Connect with us

Hi, what are you looking for?

သတင်း

ဟားခါး – ထန်တလန်ကြားတိုက်ပွဲ စစ်ကောင်စီတပ် ၂၀ဦးခန့်သေဟု ချင်းတပ်သတင်းရင်းမြစ်ပြော

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်က ၎င်းတို့ တပ်စွဲရာ တပ်ကုန်းနေရာတစ်ခုတည်းသာ စိုးမိုးထားနိုင်ပြီး ကျနေသည့် မြို့ နေရာအများစုကို ချင်းပူးပေါင်းတပ်က စိုးမိုးထားသည်။ ထန်တလန်မြို့ ရဲစခန်းကိုလည်းချင်းတပ်ဖွဲ့က သိမ်းပိုက်ထားသည်။

(ရှေ့တမ်းသွားမည့် CNAရဲဘော်များအား ဗိုလ်မှူးကြီးမှ Col. Solomonမှ ဆုမွန်ကောင်းတောင်းပေးနေစဉ်။ဓာတ်ပုံ - The Chin Journal)
(ရှေ့တမ်းသွားမည့် CNAရဲဘော်များအား ဗိုလ်မှူးကြီးမှ Col. Solomonမှ ဆုမွန်ကောင်းတောင်းပေးနေစဉ်။ဓာတ်ပုံ - The Chin Journal)

▪️CNFဌာနချုပ်စခန်းကိုပါ ထိုးစစ်ဆင်ရန် စစ်ကောင်စီကြိုးစားနေပုံရဟု သုံးသပ်၊ ချင်းပူးပေါင်းတပ်ကလည်း အင်အားဖြည့်

ချင်းပြည်နယ် ဟားခါးနှင့်ထန်တလန်မြို့နယ်ကြား၌ ချင်းအမျိုးသားတပ်မတော်(CNA)၊ ဒေသခံချင်းကာကွယ်ရေးတပ်(CDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်ဘက်က ၂၀ဦးခန့် သေဆုံးနိုင်ကြောင်းချင်းတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်က မေလ ၂၉ရက်မှစ၍ မြေပြင်၊ လက်နက်ကြီး၊ လေကြောင်း ပစ်ကူများဖြင့် ထိုးစစ်ဆင်လာ၍ ထန်တလန်နှင့် ဟားခါးနယ်ကြားရှိ သီးမစ်ဒေသ၌ တိုက်ပွဲများ ပြင်းထန်ခဲ့ရာ ယမန်နေ့ (မေလ ၃၁ရက်)တိုက်ပွဲတွင် စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟု ဆိုသည်။

“သူတို့ဘက်က မနေ့က အယောက် ၂၀လောက်သေတယ်။ အကျအဆုံးရှိတယ်” ဟု ချင်းတပ်ဖွဲ့သတင်းရင်းမြစ်က ပြောသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းတပ် ပူးပေါင်းအဖွဲ့မှ ၁ဦး ဒဏ်ရာရခဲ့ပြီး အကျအဆုံးမရှိဟုဆိုသည်။ သို့ရာတွင်မေလ ၂၉ရက်တိုက်ပွဲ၌ ချင်းပူးပေါင်းတပ်မှ ရဲဘော် ၁၁ဦး ကျဆုံးခဲ့ရသည်။

“ဒီစစ်ကြောင်းက နည်းနည်း ထန်တလန်ဘက်ကို နည်းနည်းဦးတည်လာတော့ ထန်တလန်ဘက်ကနေ စကစ အဖွဲ့တွေက လာကြိုဖို့ ထန်တလန်ကနေလည်း ထွက်လာကြတယ်။ မနေ့ကလည်းထိတွေ့မှုတော့ရှိတယ်။ မနေ့က ထိတွေ့မှုက အကြာကြီးတော့မဟုတ်ဘူး။ မနေ့ကလည်း လေယာဉ်က လေးခါလောက်ပစ်သေးတယ်။ကျနော်တို့ဘက်ကတော့ CNA ဘက်ကပဲဖြစ်ဖြစ် CDF ပူးပေါင် တပ်ဖွဲ့ဘက်ကပဲဖြစ်ဖြစ် အင်အားတော့ ဖြည်တာတော့ရှိပါတယ်။” ဟု ချင်းတပ်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းဖြင့် လှုပ်ရှားနေ၍ ၎င်းတို့၏ စစ်ရေးပစ်မှတ်နေရာကို ခန့်မှန်းရန်ခက်သော်လည်း ထန်တလန်ကို ဦးတည်နိုင်ခြေရှိကြောင်း ၎င်းက ဆိုသည်။

“ထန်တလန်ကို သူတို့ဝင်သွားနိုင်ရင် ထန်တလန်မြို့ဘေးနားက စခန်းတွေလည်း ဝင်စီးနိုင်တယ်။အဲဒီ ထန်တလန်မှာ ကောင်းကောင်းလေး အခြေကုတ် ယူနိုင်ပြီးနောက် နောက်ပိုင်း ဗစ်တိုးရီးယားစခန်း အဲဒီအထိပါ သူတို့က ဆက်လက်ဝင်ဖို့ လုပ်နေတယ်လို့ မြင်တယ်။ ကျနော်တို့ဘက်ကတော့ အကောင်းဆုံးပြင်ဆင်ထားပါတယ်။ ထန်တလန်မဝင်နိုင်အောင်နဲ့ တကယ်လို့ သူတို့ဝင်သွားလို့ရှိရင် လုံး၀လှုပ်ရှားလို့မရအောင်တော့ ကျနော်တို့ ပြင်ဆင်ထားပါတယ်”ဟု ချင်းတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောသည်။

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်က ၎င်းတို့ တပ်စွဲရာ တပ်ကုန်းနေရာတစ်ခုတည်းသာ စိုးမိုးထားနိုင်ပြီး ကျနေသည့် မြို့ နေရာအများစုကို ချင်းပူးပေါင်းတပ်က စိုးမိုးထားသည်။ ထန်တလန်မြို့ ရဲစခန်းကိုလည်းချင်းတပ်ဖွဲ့က သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။