Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ရဟတ်ယာဉ် နေပြည်တော် လယ်ဝေးမှာ ပျက်ကျပြီး ၂ ဦးသေဆုံး

မြေပြင်တိုက်ပွဲ​တွေမှာ သေဆုံး၊ဒဏ်ရာရမှု​တွေများပြီးအထိနာ​နေတဲ့ စစ်ကောင်စီတပ်ဟာ နိုင်ငံတစ်ဝန်းလေ ကြောင်းတိုက်ခိုက်မှုလစဥ် ရာနှင့်ချီ အသုံးပြု​နေတာဖြစ်ပါတယ်။

(၂၀၂၂ ခုနှစ်မတ်လက ချင်းပြည်နယ်၊ဟားခါးမှာ စစ်ကောင်စီရဟတ်ယာဉ်ပျက်ကျစဉ်(ပုံဟောင်း)ဓါတ်ပုံ-CJ)
(၂၀၂၂ ခုနှစ်မတ်လက ချင်းပြည်နယ်၊ဟားခါးမှာ စစ်ကောင်စီရဟတ်ယာဉ်ပျက်ကျစဉ်(ပုံဟောင်း)ဓါတ်ပုံ-CJ)

စစ်ကောင်စီလေတပ်ရဲ့ လေ့ကျင့်ရေးရဟတ်ယာဉ် တစ်စီး ဒီနေ့ ဇွန်လ ၁၅ ရက်မနက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့နယ်ထဲမှာ ပျက်ကျပြီးလို့ ရဟတ်ယာဉ်မှူးနဲ့ သင်တန်းသား သေဆုံးသွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

“သေတာ ရဟတ်ယာဥ်မှူး နဲ့သင်တန်းသားဗိုလ်လို့ပြောတယ်။နေပြည်တော် စစ်ဆေးရုံကို နေ့လည်ပိုင်းက အလောင်းတွေသယ်သွားတယ်။ဘယ်သူမှ အနားကပ်လို့မရခဲ့ဘူး”ဟု လယ်ဝေးမြို့ခံတစ်ဦးက ပြော သည်။

ရဟတ်ယာဉ်မှူးနဲ့ သင်တန်းသား တို့လိုက်ပါလာတဲ့ လေ့ကျင့်ရေးရဟတ်ယာဉ်ဟာ နေပြည်တော်ကနေ မိထ္ထီလာကို လေ့ကျင့်ပျံသန်းနေချိန် နေပြည်တော် ၊လယ်ဝေးမြို့နယ် ထဲက လယ်ဒါကြီးရွာရဲ့ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာမှာ စက်ချို့ယွင်းပြီး ပျက်ကျတာလို့ စစ်ကောင်စီက ဆိုထားပါတယ်။

အဲဒီရဟတ်ယာဉ် ပျက်ကျမှုမှာ ရဟတ်ယာဉ်မှူးရောသင်တန်းသားပါ သေဆုံးပြီး အလောင်းတွေကို စစ်ဆေးရုံဆီ ပို့ဆောင်မယ်လို့ စစ်ကောင်စီသတင်းမှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

” မြေပြင်သို့ ပြုတ်ကျမှုဖြစ်ပွားခဲ့သည်” လို့ စစ်ကောင်စီရုပ်သံကလည်းထုတ်ပြန်ပါတယ်။ အဆိုပါအသုံးအနှုန်းကို ရယ်စရာကောင်းသည်ဟု ပြည်သူ​တွေကမှတ်ချက်ပြု​နေကြတာလည်းတွ့ရပါတယ်။

Public Service Announcement
Public Service Announcement

“(စစ်ကောင်စီရဟတ်ယာဥ်)ပျက်ကျတယ်ဆိုတာတော့ ကြားမိတယ်ဗျ။ PDF တွေကတော့ ပစ်မချနိုင်သေးပါဘူး။ ကြိုးစားရမှာပေါ့”ဟု နေပြည်တော်အခြေစိုက်တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

စစ်တပ်ရဟတ်ယာဥ်ပျက်ကျခဲ့ပြီး​နောက် အဆိုပါနေရာကို သွားတဲ့လမ်းကို စစ်ကောင်စီတပ်ကပိတ်ထားတယ်လို့လယ်ဝေးဒေသခံ​တွေကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ​ဖေ​ဖော်ဝါရီ ၁၆ရက်ကလည်း စစ်ကောင်စီရဲ့ Nanchang A-5C Fantan တိုက်လေယာဉ်တစ်စီး စစ်ကိုင်းမြို့နယ် ၊ရေမျက်ကြီးအင်းထဲပျက်ပြီး တိုက်လေယာဉ်မှူးသေဆုံးထားပါသေးတယ်။

ဒါအပြင် ၂၀၂၂ ခုနှစ် မတ်လအတွင်းကလည်း စစ်ကောင်စီ၏ စစ်ဘက်သုံးရဟတ်ယာဥ်တစ်စင်းဟာဟားခါးမြို့မှာ ပျက်ကျခဲ့တဲ့အတွက် စစ်ဘက်နဲ့အရပ်ဘက်မှ NON-CDM ဝန်ထမ်းငါးဦး ထိခိုက်ဒဏ်ရာ​တွေရရှိပြီး​တော့ ရဟတ်ယာဥ်ပျက်စီးခဲ့ပါတယ်။

ဒါ​ကြောင့်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတိုက်လေယာဥ်၊သယ်ယူပို့ဆောင်ရေးလေယာဥ်နဲ့ ရဟတ်ယာဥ် ပျက်ကျမှုမှာ ယခုအကြိမ်အပါအဝင် သုံးကြိမ် ရှိပြီဖြစ်ပါတယ်။

မြေပြင်တိုက်ပွဲ​တွေမှာ သေဆုံး၊ဒဏ်ရာရမှု​တွေများပြီးအထိနာ​နေတဲ့ စစ်ကောင်စီတပ်ဟာ နိုင်ငံတစ်ဝန်းလေ ကြောင်းတိုက်ခိုက်မှုလစဥ် ရာနှင့်ချီ အသုံးပြု​နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် စစ်တပ် ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း စွပ်စွဲပြီး အီရန်ကို အမေရိကန်က စစ်ရေးအရ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နိုင်ငံ ကမ်းလွန်က ဟောမုဇ်ရေလက်ကြားနားမှာ အမေရိကန် စစ်တပ်ရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။