Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကနိုင်ငံတစ်ဝန်း​နေအိမ်​ပေါင်း ၇၀,၀၀၀ ​ကျော်ကိုမီးရှို့ဖျက်ဆီးထား

ဧရာဝတီတိုင်းမှ လွဲ၍ တိုင်းနဲ့ပြည်နယ်အားလုံးတွင် စစ်ကောင်စီတပ်နှင့် အပေါင်းအပါများက ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းက ၅၃,၈၁၆ ဖြင့် အများဆုံးဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ ဒုတိယအများဆုံးမှာ မကွေးတိုင်းဖြစ်ပြီး အိမ်ခြေ ၁၀,၄၅၁ လုံး ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar က ဖော်ပြသည်။

စစ်တပ်ကနိုင်ငံတစ်ဝန်း​နေအိမ်​ပေါင်း ၇၀,၀၀၀ ​ကျော်ကိုမီးရှို့ဖျက်ဆီးထား
စစ်တပ်ကနိုင်ငံတစ်ဝန်း​နေအိမ်​ပေါင်း ၇၀,၀၀၀ ​ကျော်ကိုမီးရှို့ဖျက်ဆီးထား

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်း၏ အပေါင်းအပါများ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ မေ ၁ ရက်မှ ၂၀၂၃ မေ ၃၁ ရက်အထိ နိုင်ငံတဝန်းလူနေအိမ် ၇၀,၃၂၄ လုံး ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar က အစီရင်ခံထုတ်ပြန်သည်။

ဧရာဝတီတိုင်းမှ လွဲ၍ တိုင်းနဲ့ပြည်နယ်အားလုံးတွင် စစ်ကောင်စီတပ်နှင့် အပေါင်းအပါများက ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းက ၅၃,၈၁၆ ဖြင့် အများဆုံးဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ ဒုတိယအများဆုံးမှာ မကွေးတိုင်းဖြစ်ပြီး အိမ်ခြေ ၁၀,၄၅၁ လုံး ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar က ဖော်ပြသည်။

Data For Myanmar သည် နိုင်ငံတဝန်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုအခြေအနေကို ၂၀၂၁ မေလမှ စတင်ကာ လစဥ် တိုင်း၊ပြည်အလိုက်၊ မြို့နယ်အလိုက် မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများ၊ အိမ်ခြေအရေအတွက်ကို စာရင်းကောက်ယူ မှတ်တမ်းတင်ထားသည်။ စစ်ကောင်စီတပ်သားများနှင့် အပေါင်းအပါများကျူးလွန်သော ကျေးရွာတည်နေရာ လက်တီကျု၊ လောင်ဂျီကျု အမှတ်အသား များကိုလည်း Data For Myanmar က အတိအကျဖော်ပြသည်။

Public Service Announcement
Public Service Announcement

စစ်ကိုင်းနှင့် မကွေးတိုင်းတို့ နောက်တွင် ချင်းပြည်နယ်က ၁၆၃၇၊ ကချင်ပြည်နယ်က ၁၃၇၈၊ မန္တလေးတိုင်းက ၁၂၀၆၊ တနင်္သာရီတိုင်းက ၆၄၀၊ ကရင်နီပြည်နယ်က ၄၂၁၊ မွန်ပြည်နယ်က ၂၂၉၊ ရှမ်း(တောင်)က ၁၈၇၊ ကရင်ပြည်နယ်က ၁၅၄၊ ပဲခူး(အရှေ့)က ၁၃၂၊ ပဲခူး(အနောက်)က ၅၅၊ ရခိုင်ပြည်နယ်က ၁၃၊ ရှမ်း(မြောက်)က ၄ နှင့် ရန်ကုန်တိုင်းက ၁ လုံး စသဖြင့် ပြည်သူလူထု၏ နေအိမ်များကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(ဇွန်လ ၁၃ ရက်)ကပင် စစ်ကိုင်းမြို့နယ် ဆားတောင်မြို့ သာဇင်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မီးရှို့မှုကြောင့် အိမ်ခြေ ၆၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ရှောင်ပြည်သူများအတွက် အရေးပေါ်ကူညီရန်လိုအပ်နေကြောင်း Sagaing District Medical Team အဖွဲ့က အသိပေးသည်။ ယနေ့အထိလည်း သာဇင်ရွာကို စစ်အုပ်စုက ဆက်လက်မီးရှို့နေကြောင်း ဒေသခံအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။