Connect with us

Hi, what are you looking for?

သတင်း

မင်းတပ် – ကျောက်ထုကြားတိုက်ပွဲ စစ်ကောင်စီတပ်သေဆုံးမှုရှိ

စစ်ကောင်စီ၏ မင်းတပ်အခြေစိုက် ခလရ(၂၇၄) တပ်က လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့၍ မင်းတပ် CDF ဘက်ကလည်း တန်ပြန်ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်သားများ နေရာယူထားသော နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat)
(စစ်ကောင်စီတပ်သားများ နေရာယူထားသော နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat)

ချင်းပြည်နယ် မင်းတပ်မြို့နယ်နှင့် မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့အကြား တောလမ်းတစ်နေရာ၌ ယမန်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ကြောင်း ဆောနယ် ဒေသခံနှင့် မင်းတပ်ဒေသခံသတင်းရင်းမြစ်အချို့က အသိပေးသည်။

မေလ ၂၉ရက် နေ့လည်ပိုင်းတွင် ကျောက်ထုဘက်ဆင်းလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် CDF-Mindat ပူးပေါင်းအဖွဲ့ တို့ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်သား သုံးဦး သေဆုံးကြောင်း၊ ဒဏ်ရာရသူများနိုင်ကြောင်း မင်းတပ်ဒေသခံသတင်းရင်းမြစ်က လူမှုကွန်ရက်၌ ရေးသားအသိပေးထားသည်။

ဆောမြို့နယ် ဒေသခံတစ်ဦးကလည်း “တိုက်ပွဲဖြစ်တာတော့ကြားတယ်။ ကျနော်တို့ PDFရယ် CDF ပူးပေါင်းအဖွဲ့ရယ် တိုက်ပွဲဖြစ်လိုက်တယ်လို့ ကြားလိုက်တယ်။ တောလမ်းမှာပေါ့”ဟု ပြောသည်။

ထို့အပြင် အချိတ်အဆက်များမရသေး၍ တိုက်ပွဲ ၌ ထိခိုက်ကျဆုံးအခြေအနေကို မသိရသေးဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)တာဝန်ရှိသူ အချို့ထံဆက်သွယ်နေဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ယနေ့နံနက်တွင်လည်းတိုက်ပွဲဖြစ်ပွားမှုရှိကြောင်းမင်းတပ် ဒေသခံသတင်းရင်းမြစ်က အသိပေးထားသည်။

Public Service Announcement
Public Service Announcement

“မင်းတပ်မြို့ ထင်ချောင်းကျေးရွာ ရွာထိပ်တွင်ရောက်နေတာက တစ်ဖွဲ့၊ စံတောင်ရိုး ပေါက်တောချောက်ဘက်နားရောက်နေသောစခ ကတစ်ဖွဲ့ ၊ နှစ်ဖွဲ့ခွဲနေရာ ယူနေကြပါတယ်။ ပေါက်တောချောက်ဘက်ရောက်နေသော စစ်သားများနှင့် CDF- Mindat ပူးပေါင်းအဖွဲ့တို့ ယမန်နေ့ နေ့လည်ကပစ်ခတ်ကြပြီး၊ ယနေ့ နံနက်စောစောတွင် ရွာထိပ်ရောက်နေသော စစ်သားများနဲ့ ထပ်မံထိတွေ့မှုဖြစ်ကြတယ်လို့သိရပါတယ်။စစ်သား များမှာ ၂၈ ရက်နေ့က ညောင်ပင်ကွေ့တွင် နာနတ် သီးစာမိပြီးအထိနာသည့်အပြင် မနေ့ကထိတွေ့မှုတွင် ထပ်မံအထိနာသောကြောင့် ယနေ့မနက်အထိ လှုပ်ရှားမှုမတွေ့ရတော့ဘဲ ၎င်းနေရာတွင် သာ ရှိနေကြပြီးချက်ပြုတ်စားသောက်၊ ဆေးကုသမှုခံယူနေကြတယ်လို့ကြားသိရပါတယ်”ဟု မင်းတပ်ဒေသခံ သတင်းရင်းမြစ်က လူမှုကွန်ရက်၌ ရေးသားဖော်ပြထားသည်။

ချင်းကာကွယ်ရေးတပ်(CDF) စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း တိုက်ပွဲသတင်းကို လူမှုကွန်ရက်၌ ရေးသားဖော်ပြထားရာ မင်းတပ်မြို့မှ ဆင်းလာသည့် စစ်ကောင်စီနှင့် ရဲအင်အား ၂၀၀ခန့် နှင့် ကန်ပက်လက် CDF၊ မင်းတပ် CDF၊ ဂန့်ဂေါ ခရိုင် တပ်ရင်း (၈၊ ၁၃) ပူးပေါင်း တပ်တို့ မင်းတပ် – ကျောက်ထုလမ်းတစ်နေရာ၌ မေလ ၂၉ရက် မွန်းလွဲ ၂နာရီခန့်က စတင်တိုက်ပွဲဖြစ်ခဲ့သည်ဟု အသိပေးသည်။

ယင်းတိုက်ပွဲ၌ မင်းတပ် CDF ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သုံးဦးသေဆုံးခဲ့ကြောင်း CDF စစ်ရေးသတင်းရင်းမြစ်က ရေးသားထားသည်။

စစ်ကောင်စီ၏ မင်းတပ်အခြေစိုက် ခလရ(၂၇၄) တပ်က လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့၍ မင်းတပ် CDF ဘက်ကလည်း တန်ပြန်ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲများ ဖြစ်နေ၍ မင်းတပ်မြို့နယ်နှင့် ယောဒေသမှ ပြည်သူများအနေဖြင့် သတိထားပြီး သွားလာနေထိုင်ကြရန်လည်း အသိပေးတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။