Connect with us

Hi, what are you looking for?

သတင်း

မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့် ပုလဲနယ်အတွင်းရှိ လမ်းတံတားများ PDFရဲဘော်များ ပြုပြင်ပေး

မေလလယ်က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ပုလဲမြို့နယ်အတွင်းရှိ တံတား (၁၇)စင်း၊ လမ်းပိုင်း (၂၃)ခုပျက်စီးခဲ့ပြီး စိုက်ပျိုးဧက ၂,၇၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထို့အပြင် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်မွေးမြူရေးတိရိစ္ဆာန်အကောင် ၂၀၀ခန့် ရေထဲမျောပါသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

(ပျက်စီးသွားသည့် လမ်းပိုင်းများအား ပုလဲအခြေစိုက်ရဲဘော်များက ပြုပြင်ပေးနေစဥ်။ ဓာတ်ပုံ - ပုလဲ(ပကဖ))
(ပျက်စီးသွားသည့် လမ်းပိုင်းများအား ပုလဲအခြေစိုက်ရဲဘော်များက ပြုပြင်ပေးနေစဥ်။ ဓာတ်ပုံ - ပုလဲ(ပကဖ))

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် လမ်းတံတားများအား ဒေသတွင်းပြည်သူ့​ကာကွယ်ရေးရဲဘော်များက ပြန်လည်ပြုပြင်ပေးနေကြောင်း မြို့နယ် (ပကဖ)အဖွဲ့က သတင်းထုတ်ပြန်သည်။

(ပျက်စီးသွားသည့် လမ်းပိုင်းများအား ပုလဲအခြေစိုက်ရဲဘော်များက ပြုပြင်ပေးနေစဥ်။ ဓာတ်ပုံ - ပုလဲ(ပကဖ))
(ပျက်စီးသွားသည့် လမ်းပိုင်းများအား ပုလဲအခြေစိုက်ရဲဘော်များက ပြုပြင်ပေးနေစဥ်။ ဓာတ်ပုံ – ပုလဲ(ပကဖ))

လမ်းတံတားပြင်ဆင်မှုများအား ပုလဲမြို့နယ်(ပကဖ) ၊ခရိုင်တပ်ရင်း (၇)နှင့် ABSDF ရဲဘော်များ၊ အခြားဒေသတွင်းတပ်ဖွဲ့ဝင်ရဲဘော်များက ပူးပေါင်းဆောင်ရွက်ပေးနေပြီး တိုက်ပွဲမရှိလျှင် ပြည်သူ့အကျိုးပြုလုပ်ဆောင်မည်ဆိုသည့် ​ရည်ရွယ်ချက်ဖြင့် ကူညီလုပ်ဆောင်ပေးနေကြောင်း ပုလဲ(ပကဖ)အဖွဲ့က ဆိုသည်။

(ပျက်စီးသွားသည့် လမ်းပိုင်းများအား ပုလဲအခြေစိုက်ရဲဘော်များက ပြုပြင်ပေးနေစဥ်။ ဓာတ်ပုံ - ပုလဲ(ပကဖ))
(ပျက်စီးသွားသည့် လမ်းပိုင်းများအား ပုလဲအခြေစိုက်ရဲဘော်များက ပြုပြင်ပေးနေစဥ်။ ဓာတ်ပုံ – ပုလဲ(ပကဖ))

“ရေကြီးတုန်းကလည်း ပစ္စည်းတွေ ရွှေ့ပြောင်းရာမှာ တက်နိုင်သမျှ ကူညီခဲ့ကြပါတယ်။ ပျက်စီးခဲ့တဲ့ လမ်း၊တံတားတွေကို ပြည်သူတွေအရေးပေါ်သွားလာနိုင်ဖို့ ထန်းလုံးတံတားတွေနဲ့ အစားထိုးခင်းပြီး ဆောက်လုပ်‌ပေးနေကြပါတယ်”ဟု ပုလဲနယ်အခြေစိုက် ရဲဘော်တစ်ဦးက ပြောသည်။

(ပျက်စီးသွားသည့် လမ်းပိုင်းများအား ပုလဲအခြေစိုက်ရဲဘော်များက ပြုပြင်ပေးနေစဥ်။ ဓာတ်ပုံ - ပုလဲ(ပကဖ))
(ပျက်စီးသွားသည့် လမ်းပိုင်းများအား ပုလဲအခြေစိုက်ရဲဘော်များက ပြုပြင်ပေးနေစဥ်။ ဓာတ်ပုံ – ပုလဲ(ပကဖ))

မေလလယ်က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ပုလဲမြို့နယ်အတွင်းရှိ တံတား (၁၇)စင်း၊ လမ်းပိုင်း (၂၃)ခုပျက်စီးခဲ့ပြီး စိုက်ပျိုးဧက ၂,၇၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထို့အပြင် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်မွေးမြူရေးတိရိစ္ဆာန်အကောင် ၂၀၀ခန့် ရေထဲမျောပါသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။