Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ယူကရိန်းရ​သောအကူအညီ​၏ ၁ ရာခိုင်နှုန်းရလျှင်ပင်လပိုင်းအတွင်း​အောင်ပွဲရယူနိုင်​ကြောင်း ဗိုလ်ချုပ်ဂွန်​မော်၊ ဦးမင်းကိုနိုင်၊ ဦးရည်မွန်တို့ နိုင်ငံတကာသိရန်ပူး​ပေါင်းစာ​ရေး

​NUG နှင့် KNU ၊ KIA တို့သည် စစ်​ရေးပူး​ပေါင်း​ဆောင်ရွက်​နေပြီး ကရင်နီ ၊ချင်းတိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် အနည်းဆုံး တိူင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့် ပူး​ပေါင်း​ဆောင်ရွက်​နေ​ကြောင်းလည်းနိူင်ငံတကာသို့​အသိ​ပေးထားသည်။

ဗိုလ်ချုပ်ဂွန်​မော်
ဗိုလ်ချုပ်ဂွန်​မော်

မြန်မာနိူင်ငံသည် ယူကရိန်းနိုင်ငံကဲ့သို့ နိုင်ငံတကာ၏ကူညီပံ့ပိုးမှုများ ထိုက်တန်ပြီး ၊ယူကရိန်းရ​သောအကူအညီများ၏ ၁ ရာခိုင်နှုန်းရလျှင် ​တော်လှန်​ရေးအင်အားစုများက စစ်​ကောင်စီကိုလပိုင်းအတွင်းအနိုင်ယူပြီး​အောင်ပွဲရယူနိုင်​ကြောင်း​တော်လှန်​ရေး​ခေါင်​ဆောင်များဖြစ်​သော ဗိုလ်ချုပ်ဂွန်​မော် ၊ ဦးမင်းကိုနိုင်နှင့် ဦးရည်မွန်တို့ကပူးပေါင်း၍ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု(USIP)တွင်​ဆောင်းပါး​ရေးသားတိုက်တွန်းလိုက်သည်။

အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု(USIP)၌ ယမန်နေ့က ဖော်ပြသည့် ‘Like Ukraine, Myanmar Deserves International Aid’ (ယူကရိန်းကဲ့သို့ပင် မြန်မာသည်လည်း နိုင်ငံတကာအကူအညီနှင့်ထိုက်တန်သည်) အမည်ဖြင့် လေ့လာဆန်းစစ်ချက်သဘောထားအမြင်ဆောင်းပါးတွင်၊KIO/KIA ခေါင်းဆောင်တစ်ဦးဖြစ်​​သောဗိုလ်ချုပ်ဂွန်မော်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ​ဦးမင်းကိုနိုင်နှင့် NUG ကာကွယ်​ရေးဝန်ကြီးဦးရည်မွန်တို့ကပထဆုံးအကြိမ် ပူး​ပေါင်း​ရေးသားထားခြင်းဖြစ် သည်။

ဦးမင်းကိုနိုင်
ဦးမင်းကိုနိုင်

​NUG နှင့် KNU ၊ KIA တို့သည် စစ်​ရေးပူး​ပေါင်း​ဆောင်ရွက်​နေပြီး ကရင်နီ ၊ချင်းတိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် အနည်းဆုံး တိူင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့် ပူး​ပေါင်း​ဆောင်ရွက်​နေ​ကြောင်းလည်းနိူင်ငံတကာသို့​အသိ​ပေးထားသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံတဝန်းရှိပြည်သူများသည် မြန်မာနိုင်ငံတွင် စစ်တပ်အုပ်ချုပ်ရေးကို ဘုံရန်သူအဖြစ်သတ်မှတ်ထားပြီး အရပ်သားအစိုးရအောက်တွင် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး ဘုံရည်မှန်းချက်ကို ကြိုးပမ်းတည်ဆောက်နေကြောင်း လည်း ရေးသားထားသည်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သူလူထုသည် စစ်အုပ်ချုပ်မှု အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် တစ်သံတည်းထွက်ကာ စည်းလုံးစွာကြိုးပမ်းချီတက်နေကြောင်း အထက်ပါဆောင်းပါးတွင် ဖော်ပြသည်။

မြန်မာပြည်သူများသည် တိုင်းတပါးတွင် အိမ်အကူလုပ်ခြင်းဖြင့်ရရှိသော ဝင်ငွေများကို တော်လှန်ရေးအတွက် ထည့်ဝင်ခြင်း၊ အညာဒေသတွင် စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ်ပိုင််ဆိုင်မှုများ ဆုံးရှုံးခဲ့ရသည့် အဖွားအိုများက ၎င်းတို့၏ နားကပ်များကို တော်လှန်ရေးရဲဘော်များကို လှူဒါန်းခြင်းများဖြင့် စစ်အာဏာရှင်ကို အလိုမရှိကြောင်း ပြသနေကြသည်။ မြန်မာပြည်သူများသည် မိမိကိုယ်ကို ကာကွယ်ရန် အိမ်လုပ်တူမီးသေနတ်မှလွဲ၍ ဘာမျှမရှိသော်လည်း ရနိုင်သမျှသော သတ္တုအစအနလေးများကို စုစည်းကာ ရရာလက်နက်များ စွဲကိုင်လာကြသည်။

ရုရှားထံမှ ရရှိသော စစ်ကောင်စီ၏ ခေတ်မီလက်နက်များ၊ နောက်ဆုံးပေါ်ဂျက်ဖိုက်တာများကို ရင်ဆိုင်ရသည့်တိုင် ၎င်းတို့ကို ပြန်လည်ခြိမ်းခြောက်နိုင်နေပြီဖြစ်သည်။ Kyiv(ယူကရိန်းသား)များသည် ၎င်းတို့ဆုံးရှုံးခဲ့ရသော နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် ပြန်လည်ထိုးစစ်ဆင်ရန် ပြင်ဆင်နေသကဲ့သို့ မြန်မာပြည်သူများသည်လည်း စစ်ကောင်စီခိုးယူထားသော မြေတစ်လက်မချင်းစီအတွက် ပြန်လည်တိုက်ခိုက်နေကြောင်း ဆောင်းပါး၌ ဖော်ပြသည်။NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်း​ကျော်ကို ထိန်းချုပ်ထားနိုင်​နေပြီဖြစ်​ကြောင်းလည်းအသိ​ပေးသည်။

ဦးရည်မွန်
ဦးရည်မွန်

သို့သော် မြန်မာနိုင်ငံတွင် မြန်ဆန်သောအောင်ပွဲရရှိရန် နိုင်ငံတကာအသိုင်းအဝန်း၏ အထောက်အပံ့၊ အကူအညီများ ရရှိရန် လိုအပ်နေသည်။ မြန်မာပြည်သူများသည် ယူကရိန်းပြည်သူများ ရရှိသော အကူအညီများနှင့် မနှိုင်းယှဥ်နိုင်ဘဲ ယူကရိန်းသို့ ကူညီထောက်ပံ့မှု၏ ၁ ရာခိုင်နှုန်းမျှသာရရှိပါက မြန်မာ့တော်လှန်ရေးအောင်မြင်မှုကို လပိုင်းအတွင်း ရရှိနိုင်မည်ဟု သက်သေပြနိုင်မည်ဟု ဆိုသည်။

လက်ရှိ မြန်မာ့တော်လှန်ရေးသည် သမိုင်းတွင် ထူးခြားပြီး နိုင်ငံတကာ၏ ပံ့ပိုးမှုနှင့် ထိုက်တန်ကြောင်း အထက်ပါခေါင်းဆောင်များကပြောသည်။ နှစ်​ပေါင်း ၇၀ ​ကျော်ကြာ စစ်ပွဲများဖြစ်ခဲ့​သော မြန်မာနိုင်ငံသည် ငြိမ်းချမ်း​ရေး၊ဒီမိုက​ရေစီနှင့် နိုင်ငံလွတ်လပ်ရန်အတွက် ယခုအ​ကြိမ်မှာအ​ကောင်းဆုံးနှင့် ​နောက်ဆုံးအခွင့်အ​ရေးလည်းဖြစ်နိုင်​ကြောင်းလည်း ​ရေးသားအသိ​ပေးထားသည်။

နိုင်ငံတကာ အသိုက်အဝန်းထံမှ ပံ့ပိုးကူညီမှု မည်သို့ပင်ရှိစေကာမူ မြန်မာပြည်သူများသည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရန် စိတ်ပိုင်းဖြတ်ထားမှုကို ယိမ်းယိုင်မည်မဟုတ်ဘဲ နိုင်ငံတကာ၏ အကူအညီရရှိပါက စစ်အာဏာရှင်စနစ်အား အချိန်တိုတိုအတွင်း အောင်ပွဲခံရန် သေချာပြီး ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး လျင်မြန်စွာ ပေါ်ထွန်းလာကာ တိုင်းပြည်နှင့် ဒေသတွင်း တည်ငြိမ်ရေး ပြန်လည်ထူထောင်ရေးတို့ကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ရေးသားထားသည်။

(ဗိုလ်ချုပ်ဂွန်​မော်၊ ဦးမင်းကိုနိုင်နှင့် ဦးရည်မွန်)

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

ယနေ့ ဖေဖော်ဝါရီ ၆ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက K3Cတိုင်းရင်းသားမဟာမိတ်များအကြား သဘောတူညီချက်များ ခိုင်မာစွာ ရရှိထားမှု အခြေအနေကို အသိပေးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီသည် နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုဗေဓ လက်နက်အဆိပ်ငွေ့ဗုံးအား လေယာဉ်မှ ပစ်ချကာ တိုက်ခိုက်ခဲ့မှုကို နိုဝင်ဘာ ၁၈ရက်နှင့် နိုဝင်ဘာ ၄ရက်တို့တွင် ပြုလုပ်ခဲ့သည်ဟု အသိပေးထားသည်။