Connect with us

Hi, what are you looking for?

သတင်း

သံနှင့်သံမဏီတင်သွင်းရာတွင်ဒေါ်လာအစား တရုတ်ယွမ်ပြောင်းသုံးပါကလိုင်စင်အမြန်ရမည်ဟုစစ်ကောင်စီ မြူဆွယ်

မြန်မာနိုင်ငံတွင် နှစ်စဉ် သံနှင့် သံမဏီများကိုတန်ချိန် ၃ သန်းခန့်တင်သွင်းရပြီး ပြည်တွင်း သုံးစွဲမှု ၉၂ ရာခိုင်နှုန်းရှိသည်ဟု သံနှင့် သံမဏီအသင်းကဆိုသည်။

(၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံမှ သံနှင့် သံမဏီ ​ဒေါ်လာသန်း၄၀၀ ​ကျော်ဖိုးတင်သွင်းခဲ့သည်။ မြန်မာနိုင်ငံသို့တရုတ်မှ​နောက်ဆုံး ၁၀ နှစ်အတွင်းသံနှင့် သံမဏီတင်သွင်းမှု အ​ခြေအ​နေ ။ ကိုးကား-comtrade)
(၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံမှ သံနှင့် သံမဏီ ​ဒေါ်လာသန်း၄၀၀ ​ကျော်ဖိုးတင်သွင်းခဲ့သည်။ မြန်မာနိုင်ငံသို့တရုတ်မှ​နောက်ဆုံး ၁၀ နှစ်အတွင်းသံနှင့် သံမဏီတင်သွင်းမှု အ​ခြေအ​နေ ။ ကိုးကား-comtrade)

မြန်မာနိုင်ငံအတွင်း သံနှင့် သံမဏီတင်သွင်းရာတွင် အ​မေရိကန်ဒေါ်လာအစား တရုတ်ယွမ်ငွေပြောင်းလဲသုံးစွဲပါက လိုင်စင်ချဦးစားပေးချထားပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သံနှင့် သံမဏီအသင်းက ထုတ်ပြန်သည်။

ပြည်တွင်းသို့ သံနှင့် သံမဏီတင်သွင်းရာတွင်ယခင်အဒေါ်လာတစ်မျိုးတည်းသာ သုံးစွဲခဲ့ပြီး ၂၀၂၃တွင် ဒေါ်လာအစား တရုတ်ယွမ်ငွေကို ပြောင်းလဲသုံးစွဲရန် စစ်ကောင်စီထိန်းချုပ်ထားသည့် ကုန်သွယ်ရေးဦးစီးဌာန အထက်ပါအသင်းကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

လက်ရှိ ကုမ္ပဏီများအနေဖြင့် ဒေါ်လာဖြင့်လိုင်စင်တင်ထားပါကလည်း ညီမျှသည့် တရုတ်ယွမ်ငွေကိုပြောင်းလဲပြင်ဆင်ပြီး လိုင်စင်တင်နိုင်သည်ဟုအသင်းကဆိုသည်။

“ဒေါ်လာရှားလာတဲ့အချိန်မှာတရုတ်ယွမ်ပေးသုံးတော့ပစ္စည်းတင်သွင်းတာကော၊ဖြန့်ဖြူးတာကော အဆင်ပြေနိုင်တယ်”ဟု သံမဏီလုပ်ငန်းရှင်တစ်ဦး​ပြောသည်။

Public Service Announcement

Public Service Announcement

(၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံမှ သံနှင့် သံမဏီ ​ဒေါ်လာသန်း၄၀၀ ​ကျော်ဖိုးတင်သွင်းခဲ့သည်။ မြန်မာနိုင်ငံသို့တရုတ်မှ​နောက်ဆုံး ၁၀ နှစ်အတွင်းသံနှင့် သံမဏီတင်သွင်းမှု အ​ခြေအ​နေ ။ ကိုးကား-comtrade)
(၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံမှ သံနှင့် သံမဏီ ​ဒေါ်လာသန်း၄၀၀ ​ကျော်ဖိုးတင်သွင်းခဲ့သည်။ မြန်မာနိုင်ငံသို့တရုတ်မှ​နောက်ဆုံး ၁၀ နှစ်အတွင်းသံနှင့် သံမဏီတင်သွင်းမှု အ​ခြေအ​နေ ။ ကိုးကား-comtrade)

ယခု အစီအစဉ်သည်စစ်တပ်အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံအပေါ်အလွန်အကျုးမှီခိုမှုကိုပြသနေခြင်းဖြစ်ပြီးတရုတ်လုပ်ငန်းရှင်များက ၎င်းတို့စီမံကိန်းများအတွက် မြန်မာပြည်တွင် ဒေါ်လာမသုံးလို၍ တရုတ်ယွမ်ငွေကို တိုက်ရိုက်သုံးစွဲရန် စစ်ကောင်စီက လိုက်လျောပေးခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်​ပြောကြားသည်။

စစ်အုပ်စုအာဏာသိမ်းပြီး​နောက်ပိုင်း အ​မေရီကန်အစိုးရက ​စစ်​ကောင်စီကို ဒဏ်ခပ်အ​ရေးယူပိတ်ဆို့မှုပြုလုပ်ခြင်း ၊နိုင်ငံတကာလုပ်ငန်းများထွက်ခွာသွားခြင်း၊ပြည်ပရင်းနှီးမြှုပ်နှံမှု​လျော့ကျလာခြင်း ၊ပြည်တွင်းစီးပွား​ရေးကျဆင်းကာ စစ်​ကောင်စီနှင့်ဘဏ်များအ​ပေါ်ပြည်သူများယုံကြည်မှု မရှိ​တော့ခြင်း​​ကြောင့်ကျပ်​ငွေတန်ဖို့စံချိန်တင်ကျဆင်းခြင်း ၊စစ်တပ်က ပြည်သူများကို ​ဒေါ်လာကိုင်​ဆောင်ခွင့်ပိတ်ပင်ခြင်း စသည်တို့​​ကြောင့် ​ပြည်တွင်းဈေးကွက်၌ဒေါ်လာရှားပါး​ခဲ့သည်။စစ်တပ်က ဒေါ်လာ​ဈေးမတက်​စေရန်ကိုင်​ဆောင်ခွင့်နှင့်​ရောင်းဝယ်ခွင့်ကိုတင်းကြပ်စွာထိန်းချုပ်ကန့်သပ်ထား​သော်လည်း ​ဒေါ်လာ​ဈေးမှာ မကြာခဏမြင့်တက်​လေ့ရှိပြီး ယခုအခါ တစ်​ဒေါ်လာလျှင် ကျပ် ၃၀၀၀ ​ကျော်​ဈေး​ပေါက်သည်။

Public Service Announcement
Public Service Announcement

ပြည်သူများကို ​ဒေါ်လာကိုင်​ဆောင်ခွင့်မပြု​သော်လည်းစစ်တပ်က လက်နက်ဝယ်ယူရန်နှင့် ​လေယာဥ်ဆီအပါအဝင်စက်သုံဆီဝယ်ယူရန် ​ဒေါ်လာကို ရသမျှ သိမ်းယူ​နေသည်ဟုလုပ်ငန်းရှင်များက​ပြောသည်။စစ်တပ်က အာဏာသိမ်းပြီး​နောက် ၂ နှစ်အတွင်း ရုရှား ၊တရုတ် ၊အိန္ဒိယ၊ထိုင်း၊စင်ကာပူအပါအဝင်နိုင်ငံတကာမှ လက်နက်မျိုးစုံ ​ဒေါ်လာ ၁ ဘီလီယံ(​ဒေါ်လာ သန်း ၁၀၀၀ )​ကျော်ဖိုးဝယ်ယူခဲ့သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် သံနှင့် သံမဏီများကိုတန်ချိန် ၃ သန်းခန့်တင်သွင်းရပြီး ပြည်တွင်း သုံးစွဲမှု ၉၂ ရာခိုင်နှုန်းရှိသည်ဟု သံနှင့် သံမဏီအသင်းကဆိုသည်။

သံနှင့် သံမဏီတင်သွင်းမှုကို တရုတ်နိုင်ငံမှအများဆုံးတွင်သွင်းပြီး ၂၀၂၂ ခုနှစ်တွင် ​ဒေါ်လာသန်း ၄၀၀ ​ကျော်ဖိုးတင်သွင်းခဲ့​ကြောင်း COMTRADE က​ဖော်ပြထားသည်။​ စစ်အုပ်စုအာဏာသိမ်းခဲ့​သော ၂၀၂၁ ခုနှစ်တွင် တင်သွင်းမှု​လျော့နည်းခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ပြန်များလာခြင်းဖြစ်သည်။တရုတ်မှ သံနှင့် သံမဏီတင်သွင်းမှု အများဆုံးမှာ ၂၀၁၅ ခုနှစ်ကဖြစ်ပြီး ​ဒေါ်လာသန်း ၈၀၀ ဖိုးခန့်တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။