Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါး – ထန်တလန်ကြားတိုက်ပွဲ ချင်းပူးပေါင်းတပ်၏ တန်ပြန်စစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ဦးသေဆုံး၊ လက်နက် အချို့ရ

ဟားခါးနှင့် ထန်တလန်မြို့နယ်ကြားသို့ စစ်ကောင်စီတပ်က မြေပြင်၊လက်နက်ကြီး၊ လေကြောင်း ပစ်ကူများဖြင့် ထိုးစစ်ဆင်လာ၍ မေလ ၂၉ရက်မှစတင်ကာ ချင်းပူးပေါင်းတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ထန်တလန်မြို့တွင်းတစ်နေရာအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Journal)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ထန်တလန်မြို့တွင်းတစ်နေရာအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Journal)

▪️CNAနှင့် CDF လေးဖွဲ့ပေါင်း တိုက်ခိုက်နေဟု အသိပေး

▪️“ဗစ်တိုးရီးယား(CNF/CNA ဌာနချုပ်)ကိုဦးတည်တာပါပဲ။ အဲဒီလိုဦးတည်နိုင်ဖို့ ရှေ့တန်းမှာ ကျနော်တို့ကို ထိုးဖောက်နိုင်ဖို့ ပေါ့။ အဲဒါက ဘယ်တော့မှ ထိုးဖောက်နိုင်မှာ မဟုတ်ပါဘူး” ဆလိုင်းထက်နီ

ချင်းပြည်နယ် ထန်တလန်နှင့် ဟားခါးအကြားတွင် ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းကာကွယ်ရေးတပ်(CDF) တပ်များနှင့် စစ်ကောင်စီတပ် တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ လေးရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ၂၇ဦးသေဆုံးခဲ့ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဟားခါးနှင့် ထန်တလန်မြို့နယ်ကြားသို့ စစ်ကောင်စီတပ်က မြေပြင်၊လက်နက်ကြီး၊ လေကြောင်း ပစ်ကူများဖြင့် ထိုးစစ်ဆင်လာ၍ မေလ ၂၉ရက်မှစတင်ကာ ချင်းပူးပေါင်းတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

ထိုသို့ စစ်ကြောင်းတက်မလာမီ လက်နက်ကြီး ၊ လေကြောင်း ပစ်ခတ်မှုများ ပြုလုပ်၍ လမ်းကြောင်းရှင်းလင်းခဲ့ကြောင်း၊ မြေပြင်မှတက်လာစဉ် ရင်ဆိုင်တိုက်ပွဲများဖြစ်ခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“အဲဒီမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်တဲ့အပြင် သူတို့က လေကြောင်း တိုက်ခိုက်မှုကို နေ့စဉ်ရက်ဆက်လုပ်တာပေါ့။ အဲဒီမှာကျနော်တို့ဘက်က ၁၁ယောက်၊ အခုနဲ့ဆိုရင် ၁၂ယောက်ကျတာပေါ့။ အဓိကက ကျနော်တို့ ဒဏ်ရာရ ရဲဘော်တစ်ဦးကိုသွားကယ်တဲ့နေရာမှာ သူတို့ လက်နက်ကြီးကျည်ထိပြီး ကျသွားတာဖြစ်တာပေါ့။ ကျနော်တို့ဘက်ကလည်း လက်ဖြောင့်စနိုက်ပါနဲ့ ပစ်တယ်။ ပြီးတော့ ဒရုန်းနဲ့ ကျနော်တို့လည်း အတက်နိုင်ဆုံး တိုက်ခိုက်တာပေါ့။ အဲဒီမှာ သူတို့ဘက်က ၂၇ယောက်တောင်ကျတယ် ဒီနေ့အထိ။ ဆိုတော့ စစ်ကြောင်းနှစ်ကြောင်း ပုံစံမှာ စစ်ကြောင်းတစ်ကြောင်းက မြေပြင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေမရှိတော့ဘူးပေါ့နော်။ သူတို့ ပြန်ဆုတ်သွားသလား ကျနော်တို့ မသိဘူး။ ကျနော်တို့ဘက်က သေနတ် နှစ်လက်နဲ့ ကျည်ဆံရထားတာပေါ့။အဲဒါ ဒီနေ့မနက်စောစောအထိတိုက်ပွဲက ရှိနေတာပေါ့။ ညနေအထိတော့ မြေပြင်သတင်းက မလာသေးဘူး။ အဲဒီအနေအထားရှိပါတယ်”ဟု ဆလိုင်းထက်နီက ယနေ့ညနေပိုင်း၌ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ထန်တလန်မြို့ကို စိုးမိုးနိုင်ရေးနှင့် ထန်တလန်ရှိ စစ်ကောင်စီတပ်ကို အင်အားဖြည့်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်ဟုဆိုသည်။

“ဒီဟားခါးနဲ့ ထန်တလန်အကြားမှာ ကျနော်တို့ တပ်တွေကို ချေမှုန်းပြီးတော့ ထန်တလန် အထိုင်တပ်စခန်းကို အင်အားဖြည့်ပြီးတော့မှ နယ်မြေစိုးမိုးဖို့ သူတို့က အဲဒါကြောင့် အဲဒီလို တိုက်ခိုက်မှုလုပ်တယ်။ မနှစ်ကလည်း အခုနှစ်ပုံစံပါပဲ စစ်အင်အားအလုံးအရင်းနဲ့ သူတို့ကလာတာဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ကို မထိုးဖောက်နိုင်ဘူး။ အခုဒီနှစ် အဲဒီလို စစ်ဆင်ရေးပြန်ထိုးလာတာပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

ထိုသို့ ထိုးစစ်ဆင်လာမှုကို CNA ၊ ဟားခါး CDF၊ ထန်တလန် CDF၊ CDF-ဇိုဖေ၊ CDF –Lautu တို့ ပူးပေါင်း တိုက်ခိုက်နေသည်ဟု ဆိုသည်။

အင်အား ၁၅၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းအနေဖြင့် ချင်းတပ်များကို ထိုးဖောက်နိုင်ရန် မဖြစ်နိုင်ဟု အသိပေးသည်။

“အဓိကတော့ ကျနော်တို့ ဗစ်တိုးရီးယားကိုဦးတည်တာပါပဲ။ အဲဒီလိုဦးတည်နိုင်ဖို့ ရှေ့တန်းမှာ ကျနော်တို့ကို ထိုးဖောက်နိုင်ဖို့ပေါ့။ အဲဒါက ဘယ်တော့မှ ထိုးဖောက်နိုင်မှာ မဟုတ်ပါဘူး။ ဒီနှစ်လည်း အဲဒါပါပဲ”ဟု ဆလိုင်းထက်နီက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

TNLA နှင့် မဟာမိတ် ကိုးကန့်တပ်ဖွဲ့(MNDAA) တို့သည် ဇူလိုင် ၁၄ရက်ည ၁၂နာရီမှ ဇူလိုင် ၁၈ရက် ည ၁၂နာရီအထိ ၄ရက်တာ တစ်ဖက်သတ်အပစ်ရပ်ထားခြင်းဖြစ်သည်။

သတင်း

တရုတ်နိုင်ငံ၏ စိုးရိမ်ချက်အရ ဇူလိုင် ၁၄ရက်ည ၁၂နာရီမှ ၁၈ရက် ည ၁၂နာရီအထိ အပစ်ရပ်ထားမည်ဟု ကိုးကန့်တပ် MNDAA က ယမန်နေ့က ထုတ်ပြန်သည်။

သတင်း

ကျောက်မဲမြို့တွင် ဇူလိုင် ၁၄ ရက်ညနေပိုင်းက စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုတွင် အရပ်သားနှစ်ဦးထပ်မံဒဏ်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

RCSSသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံလျက်ရှိသည့် ရှမ်းတပ်ဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှု မရှိပေ။