Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပဇီကြီးရွာအနီး စစ်ကောင်စီတပ်စစ်ကြောင်း ‌တကျော့ပြန်ရောက်ရှိလာ

စစ်ကောင်စီ ခြေလျင်စစ်ကြောင်းတစ်ခုသည် ပဇီကြီးရွာနှင့် (၄) မိုင်ခန့်အကွာ သပိတ်ကျင်းမြို့နယ်၊ စံပယ်နဂိုရွာသို့ ယနေ(ဇွန်လ ၉ရက်) နံနက်တွင် ရောက်ရှိလာခြင်းဟု ပဇီကြီးရွာဒေသခံများက ပြောသည်။

(စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရအပြီး တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရအပြီး တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်ခံခဲ့ရသော ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအနီး စစ်ကောင်စီတပ်စစ်ကြောင်း ‌တကျော့ပြန်ရောက်ရှိလာ၍ ဒေသခံများမှာ ထွက်ပြေးပုန်းရှောင်ရန် ပြင်ဆင်နေကြရကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ ခြေလျင်စစ်ကြောင်းတစ်ခုသည် ပဇီကြီးရွာနှင့် (၄) မိုင်ခန့်အကွာ သပိတ်ကျင်းမြို့နယ်၊ စံပယ်နဂိုရွာသို့ ယနေ(ဇွန်လ ၉ရက်) နံနက်တွင် ရောက်ရှိလာခြင်းဟု ပဇီကြီးရွာဒေသခံများက ပြောသည်။

” စစ်ကြောင်းက ရွာအနားရောက်လာလို့ အခုပဲ အဝတ်ထုပ်ပြင်နေတာ။ ဘေးလွတ်ရာ ရှောင်ကြရမှာမို့”ဟု ပဇီကြီးရွာသားတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မလည်ရွာနှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် စပယ်နဂိုကျေးရွာသည် ဧရာဝတီမြစ်ခြားလျှက် ဟိုဘက်၊ဒီဘက် တည်ရှိနေသော ‌ကျေးရွာများ ဖြစ်သည်။ ပဇီကြီးရွာနှင့်စံပယ်နဂိုကျေးရွာသည် ခြေလျင်ခရီးဖြင့်လာပါက နာရီဝက်ခန့်သာကြာ၍ စစ်‌ကောင်စီစစ်ကြောင်း ရောက်ရှိလာမည်ကို ဒေသခံများက စိုးရိမ်နေသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် စပယ်နဂိုကျေးရွာ ဘောလုံးကွင်းအတွင်း လက်နက်ကြီးများတပ်ဆင်ထားသည်ဟု စပယ်နဂိုဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ကျွန်တော်တို့ ရွာပြန်လို့လည်း မရသေးဘူး။ဒါကြောင့် ရွာပြင်တဲတိုက်တွေမှာပဲ အိမ်ထောင်စု သုံးလေးစု စုနေကြတာ။ စစ်ကြောင်း ပြန်ဝင်လာရင်တော့ ထပ်ပြေးကြရအုံးမယ်”ဟု ပဇီကြီးရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဧပြီ ၁၁ရက်နံနက်က ပဇီကြီးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲ နှင့် အလှူကို ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲချပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ်Mi-35ဖြင့်ပါ ထပ်မံတိုက်ခိုက် ခဲ့သည်။ ထိုဖြစ်စဉ်တွင် လူ ၁၈၀ထက်မနည်း သေဆုံးခဲ့သည်။

ထို့နောက် ဧပြီ ၂၀ရက်ရက်မှ ဧပြီ ၃၀ရက်အထိ ပဇီကြီးရွာနှင့် ပတ်၀န်းကျင်ကို စစ်ကောင်စီတပ်က မြေပြင်မှ စစ်ကြောင်းထိုးခဲ့သည်။ ထိုအချိန်မှစ၍ ပြန်ဆုတ်ခွာသွားသော စစ်ကောင်စီတပ်က ယခုအခါ ပဇီကြီးရွာအနီး ပြန်ရောက်လာခြင်းဖြစ်သည်။ နေရပ်မပြန်နိုင်သေးသော ပဇီကြီးရွာဒေသခံ အရေအတွက်သည် တစ်‌ထောင်နီးပါးရှိပြီး အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် စားရေးသောက်ရေးဖြေရှင်း‌နေကြရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။