Connect with us

Hi, what are you looking for?

သတင်း

ပဇီကြီးရွာအနီး စစ်ကောင်စီတပ်စစ်ကြောင်း ‌တကျော့ပြန်ရောက်ရှိလာ

စစ်ကောင်စီ ခြေလျင်စစ်ကြောင်းတစ်ခုသည် ပဇီကြီးရွာနှင့် (၄) မိုင်ခန့်အကွာ သပိတ်ကျင်းမြို့နယ်၊ စံပယ်နဂိုရွာသို့ ယနေ(ဇွန်လ ၉ရက်) နံနက်တွင် ရောက်ရှိလာခြင်းဟု ပဇီကြီးရွာဒေသခံများက ပြောသည်။

(စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရအပြီး တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရအပြီး တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်ခံခဲ့ရသော ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအနီး စစ်ကောင်စီတပ်စစ်ကြောင်း ‌တကျော့ပြန်ရောက်ရှိလာ၍ ဒေသခံများမှာ ထွက်ပြေးပုန်းရှောင်ရန် ပြင်ဆင်နေကြရကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ ခြေလျင်စစ်ကြောင်းတစ်ခုသည် ပဇီကြီးရွာနှင့် (၄) မိုင်ခန့်အကွာ သပိတ်ကျင်းမြို့နယ်၊ စံပယ်နဂိုရွာသို့ ယနေ(ဇွန်လ ၉ရက်) နံနက်တွင် ရောက်ရှိလာခြင်းဟု ပဇီကြီးရွာဒေသခံများက ပြောသည်။

” စစ်ကြောင်းက ရွာအနားရောက်လာလို့ အခုပဲ အဝတ်ထုပ်ပြင်နေတာ။ ဘေးလွတ်ရာ ရှောင်ကြရမှာမို့”ဟု ပဇီကြီးရွာသားတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မလည်ရွာနှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် စပယ်နဂိုကျေးရွာသည် ဧရာဝတီမြစ်ခြားလျှက် ဟိုဘက်၊ဒီဘက် တည်ရှိနေသော ‌ကျေးရွာများ ဖြစ်သည်။ ပဇီကြီးရွာနှင့်စံပယ်နဂိုကျေးရွာသည် ခြေလျင်ခရီးဖြင့်လာပါက နာရီဝက်ခန့်သာကြာ၍ စစ်‌ကောင်စီစစ်ကြောင်း ရောက်ရှိလာမည်ကို ဒေသခံများက စိုးရိမ်နေသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် စပယ်နဂိုကျေးရွာ ဘောလုံးကွင်းအတွင်း လက်နက်ကြီးများတပ်ဆင်ထားသည်ဟု စပယ်နဂိုဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ကျွန်တော်တို့ ရွာပြန်လို့လည်း မရသေးဘူး။ဒါကြောင့် ရွာပြင်တဲတိုက်တွေမှာပဲ အိမ်ထောင်စု သုံးလေးစု စုနေကြတာ။ စစ်ကြောင်း ပြန်ဝင်လာရင်တော့ ထပ်ပြေးကြရအုံးမယ်”ဟု ပဇီကြီးရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဧပြီ ၁၁ရက်နံနက်က ပဇီကြီးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲ နှင့် အလှူကို ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲချပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ်Mi-35ဖြင့်ပါ ထပ်မံတိုက်ခိုက် ခဲ့သည်။ ထိုဖြစ်စဉ်တွင် လူ ၁၈၀ထက်မနည်း သေဆုံးခဲ့သည်။

ထို့နောက် ဧပြီ ၂၀ရက်ရက်မှ ဧပြီ ၃၀ရက်အထိ ပဇီကြီးရွာနှင့် ပတ်၀န်းကျင်ကို စစ်ကောင်စီတပ်က မြေပြင်မှ စစ်ကြောင်းထိုးခဲ့သည်။ ထိုအချိန်မှစ၍ ပြန်ဆုတ်ခွာသွားသော စစ်ကောင်စီတပ်က ယခုအခါ ပဇီကြီးရွာအနီး ပြန်ရောက်လာခြင်းဖြစ်သည်။ နေရပ်မပြန်နိုင်သေးသော ပဇီကြီးရွာဒေသခံ အရေအတွက်သည် တစ်‌ထောင်နီးပါးရှိပြီး အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် စားရေးသောက်ရေးဖြေရှင်း‌နေကြရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။