Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်းတွင် စစ်ကောင်စီတပ်က စစ်ရှောင် ၁၇ဦးဖမ်းဆီးပြီး ရှစ်ဦးကို သတ်ဖြတ်၊ လေးဦး ပျောက်ဆုံးနေ

ကောလင်းမြို့နယ် သစ်ဖုလှတောင်၌ အထိုင်ချထားသော စစ်ကောင်စီတပ်သည် မေလ ၂၈ရက်မှ ဇွန်လ ၃ရက်အထိ ခံသာတိုက်နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်သွားသည်ဟု သတင်းရရှိသည်။

(စစ်အာဏာရှင်ဆန့်ကျင်​ရေး ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သော ​ကောလင်းမြို့ခံများအား အကြမ်းဖက်စစ်​ကောင်စီလက်ပါး​စေများက ဖြိုခွင်းရန် ကြိုးပမ်း​နေသည်ကို ၂၀၂၁မတ်လအတွင်းက ​တွေ့ရစဥ်)
(စစ်အာဏာရှင်ဆန့်ကျင်​ရေး ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သော ​ကောလင်းမြို့ခံများအား အကြမ်းဖက်စစ်​ကောင်စီလက်ပါး​စေများက ဖြိုခွင်းရန် ကြိုးပမ်း​နေသည်ကို ၂၀၂၁မတ်လအတွင်းက ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ဘေးရှောင် အရပ်သား ၁၇ဦးဖမ်းဆီးပြီး ရှစ်ဦးအား သတ်ဖြတ်သွားကာ လေးဦးမှာ သတင်းအစအနပျောက်နေကြောင်း ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကောလင်းမြို့နယ် သစ်ဖုလှတောင်၌ အထိုင်ချထားသော စစ်ကောင်စီတပ်သည် မေလ ၂၈ရက်မှ ဇွန်လ ၃ရက်အထိ ခံသာတိုက်နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်သွားသည်ဟု သတင်းရရှိသည်။

“တောထဲမှာ စစ်ဘေးရှောင်နေတဲ့သူတွေကို သတ်သွားတာပါ။ ကျွန်တော်တို့က အဲ့နေရာကနေ ရှောင်နေဖို့ပြောတာကို စစ်ကြောင်းရောက်မလာနိုင်ဘူးဆိုပြီး ကပ်နေကြတဲ့သူတွေကို အဖမ်းခံရပြီး အသတ်ခံထားရတာ”ဟု ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အရပ်သား ၁၇ဦးကို ဖမ်းဆီးခံရပြီး ငါးဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း၊ သတ်ဖြတ်ခံရသည့် ရှစ်ဦး၏ ရုပ်အလောင်းကို ပြန်‌လည်တွေ့ရှိပြီး ကျန်လေးဦးမှာ ယနေ့(ဇွန်လ ၁၀ရက်)အထိ သတင်းအစအနပျောက်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းသည် သစ်ဖုလှတောင်ရှိ ၎င်းတို့ စခန်းသို့ ပြန်ရောက်ရှိနေပြီး လတ်တလောတွင် စစ်ရေးအခြေအနေ ငြိမ်သက်နေကြောင်း သတင်းရရှိသည်။

ကောလင်းမြို့နယ် ဥမင်ကုန်းကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၄ရက်က စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အထိအခိုက်များခဲ့သောကြောင့် လေကြောင်းနှင့် လက်နက်ကြီးအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။