Connect with us

Hi, what are you looking for?

သတင်း

အမျိုးသားရေးအစွန်းရောက် မဘသနှင့် စစ်တပ်ထောက်ခံ​ရေး ဆန္ဒပြပွဲများဦး​ဆောင်သူ ဦးတင့်လွင် ပစ်သတ်ခံရ

ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်သားများနှင့် ရဲများ ရောက်ရှိလာပြီး လက်ဖက်ရည်ဆိုင်အတွင်းရှိနေသူများနှင့် လမ်းသွား၊လမ်းလာများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(လွယ်အိတ်အဖြူလွယ်ထားသောသူမှာ ဦးတင့်လွင်ဖြစ်သည်။)
(လွယ်အိတ်အဖြူလွယ်ထားသောသူမှာ ဦးတင့်လွင်ဖြစ်သည်။)

အမျိုးသားရေးအစွန်းရောက် မဘသနှင့် စစ်တပ် ထောက်ခံ​ရေးဆန္ဒပြပွဲများ ဦး​ဆောင်သူ ဦးတင့်လွင် ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၌ ယနေ့ သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခဲ့သည်။

ယနေ့ (မေလ ၂၆ရက်) နေ့လည်ပိုင်းက ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် ဗထူးလမ်းမပေါ်ရှိ ရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင်အတွင်းရှိနေစဥ် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသားရေးအစည်းအရုံးဥက္ကဋ္ဌ ဦးတင့်လွင်အား သေနတ်သမားနှစ်ဦးက ပစ်ခတ်သွားခြင်းဟု ဒေသခံများက ပြောသည်။

ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်သားများနှင့် ရဲများ ရောက်ရှိလာပြီး လက်ဖက်ရည်ဆိုင်အတွင်းရှိနေသူများနှင့် လမ်းသွား၊လမ်းလာများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းကိုမှု ထုတ်ပြန်အသိပေးခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

၎င်းအား ၂၀၂၂ ဇူလိုင် ၁ရက်ကလည်း မြောက်ဥက္ကလာပမြို့နယ် (က)ရပ်ကွက်၊ မေယု (၄)လမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်းရှိနေစဥ် သေနတ်ဖြင့် ပစ်ခတ်ခံရဖူးသည်။ ထိုစဥ်က ထိခိုက်ဒဏ်ရာသာ ရရှိခဲ့ခြင်း ဖြစ်သည်။

အမည်မသိသေနတ်သမား၏ ပစ်ခတ်ခြင်းခံရသော ဦးတင့်လွင်(ခ)မှတ်ကြီးကို အမျိုးသားရေးလှုပ်ရှားသူများအသိုင်းအဝိုင်း၌ ဓားတင့်လွင်ဟုလည်း ခေါ်ဝေါ်ကြသည်။

အသတ်ခံရသူ ဦးတင့်လွင် လူမှုကွန်ရက်၌ နောက်ဆုံးရေးသားခဲ့သော ပို့စ်ဟု ဆိုကာ ၎င်း၏ မိတ်ဆွေက ထပ်ဆင့်မျှဝေမှုများ ပြုလုပ်နေကြသည်။

အဆိုပါရေးသားမှုတွင် အမျိုးသားရေးလှုပ်ရှားခဲ့သူများ ပုန်းရှောင်နေကြရသည်ဟု ပါရှိသည်။ “ကျနော်ကရှောင်နေရတယ်။ ဘယ်လောက်ဆိုးတဲ့ဘဝလည်း ဝဋ်ကြွေးတွေကြီးလိုက်တာ ကျနော်တို့လုပ်ခဲ့တဲ့နောက်ဆုံးရလာဒ်က ဒါလားဆိုတာ စဥ်းစားသာကြည့်ကြပါတော့။”ဟုလည်း ရေးသားထားသည်။

ထို့အပြင် ၎င်းက အောက်ပါ စာတိုတစ်ခုဖြင့် အဆုံးသတ်ထားသည်။

“နောက်ဆုံးရလာဒ်

ဘဝကြတ်ပြီး

စိတ်ဓာတ်တွေလွင့်

မချင့်မရဲ

ရင်ထည်းမှာငို

ဘဝကိုအရှုံးနဲ့

ငါလေရုန်းနေရပြီ

အဆုံးဘဝကမသေချာပြီကော။

တင့်လွင်”ဟု ရေးသားထားသည်။

၎င်းသည် ဒီချုပ်အစိုးရလက်ထက်၌ ရိုဟင်ဂျာကန့်ကွက်​ရေး၊ အမျိူးသား​ရေးနှင့် စစ်တပ်​ထောက်ခံ​ရေး ဆန္ဒပြပွဲများတွင် ၎င်း၏ နာမည်ဖြင့် ခွင့်ပြုမိန့်​​တောင်းခံ ဦး​ဆောင်ဆန္ဒပြ​နေသူ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။