Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်တွင် KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲများ ဖြစ်ပွား

ယမန်နေ့ (ဇွန်လ ၁၁ရက်) ညပိုင်းက စစ်ကောင်စီတပ်၏ ကွတ်ခိုင်စစ်ဗျူဟာကို KIAက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုရှိခဲ့သည်ဟု ဆိုသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - အေပီ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - အေပီ)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံက ပြောသည်။

ယမန်နေ့ (ဇွန်လ ၁၁ရက်) ညပိုင်းက စစ်ကောင်စီတပ်၏ ကွတ်ခိုင်စစ်ဗျူဟာကို KIAက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုရှိခဲ့သည်ဟု ဆိုသည်။

“ကွတ်ခိုင်တော့ အသံတွေကြားတယ်။ အဖွဲ့ကတော့ KIA လို့ ပြောတာပဲ။ ဟိုနေ့ကလည်း နောင်ဆွေတို့မှာလည်း KIA အဖွဲ့နဲ့ပဲ။ နောင်ဆွေက ကွတ်ခိုင်ကနေ မူဆယ်ဘက်တက်တဲ့ဘက်ပေါ့။ ဟိုတစ်နေ့ကလည်း လားရှိုးဘက်ကလာရင် ကွတ်ခိုင်အဝင် လွိုင်ဆမ်ဆစ်မှာလည်း တွယ်ကြသေးတယ်တဲ့။ ကားတွေတောင်ခဏရပ်စောင့်ရသေးတယ်”ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနကလည်း ဇွန်လ ၁၀ရက်တွင် သတင်းထုတ်ပြန်ထားရာ KIA တပ်မဟာ(၄)နယ်မြေ ကွတ်ခိုင်အထက် နောင်ဆွေနှင့် မန်းလုံလမ်း၌ တပ်မ (၉၉)ဟု ယူဆရသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ကွတ်ခိုင်ဗျူဟာမှ ကားဖြင့်တက်လာသည့် စစ်ကောင်စီတပ်သည် အေးရှားဝေါလ်ဂိတ်မှ တဆင့် KIA တပ်ရှိရာနယ်မြေအတွင်း ဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

ယခု ဇွန်လဆန်းကပြုလုပ်ခဲ့သည့် ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ ရက္ခိုင်တပ်တော်(AA) သုံးဖွဲ့နှင့် စစ်ကောင်စီအကြား ဆွေးနွေးပွဲပျက်သွားပြီးနောက် ရှမ်းမြောက်တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှု၊ စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်လာ၍ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။