Connect with us

Hi, what are you looking for?

သတင်း

PDF အာဠာဝကစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲအခြေအနေ

ဒီနှစ် မတ် ၊ဧပြီ နဲ့မေလ မှာ ရင်ဆိုင်တိုက်ပွဲ ၊ စခန်းသိမ်းတိုက်ပွဲ ၊ထိတွေ့တိုက်ပွဲ ၈ ကြိမ်ဖြစ်ခဲ့တာလို့ အာဠာဝကစစ်ကြောင်းက ဖော်ပြထားပါတယ်။

PDF အာဠာဝကစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲအခြေအနေ
PDF အာဠာဝကစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲအခြေအနေ

KNU တပ်မဟာ ( ၁) လှုပ်ရှားရာနယ်မြေ ဒူးသထူခရိုင်( သထုံ) မှာ PDF တပ်ရင်း ( ၃) ရဲ့အာဠာဝကစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တွေ ကြား ၃ လတာကာလအတွင်း တိုက်ပွဲ ၈ ကြိမ်ဖြစ်ရာ ၂ ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့ပါတယ်။

ဒီနှစ် မတ် ၊ဧပြီ နဲ့မေလ မှာ ရင်ဆိုင်တိုက်ပွဲ ၊ စခန်းသိမ်းတိုက်ပွဲ ၊ထိတွေ့တိုက်ပွဲ ၈ ကြိမ်ဖြစ်ခဲ့တာလို့ အာဠာဝကစစ်ကြောင်းက ဖော်ပြထားပါတယ်။

Public Service Announcement
Public Service Announcement

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် ကျဆုံးတယ်လို့ အာဠာဝကစစ်ကြောင်းက ဆိုထားပါတယ်။ စစ်ကောင်စီတပ်ရဲ့အကျအဆုံးကို လူထုနွေဦးသတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

တပ်ဖွဲ့ဝင်တွေ အကျအဆုံးကို စစ်ကောင်စီကလည်းထုတ်ပြန်လေ့မရှိဘဲ လျှို့ဝှက်ထားပါတယ်။

Public Service Announcement

Public Service Announcement

PDF တပ်ဘက်ကတော့ တပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရပြီး ၁ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အာဠာဝကစစ်ကြောင်းဟာ KNU တပ်မဟာ (၁) နယ်မြေထဲမှာ လှုပ်ရှားနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook