Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေ၊ လေးဦးထိခိုက်ဟုဆို

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနှစ်ဦးလဲ ကျသွားသည်ကို မျက်မြင်တွေ့ခဲ့ရပြီး လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားကြောင်း တပ်ခွဲ (၅)မှ တာဝန်ရှိသူက ပြောသည်။

(သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ -၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များအားတွေ့ရစဥ်။ဓာတ်ပုံ - Hero)
(သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ -၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များအားတွေ့ရစဥ်။ဓာတ်ပုံ - Hero)

ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ် ချောင်းစောက်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်စစ် ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDFတပ်ရင်း (၃၈၀၁)တပ်ခွဲ -၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

ယမန်နေ့(မေ ၃၀)ညနေ ၅နာရီခွဲခန့်က အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာအုပ်စု ချောင်းစောက်ကျေးရွာထိပ်တွင် အင်အား၂၀ကျော်ဖြင့် ရောက်ရှိလာသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်သည့်အပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခက်တိုက်ခိုတ်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနှစ်ဦးလဲ ကျသွားသည်ကို မျက်မြင်တွေ့ခဲ့ရပြီး လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားကြောင်း တပ်ခွဲ (၅)မှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

“နှစ်ယောက်သေပြီး လေးယောက်လောက်ဒဏ်ရာရရှိကြောင်း သိရပါတယ်။(အင်အား ၂၀ ကျော်မှ) ၁၁ ယောက်လောက်ပဲ ပြန်ဝင်သွားတာမြင်တယ်လို့သတင်ရရှိပါတယ်”ဟု ၎င်းတာဝန်ရှိသူက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့်နေရာသည် ဝိုင်းကျေးရွာ စစ်ကောင်စီရဲကင်းနှင့် နီးကပ်သည့်အပြင် လက်နက်အင်အားမမျှသော ကြောင့် နာရီဝက်ခန့်ပစ်ခတ်တိုက်ခိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ကြို့ပင်ကောက် Hero ပြောက် ကျားတပ်ဖွဲ့က အသိပေးသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း အုတ်ဖိုမြို့နယ် တာဝါတိုင်ကျေးရွာအား မီးရှို့ဖျက်စီးခဲ့သည့်စစ်ကောင်စီတပ်ကို မတ်လ ၂၄ နှင့် ၂၆ရက်တွင် သာယာဝတီခရိုင် PDF တပ်ရင်း၊ တပ်ခွဲများက နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၂ဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။