Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် စစ်ကောင်စီတပ်နှင့် PDFများ တိုက်ပွဲဖြစ်ပြီး ရဲဘော် နှစ်ဦးကျဆုံး

စစ်ကိုင်းခရိုင်တပ်ရင်း(၃)သည် စစ်ကောင်စီတပ်အား ဆက်လက်ခုခံတော်လှန်တိုက်ခိုက်နေမည်ဖြစ်ပြီး ခဲယမ်းလိုအပ်မှုရှိ၍ ပါဝင်ထောက်ပံ့နိုင်ကြောင်းလည်း အသိပေးထားသည်။

ကျဆုံးခဲ့သော စစ်ကိုင်းခရိုင်တပ်ရင်း(၃)၏ဒုတပ်စိတ်မှူး ရဲဘော်နိုင်းနိုင်းနှင့် ရဲဘော်သာဒင် တို့အား တွေ့ရစဥ်။ ဓာတ်ပုံ- စစ်ကိုင်းခရိုင်တပ်ရင်း(၃)
ကျဆုံးခဲ့သော စစ်ကိုင်းခရိုင်တပ်ရင်း(၃)၏ဒုတပ်စိတ်မှူး ရဲဘော်နိုင်းနိုင်းနှင့် ရဲဘော်သာဒင် တို့အား တွေ့ရစဥ်။ ဓာတ်ပုံ- စစ်ကိုင်းခရိုင်တပ်ရင်း(၃)

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်မှ စစ်ကိုင်းမြို့နယ်သို့လာသည့် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားရာ ပြည်သူ့ကာကွယ်‌ရေး ရဲဘော် နှစ်ဦးကျဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ဇွန်လ ၄ရက်က ဝက်လက်မြို့နယ်မှ ထွက်လာသည့် အင်အား ၁၄၀ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် စစ်ကိုင်းမြို့နယ် စဉ့်ကိုင်ကျေးရွာသို့ စစ်ကြောင်းထိုးလာခဲ့ကြောင်း၊ စဥ့်ကိုင်ရွာ မရောက်မီ တောရဘုန်းကြီးကျောင်းအနီး၌ ထိ‌တွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း(၃)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၃ဦးခန့်သေဆုံးပြီး ပြည်သူ့ကာကွယ်‌ရေးတပ်မှ ဒုတပ်စိတ်မှူး ရဲဘော်နိုင်းနိုင်းနှင့် ရဲဘော်သာဒင်တို့ ရဲဘော် နှစ်ဦးကျဆုံးခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

ကျဆုံးခဲ့သော စစ်ကိုင်းခရိုင်တပ်ရင်း(၃)၏ဒုတပ်စိတ်မှူး ရဲဘော်နိုင်းနိုင်းနှင့် ရဲဘော်သာဒင် တို့အား တွေ့ရစဥ်။ ဓာတ်ပုံ- စစ်ကိုင်းခရိုင်တပ်ရင်း(၃)
ကျဆုံးခဲ့သော စစ်ကိုင်းခရိုင်တပ်ရင်း(၃)၏ဒုတပ်စိတ်မှူး ရဲဘော်နိုင်းနိုင်းနှင့် ရဲဘော်သာဒင် တို့အား တွေ့ရစဥ်။ ဓာတ်ပုံ- စစ်ကိုင်းခရိုင်တပ်ရင်း(၃)

“ထိပ်တိုက်ပစ်ခတ်မှုမှာ ကျတာပေါ့။ တစ်ယောက်က ရန်သူကျည်သင့်တာပါ။ ကျန်တစ်ယောက်က အဲရဲဘော်ကို ဆွဲထုတ်နေရင်းကျဆုံးသွားတာပါ။ နှစ်ယောက်လုံးက ၂၀ ဝန်းကျင်ပါ။ နှမြောတာပေါ့။ တပ်ရင်းထဲမှာလည်း ပြစ်ဒဏ်ခံရတာဘာညာလဲမရှိဘူး။ အမိန့်နာခံတက်မှုလည်း ကောင်းတယ်။”ဟု စစ်ကိုင်းခရိုင်တပ်ရင်း(၃)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကိုင်းခရိုင်တပ်ရင်း(၃)သည် စစ်ကောင်စီတပ်အား ဆက်လက်ခုခံတော်လှန်တိုက်ခိုက်နေမည်ဖြစ်ပြီး ခဲယမ်းလိုအပ်မှုရှိ၍ ပါဝင်ထောက်ပံ့နိုင်ကြောင်းလည်း အသိပေးထားသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ဇွန်လ ၅ ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့နယ် စဉ့်ကိုင်တောင်ရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၂လုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

ထို့နောက် ယမန်နေ့ (ဇွန်လ ၆ ရက်) နံနက်တွင် တ်ဖိုရွာနှင့် ချောင်းဦးကျေးရွာကိုလည်း မီးရှို့ခဲ့ပြီး ယနေ့ (ဇွန်လ ၇ ရက်) နံနက်တွင်လည်း တောင်ရင်းမြောက်ကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ