကောင့်တွင် အခကြေးငွေယူ၍ လိင်ဝန်ဆောင်မှုလုပ်ဆောင်သည့် ပို့စ်များလည်း တွေ့ရပြီး ဗျူဟာ၏ အိမ်နီးချင်းဖြစ်ကြောင်း မှတ်ချက်ပေးသူများကို ပြန်လည်ဖြေကြားထားသည်။

ရန်ကုန်တိုင်းအတွင်းမှ တော်လှန်ရေးသတင်းများကို ဖော်ပြပေးနေသည့် Ground News Coverage GNC ပေ့ခ်ျတွင် “စစ်ကြောရေးမှာ အဆိုတော် ဗျူဟာကို စခတွေကို ရိုက်နိုက်မှုတွေရှိခဲ့ပေမယ့် ယခုအချိန်အထိ သတင်းတွေအရ အဆိုတော် ဗျူဟာ သေဆုံးသည်ကိုတော့ မည်သူမှ အတည်မပြုနိုင်သေးပါဘူး ။မသေဘူးလို့တော့ ကျွန်တော်တို့ GNC ရဲ့ အတွင်းသတင်းတစ်ချို့အရ. သိရပါသည်။အနည်းငယ် စိုးရိမ်ရတဲ့အခြေအနေတော့ ရှိပါတယ် ။

တစ်ခုခုဆို သတင်းတစ်ခုကို Attention တစ်ခုလိုချင်ရုံနဲ့ မတင်ကြဖို့ လိုအပ်ပါသည်။” ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။