Connect with us

Hi, what are you looking for?

သတင်း

ကောလင်းတွင် စစ်ကောင်စီတပ်က စစ်ရှောင် ၁၇ဦးဖမ်းဆီးပြီး ရှစ်ဦးကို သတ်ဖြတ်၊ လေးဦး ပျောက်ဆုံးနေ

ကောလင်းမြို့နယ် သစ်ဖုလှတောင်၌ အထိုင်ချထားသော စစ်ကောင်စီတပ်သည် မေလ ၂၈ရက်မှ ဇွန်လ ၃ရက်အထိ ခံသာတိုက်နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်သွားသည်ဟု သတင်းရရှိသည်။

(စစ်အာဏာရှင်ဆန့်ကျင်​ရေး ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သော ​ကောလင်းမြို့ခံများအား အကြမ်းဖက်စစ်​ကောင်စီလက်ပါး​စေများက ဖြိုခွင်းရန် ကြိုးပမ်း​နေသည်ကို ၂၀၂၁မတ်လအတွင်းက ​တွေ့ရစဥ်)
(စစ်အာဏာရှင်ဆန့်ကျင်​ရေး ငြိမ်းချမ်းစွာဆန္ဒပြ​နေ​သော ​ကောလင်းမြို့ခံများအား အကြမ်းဖက်စစ်​ကောင်စီလက်ပါး​စေများက ဖြိုခွင်းရန် ကြိုးပမ်း​နေသည်ကို ၂၀၂၁မတ်လအတွင်းက ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ဘေးရှောင် အရပ်သား ၁၇ဦးဖမ်းဆီးပြီး ရှစ်ဦးအား သတ်ဖြတ်သွားကာ လေးဦးမှာ သတင်းအစအနပျောက်နေကြောင်း ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကောလင်းမြို့နယ် သစ်ဖုလှတောင်၌ အထိုင်ချထားသော စစ်ကောင်စီတပ်သည် မေလ ၂၈ရက်မှ ဇွန်လ ၃ရက်အထိ ခံသာတိုက်နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်သွားသည်ဟု သတင်းရရှိသည်။

“တောထဲမှာ စစ်ဘေးရှောင်နေတဲ့သူတွေကို သတ်သွားတာပါ။ ကျွန်တော်တို့က အဲ့နေရာကနေ ရှောင်နေဖို့ပြောတာကို စစ်ကြောင်းရောက်မလာနိုင်ဘူးဆိုပြီး ကပ်နေကြတဲ့သူတွေကို အဖမ်းခံရပြီး အသတ်ခံထားရတာ”ဟု ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အရပ်သား ၁၇ဦးကို ဖမ်းဆီးခံရပြီး ငါးဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း၊ သတ်ဖြတ်ခံရသည့် ရှစ်ဦး၏ ရုပ်အလောင်းကို ပြန်‌လည်တွေ့ရှိပြီး ကျန်လေးဦးမှာ ယနေ့(ဇွန်လ ၁၀ရက်)အထိ သတင်းအစအနပျောက်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းသည် သစ်ဖုလှတောင်ရှိ ၎င်းတို့ စခန်းသို့ ပြန်ရောက်ရှိနေပြီး လတ်တလောတွင် စစ်ရေးအခြေအနေ ငြိမ်သက်နေကြောင်း သတင်းရရှိသည်။

ကောလင်းမြို့နယ် ဥမင်ကုန်းကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၄ရက်က စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အထိအခိုက်များခဲ့သောကြောင့် လေကြောင်းနှင့် လက်နက်ကြီးအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။